Home » » ထွန်​တုံး​တိုက်​ပွဲဝင် ​လယ်​သ​မား ၂၃ ​ဦး ​တ​ရား​စွဲ​ဆို​ခံ​ရ

ထွန်​တုံး​တိုက်​ပွဲဝင် ​လယ်​သ​မား ၂၃ ​ဦး ​တ​ရား​စွဲ​ဆို​ခံ​ရ

Written By Unknown on Tuesday, November 26, 2013 | 6:47 PM

ရန်​ကုန် ​ဒ​ဂုံ​မြို့​သစ်(​ဆိပ်​ကမ်း​)​မြို့​နယ်​က  ​ထွန်​တုန်း​တိုက်​ပွဲဝင်​ခဲ့​တဲ့ ​လယ်​သ​မား ၂၃ ​ဦး​ကို Asia World ​ကု​မ္ပ​ဏီ ​တ​ဖြစ်​လည်း​    Green Asia ​ကု​မ္ပ​ဏီ​က​နေ​ပြီး​  ​ပုဒ်​မ ၄၄၇ ​နယ်​မြေ​ကျူး​ကျော်​မှု​နဲ့ ​တ​ရား​စွဲ​ဆို​လိုက်​ပါ​တယ်။

ဒ​ဂုံ​ဆိပ်​ကမ်း​မြို့​နယ် ​ညောင်​ပင်​ကျေး​ရွာ​အ​ပါ​အ၀င် ​ကျေး​ရွာ​ပေါင်း ၉ ​ရွာ​က ​လယ်​ဧ​က ​တ​သောင်း ​ကျော်​ကို  ​အေ​ရှား​ဝေါလ်​ကု​မ္ပ​ဏီ​အ​ပါ​အ၀င် ​ကု​မ္ပ​ဏီ ၁၆ ​ခု​က​နေ​ပြီး ​အ​ကျိုး​တူ ​ပူး​ပေါင်း ​ဆောင်​ရွက် ​ဖို့​ဆို​ပြိး ၂၀၀၈ ​ခု​နှစ်​က ​ဒေ​သ​ခံ​လယ်​သ​မား​တွေ​ကို  ​ကမ်း​လှမ်း​ခဲ့​ပါ​တယ်။

ကမ်း​လှမ်း​ချိန်​က ​ရှုံး​သည်​ဖြစ်​စေ၊ ​မြတ်​သည်​ဖြစ်​စေ (၃ ​နှစ်​တာ​ကာ​လ​သာ ​လုပ်​ကိုင် ​ဆောင်​ရွက်​မည်​ဖြစ်​ကြောင်း​၊  ​ထို​ကာ​လ​ကျော်​လွန်​ပါ​က ​မိ​မိ​တို့ ​လယ်​ယာ​မြေ​များ​မှ ​ကု​မ္ပ​ဏီ​များ ​ထွက်​ခွာ​ပြီး ​လယ်​သ​မား​တွေ​ကို ​လယ်​ယာ​လုပ်​ခွင့်​ပြန်​ပေး​မယ်​ဆို​ပြီး ​ကမ်း​လှမ်း​ခဲ့​တာ​လို့​  ​လယ်​သ​မား​တွေ​က ​ပြော​ပါ​တယ်။

ဒါ​ပေ​မယ့်​  ၂၀၀၉ ​ခု​နှစ်​မှာ ​လယ်​သ​မား​တွေ​ကို ​လယ်​လုပ်​ခွင့်​မ​ပေး​တဲ့​အ​ပြင်  ​ကု​မ္ပ​ဏီ​တွေ​က ​လယ်​သ​မား​တွေ​ကို ​မောင်း​ထုတ်​ခဲ့​ပါ​တယ်။   ​လယ်​သ​မား​တွေ​က​လည်း ၂၀၁၂ ​ခု​နှစ် ​အ​စိုး​ရ​သစ် ​လက်​ထက်​ကျ​မှာ  ​သူ​တို့​ပိုင် ​လယ်​မြေ​ထဲ​ကို ​ပြန်​လည်​သွား​ရောက်​ပြီး ​လယ်​ယာ​မြေ​တွေ​ပြန်​ရ​ရေး​  ​ထွန်​တုန်း​တိုက်​ပွဲဝင်​တဲ့​အ​တွက် ​ကု​မ္ပ​ဏီ​က ​ပိုင်​နက်​ကျုး​လွန်​မှု​နဲ့ ​တ​ရား​စွဲ​ဆို​တာ​ဖြစ်​ပါ​တယ်။

