Home » » ပုဂ္ဂလိက ကိုယ်ပိုင်မီးစက်များ ဖယ်ရှားရှင်းလင်းမည်

ပုဂ္ဂလိက ကိုယ်ပိုင်မီးစက်များ ဖယ်ရှားရှင်းလင်းမည်

Written By Unknown on Tuesday, November 19, 2013 | 4:06 PM

ပုဂ္ဂလိက ကိုယ်ပိုင်မီးစက်များအား လူသွားစင်္ကြံနှင့် လမ်းနယ်နမိတ်တို့ တွင် ချထားသုံးစွဲခွင့်ပြုခဲ့ရာမှ မကြာမီ ဖယ်ရှားရှင်းလင်းတော့မည်ဖြစ်၍ ရန် ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာဌာန( လမ်းနှင့်တံ တား)မှ သက်ဆိုင်သူများအား နိုဝင်ဘာ (၁၁)ရက်နေ့က အသိပေးနှိုးဆော်ထား ကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီသည် မြို့တော်နေပြည်သူ များ လျှပ်စစ်မီးသုံးစွဲရန် အဆင်ပြေစေ ရေးအတွက် လူသွားစင်္ကြံများ၊ လမ်းဧရိ ယာများအတွင်းတွင် မီးစက်များချထား မှုအပေါ် နှစ်စဉ်ကြေးကောက်ခံ၍ ယာယီခွင့်ပြုထားပြီး လက်ရှိ အခြေအနေတွင် ရန်ကုန်မြို့တော်အ တွင်းယာဉ်စီးရေ တိုးတက်များပြားလာ ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ် လာခြင်းတို့ကြောင့် လူသွားစင်္ကြံနှင့် လမ်းနယ်နိမိတ်အတွင်း မီးစက်များအား ထပ်မံချထားခွင့် မပြုသည့်အပြင် နှစ်စဉ်ကြေးကောက်ခံခြင်းအား ယာယီ ရပ်ဆိုင်းထားကြောင်း ၎င်းင်းဌာနမှ သိရ သည်။

အများပြည်သူအသုံးပြုရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ယာဉ်ရပ်နားရန်နေရာ များ ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ၍ လူသွားစင်္ကြံနှင့် လမ်းဧရိယာအတွင်း ရှိ မီးစက်များအား ဖယ်ရှားရှင်းလင်းပေး ရန် လိုအပ်လာမည်ဖြစ်၍ ကြိုတင်ပြင် ဆင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါ ရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း နှင့်တံတား)က ပုဂ္ဂလိက လုပ်ငန်းရှင် မီးစက်ပိုင်ရှင်များအား အသိပေးနှိုး ဆော်ထားကြောင်းသတင်းရရှိသည်။

ကျော်ဝဏ္ဏ

ပို့ဆောင်ရေးသတင်းဂျာနယ်