Home » » မုန်တိုင်းအခြေအနေပထမအဆင့်သတ်မှတ်လိုက်သည့် မလေးရှားနိုင်ငံ

မုန်တိုင်းအခြေအနေပထမအဆင့်သတ်မှတ်လိုက်သည့် မလေးရှားနိုင်ငံ

Written By Unknown on Sunday, November 10, 2013 | 4:43 PM

သောကြာနေ့အစောပိုင်းက ဖီလစ်ပိုင်ငံ အလယ်ပိုင်းကိုတိုက်ခတ်ခဲ့တဲ့ အားပြင်းတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် ကြောင့်မလေးရှားနိုင်ငံတွင်းကသင်္ဘောတွေကိုအဂါင်္နေ့အထိကုန်းတွင်းပိုင်းမှာပဲနေဖို့ သတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။  မလေးရှား မိုးလေ၀သဋ္ဌာန က တော့ အားပြင်းမုန်တိုင်း ဟိုင်ယန်ကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ ဖယ်ရီလုပ်ငန်း တို့အပါအ၀င်သင်္ဘောနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကိုများစွာ ထိခိုက်နိုင်ကြောင်းပြောကြားပါတယ်။

သဘောင်္တွေဟာမြောက်ပိုင်းကဖယ်ချန်စီးပွားရေးစီးပွားရေးဇုန်ရေပိုင်နက်ထဲကို အခုလောလောဆယ်သွားမယ်ဆိုပါက အန္တရာယ်ကြီးကြောင်းနဲ့ မုန်တိုင်း ဟိုင်ယန်ဟာ အနာက်ဘက်ပိုင်းကိုဦးတည်သွာနိုင်ကြောင်းသိရပါတယ်။ 

ဆာဘာ့အနောက်ဘက်ကမ်းရိုးတန်းနဲ့ Kudat,Sandakan,Labuan ခရိုင်တွေရဲ့ပင်လယ်ပြင် ရေပိုင်နက်မှာတော့ (၄.၅)မီတာ အမြင့်ရှိတဲ့ လှိုင်းတွေဖြစ်ပေါ်နိုင်ပြီး တစ်နာရီကိုမိုင် (၄၀)ကနေ မိုင်(၅၀)အထိတိုက်ခတ်နိုင် ကြောင်းသိရ ပါတယ်။

မုန်တိုင်းအဆင့်ကိုဒုတိယအဆင့်ကနေ ပထမအဆင့် အဖြစ်သတ်မှတ်ခဲ့ပြီး  ကုန်းတွင်းပိုင်းမှာမုန်တိုင်းအရှိန်လျော့နိုင်ကြောင်းသိရပါတယ်။

MRTV-4