ဒီ​က​နေ့ ​လယ်​သ​မား​တွေ​ကို   ​ဒ​ဂုံ​တောင် ​ဆိပ်​ကိမ်း​မြို့​နယ် ​တ​ရား​ရုံး​မှာ Green  Asia ​ကု​မ္ပ​ဏီ​က ​မန်​နေ​ဂျာ  ​ဦး​ညွန့်​ဦး​ခိုင်​ဆို​သူ​က  ​တ​ရား​လို​လုပ်​ပြီး ​တ​ရား​စွဲ​ဆို​တာ​လို့​  ​လယ်​သ​မား​တွေ​ရဲ့ေ​ရှ့​နေ ​ကို ​ဖိုး​ဖြူ​က ​ပြော​ပါ​တယ်။

“​အ​ခု ​သုံး​နှစ်​တာ ​ကာ​လ​ကို ​ကျော်​လွန်​သွား​ပြီး​ဖြစ်​တဲ့​အ​တွက်​ကြောင့် ​ကျ​နော်​တို့ ​အ​တွက်​က ​လယ်​ယာ​မြေ​တွေ​ကို ​ပြန်​လည် ​လုပ်​ဖို့​အ​တွက် ​သ​ဘော​တူ​ခဲ့​တဲ့ ​ပ​ဋိ​ညာ​ဉ်​သက်​တမ်း ​ကုန်​ဆုံး​သွား​ပြီ​ဖြစ်​ခြင်း​ကြောင့်​  ​လယ်​ယာ​မြေ​တွေ​ကို ​မူ​လ ​လက်​ငုတ်​အ​ခြေ​အ​နေ​အ​တိုင်း​ပဲ ​ပြန်​လည် ​အ​ကျိုး​ခံ​စား​တဲ့ ​အ​နေ​နဲ့ ​စိုက်​ပျိုး​ထွန်​ယက်​တာ ​သုံး​သီး​စား​တောင် ​ရောက်​နေ​ပြီ။ ​သုံး​သီး​စား​တောင်​ရောက်​နေ​တဲ့ ​အ​ခြေ​အ​နေ ​မှာ ​အ​ခု ​အေး​ရှား​ဝေါ ​ကု​မ္ပ​ဏီ​က​နေ ​တောင်​သူ ​လယ်​သ​မား ၂၃ ​ဦး​ကို ​အ​မှု​ပေါင်း ၇ ​မှု​နဲ့ ​တ​ရား​စွဲ​တယ်။ ​အ​ကျိုး​တူ ​ပ​ဋိ​ညာ​ဉ် ​သက်​တမ်း​ကာ​လ ​ကုန်​ဆုံး​သွား​လို့ ​ကိုယ့်​လယ်​ကိုယ်​စိုက်​တာ​ဟာ ​အ​ပြစ်​မ​ဟုတ်​ဘူး​လို့ ​ကျ​နော်​တို့ ​ဥ​ပ​ဒေ​ကြောင်း​အ​ရ ​မြင်​မိ​တယ်။ ​နောက်​တ​ချက်​က ​တောင်​သူ​လယ်​သ​မား​တွေ ​ဘက်​က ​အ​ကျိုး​တူ ​လယ်​ယာ​လုပ်​ငန်း​လုပ်​မယ်​လို့ ​ပြော​ပြီး ​လယ်​ယာ​တွေ​ကို ​လိမ်​လည် ​ရ​ယူ​ခဲ့​တယ်​လို့ ​အ​မှု​ဖွင့်​စ​ဉ်​တုန်း​က​တော့ ​အ​မှု​မ​ဖွင့်​ပေး​ခဲ့​ဘူး​။ ​ရဲ​စ​ခန်း​က​လည်း ​မ​ဖွင့်​ပေး​ဘူး​။ ​တ​ရား​ရုံး​က​လည်း ​မ​ဖွင့်​ပေး​ဘူး​။ ​ဒါ​ပေ​မယ့်​လို့ ​ကု​မ္ပ​ဏီ​တွေ​က ​ကျူး​ကျော်​မှု​နဲ့ ​အ​မှု​ဖွင့်​တဲ့​အ​ခါ​မှာ ​အ​မှု​ပွင့်​သွား​တယ်။ ​ဒါ​တွေ​ကို ​ကြည့်​ခြင်း​အား​ဖြင့် ​တောင်​သူ​လယ်​သ​မား​တွေ​ဟာ ​ဥ​ပ​ဒေေ​ရှ့​မှောက်​မှာ ​တန်း​တူ ​အ​ခွင့်​အ​ရေး ​မ​ရ​ဘူး​လို့ ​မြင်​မိ​ပါ​တယ်။”

