Home » » မင်းကိုနိုင်ဟောပြောပွဲတွင် တက်ရောက်သူများ ကိုယ်ရေးအချက်အလက် စရဖ စုဆောင်း

မင်းကိုနိုင်ဟောပြောပွဲတွင် တက်ရောက်သူများ ကိုယ်ရေးအချက်အလက် စရဖ စုဆောင်း

Written By Unknown on Monday, November 4, 2013 | 2:29 PM

ရန်ကုန်၊ နိုဝင်ဘာ ၎

ကယားပြည်နယ် လွိုင်ကော်မြို့ တွင်မြို့ခံ လူငယ်များ ဦးစီးကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောပွဲတွင် တက်ရောက်လာသူများ ကိုယ်ရေးအချက်အလက်များကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှ လိုက်လံစုဆောင်းမှု ပြုလုပ်နေကြောင်း ဟောပြောပွဲတက်လာသော ဒေသခံများထံမှ သိရသည်။

အဆိုပါ ဟောပြောပွဲနှင့် ပတ်သတ်သော အချက်အလက်များ စုဆောင်းသည့်အပြင် တက်ရောက်လာသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံမှုကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ကိုယ်ရေးအချက်အလက်ပေးခဲ့ရသည့် လွိုင်ကော်မြို့ ဒေသခံ ကိုခွန်းအဘန်းက ပြောကြားသည်။

ယင်းဟောပြောပွဲ ဖြစ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY)နှင့် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) တို့၏ အဖွဲ့ဝင်များ ကိုယ်ရေးအချက် အလက်များ ပေး ရန် စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) က အောက်တိုဘာ၎ရက်နေ့မှာ လာရောက်ပြီး ပြောဆိုသွားခဲ့ ကြောင်း ၎င်းက ဆိုသည်။

“လူငယ်နဲ့ပညာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ စာပေဟောပြောပွဲကို လူငယ်အသင်းအဖွဲ့တွေ လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက်မှာရှိတဲ့ ကက်သလစ်အသင်းတော် ဓမ္မာရုံ မှာ ပြုလုပ်ခဲ့ပြီးနောက်မှ အာဏာပိုင်တွေက လာရောက်တောင်းခံနေတာပါ ” ဟု ၎င်းကရှင်းပြသည်။

၈၈မျိုးဆက်ကျောင်းသားများဖြစ်သည့် ဦး မင်းကိုနိုင်၊ ဦးဂျင်မီ နှင့် ဘလော့ဂါ နေဘုန်းလတ် တို့က အောက်တိုဘာ၂၉ရက်နေ့တွင် ဟောပြောသွားပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာ ဆရာချစ်ဦးညို၊ ဆရာမောင်သာချို နှင့် ဆရာမ နုနုရည်(အင်းဝ) တို့ ဟောပြောသွားခဲ့သည်။

“ အာဏာပိုင်တွေက မြို့တော်ခန်းမ မှာ ပွဲလုပ်ဖို့ ငြင်းပယ်လိုက်ပြီး၊ ကက်သလစ်ဓမ္မာရုံမှာ ပြုလုပ်မှာကိုလည်း သာသနာ့နယ်မြေမှာ စာပေဟောပြောပွဲ ပြုလုပ်ခွင့်မပေးနိုင်ဘူးလို့ ပိတ်ပင်တားဆီးခဲ့ပါတယ်။ ဒါပေမယ့် လူငယ်တွေက အဲဒီ ကက်သလစ်ဓမ္မာရုံမှာ စာပေဟောပြောပွဲ ဖြစ်မြောက်အောင်ပြုလုပ်ခဲ့ကြပါတယ်” ဟု ကယန်းမျိုးဆက်သစ်လူငယ်အတွင်းရေးမှူးကို ခွန်းအသန်းကပြောကြားသည်။

UKSနှင့် KNGY တို့၏ ရုံးမှာလာပြီး ကိုယ်ရေးအချက်အလက်ဖြည့်ဖို့ ဖောင်ပုံစံစာရွက်တွေ ပါလာ ကြောင်း UKSY နှင့် KNGY က အချက်အလက်တွေဖြည့်ဖို့ ငြင်းဆန်ထားကြောင်း သိရသည်။

ရေးသားသူ-ဇေနွေထွန်း
တည်းဖြတ်သူ-နီတိုး

People power