မန္တလေး၊ နိုဝင်ဘာ ၈
မန္တလေးမြို့တော် စာချုပ်စာတမ်းမှတ်ပုံတင် ရုံးသို့ မှတ်ပုံတင်သွင်းလာသည့် အိမ်၊ခြံ၊မြေအရောင်း အဝယ်စာချုပ်စာတမ်းများကို ယခုလ၁ ရက်မှစ၍ မန္တလေးတိုင်းဒေသကြီ ကာလတန်ဖိုးစိစစ်သတ် မှတ်ရေးအဖွဲ့က စိစစ်သတ်မှတ်ပြီး သတ်မှတ် သည့် တန်ဖိုးအပေါ် ကျသင့်သည့်အခွန်အခများ ထမ်းဆောင်ပြီးမှသာ လက်ခံမှတ်ပုံတင်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း စာချုပ်စာတမ်းမှတ်ပုံတင် ရုံးက အသိပေးကြေညာထားသည်။
မန္တလေးမြို့၌ ယခုလ ၃၁ရက်အထိ မြေ စာရင်းဦးစီးဌာနတွင် ယာယီစာချုပ်ချုပ်ဆိုကာ အိမ်၊ခြံ၊မြေတန်ဖိုးစိစစ်ရေးကော်မတီသို့ တင်ပြ ပြီး တန်ဖိုးသတ်မှတ်ကာ အခွန်တံဆိပ်ခေါင်းကပ် ၍ အရောင်းအဝယ်မှတ်ပုံတင်ပေးသည်။ပြောင်း လဲလိုက်သောစနစ်အရ အိမ်၊ခြံ၊မြေ ရောင်းဝယ် ရာတွင် အခွန်ငွေကို ထည့်သွင်းတွက်ချက်ရမည် ဖြစ်သဖြင့် အိမ်၊ခြံ၊မြေ အရောင်းအဝယ်ဈေးကွက် အေးသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေဝန်ဆောင်မှုအသင်း(မန္တလေးတိုင်းဒေသကြီး) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး အိမ်၊ခြံ၊မြေတန်ဖိုး စိစစ်ရေးအဖွဲ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင် သာယာ၊တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ စီမံကိန်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ ကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းထားပြီး မြို့နယ်အလိုက် အိမ်၊ခြံ၊မြေ ကာလတန်ဖိုးစိစစ်သတ်မှတ်ကာ အခွန်ထမ်း ဆောင်စေပြီး မန္တလေးမြို့တော်စာချုပ်စာတမ်းရုံးမှ မှတ်ပုံတင်ဆောင်ရွက်ပေးကြောင်း သိရသည်။
သီဟကိုကို(မန္တလေး) The Union Daily