Home » » ရန်ကုန်မြို့ တွင်းရှိ လမ်းဘေး စားသောက်ဆိုင်များ ကျန်းမာရေး သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးမည်

ရန်ကုန်မြို့ တွင်းရှိ လမ်းဘေး စားသောက်ဆိုင်များ ကျန်းမာရေး သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးမည်

Written By Unknown on Tuesday, November 5, 2013 | 3:04 PM

ရန်ကုန် ၊ ၅-၁၁-၂၀၁၃

ရန်ကုန်မြို့တွင်း လမ်းဘေး စားသောက်ဆိုင် များကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ ၊ မရှိကို ယခုလကုန် တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း '' မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ''မှ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနက စားသောက်ဆိုင်များ ၊ အစားအစာ ရောင်းချသည့် ဆိုင်များကို ကျန်းမာရေး နှင့် ကိုက်ညီမှု ရှိစွာ ရောင်းချ နိုင်ရန် လိုက်နာရမည့် စည်းကမ်း ချက်များ ထုတ်ပြန် ထားရာ ရန်ကုန်မြို့ တွင်းရှိ လမ်းဘေး ရောင်းချ လျက်ရှိသော စားသောက်ဆိုင် အများစုမှာ လိုက်နာမှု မရှိသောကြောင့် ရောဂါ ဖြစ်ပွားမှုနှုန်း များကိုလည်း တွေ့ရှိသဖြင့် စစ်ဆေးမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

''  ရန်ကုန်မှာ မသန့်ရှင်းတဲ့ လမ်းဘေး စားသောက်ဆိုင် တွေက ရောင်းတဲ့ အစားအစာ တွေကိုစားလို့ ဝမ်းရောဂါတွေ အပြင် အစာ အဆိပ်သင့်တဲ့ ရောဂါတွေ ဖြစ်တာ ကိုတွေ့ရတယ် ၊ တစ်လောက ဆိုရင် စင်ကာပူက အလည်လာတဲ့ ကျောင်းသားတွေ လမ်းဘေး စားသောက်ဆိုင် တွေမှာစားလို့ အစာ အဆိပ်သင့် တာတွေ ဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာန က နောက်ဒါမျိုးတွေ မဖြစ်ရအောင် စစ်ဆေး စေချင်တဲ့ အတွက် အသင်း အနေနဲ့ ဆောင်ရွက် ရတာပါ . . .  '' ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ထိုကဲ့သို့ စစ်ဆေးမှု များကို လမ်းဘေး ဈေးသည်များ ၊ စားသောက်ဆိုင် (ပုံ)များ အများဆုံး ရှိသည့် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အပြင် လှိုင် ၊ အင်းစိန် မြို့နယ် တို့တွင်လည်း စစ်ဆေးမည် ဖြစ်ကြောင်း ၊ ကနဦး အနေဖြင့် စစ်ဆေးတွေ့ရှိ ပါက ပညာပေးမှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း ပညာပေး ကာလ ပြီးဆုံး၍ ထပ်မံစစ်ဆေး တွေ့ရှိပါက ရောင်းချခွင့် လိုင်စင်များကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

The Myawady Daily