လယ်​သ​မား​တွေ​ဘက်​က​လည်း ​ပြန်​လည်​တ​ရား​စွဲ​ဆို​တာ​တွေ​ရှိ​ပေ​မယ့်​  ​တ​ရား​ရုံး​က ​လက်​ခံ​တာ ​မ​ရှိ​ဘဲ ​ကု​မ္ပ​ဏီ​က ​စွဲ​ဆို​မှု​ကို​ပဲ  ​လက်​ခံ​ခဲ့​တာ​ဖြစ်​တဲ့​အ​ကြောင်း​နဲ့ ​ခု​လို  ​တ​ရား​စွဲ​ဆို​မှု​ကို ​လက်​မ​ခံ​နိုင်​ဘူး​လို့​လည်း ​လယ်​သ​မား​တွေ​က ​ပြော​ပါ​တယ်။

တ​ရား​စွဲ​ခံ​ရ​တဲ့​လယ်​သ​မား ​ဦး​မြင့်​အောင် ​က “​ကျ​နော်​တို့ ​လယ်​တွေ​မှာ ​သူ​တို့​က ​လယ်​ယာ​လုပ်​ငန်း​လုပ်​တာ ​မ​အောင်​မြင်​ဘူး​။ ​မ​အောင်​မြင်​တဲ့​အ​ပေါ်​မှာ ​ကျ​နော်​တို့ ​သူ​တ၀က်​ကိုယ်​တ၀က်​လုပ်​ဖို့​ကော ​လယ်​တွေ​ကို ​လွတ်​လပ်​စွာ ​လုပ်​ကိုင်​စား​သောက်​ခွင့် ​တောင်း​ဆို​တာ ​မ​ရ​ဘူး​။ ​မ​ရ​တော့ ​ထွန်​တုံး​တိုက်​ပွဲဝင်​တယ်။ ​တိုက်​ပွဲဝင်​တဲ့​အ​ခါ​မှာ​လည်း ​တ​ရား​ရ​စွဲ​ဆို​ခံ​ရ​မှု​က​လည်း ​တ​ကယ်​တမ်း ​ကျ​နော်​တို့​က ​မူ​လ ​လယ်​ပိုင်​ရှင်​တွေ​ကို ​ကျူး​ကျော်​တယ်​လို့ ​ပြော​တာ​ကို ​ဘယ်​လို ​လက်​ခံ​ရ​မ​လဲ​ဗျာ။” ​လို့ ​ပြော​ပါ​တယ်။

၂၀၀၈ ​ခု​နှစ် ​နှစ်​ကုန်​ပိုင်း​က ​သ​မ္မ​တ ​ဦး​သိန်း​စိန် ၀န်​ကြီး​ချုပ်​အ​ဖြစ် ​တာဝန်​ထမ်း​ဆောင်​စ​ဉ်​က ​ဒီ​ဒေ​သ​ကို ​ကိုယ်​တိုင်​သွား​ရောက်​ပြီး​  ​ကု​မ္ပ​ဏီ​တွေ​နှင့် ​ဒေ​သ​ခံ​တောင်​သူ ​လယ်​သ​မား​တွေ ​ပူး​ပေါင်း​ဆောင်​ရွက်​ကြ​ဖို့ ​တိုက်​တွန်း​သွား​ပြီး​  ​လယ်​မြေ​တွေ​ကို  ​သိမ်း​ယူ​မှာ ​မ​ဟုတ်​ကြောင်း​  ​ထည့်​သွင်း ​က​တိ​ပြု​သွား​ခဲ့​တယ်​လို့​လည်း ​ဒီ​အ​မှု​နဲ့ ​ပတ်​သက်​တဲ့ ​လယ်​သ​မား​တွေ​ရဲ့ ​ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

By ​နော်​နို​ရင်း​(ဒီဗွီဘီ)