Home » » စဥ့်ကူးမြို့နယ်မှာ ရွှေတူးဖော်ရေး ကုမ္မဏီများ ၀င်လာပြီးနောက် ဒေသခံများ အခက်တွေ့ 

စဥ့်ကူးမြို့နယ်မှာ ရွှေတူးဖော်ရေး ကုမ္မဏီများ ၀င်လာပြီးနောက် ဒေသခံများ အခက်တွေ့ 

Written By Unknown on Sunday, November 24, 2013 | 11:07 AM

မန္တလေးတိုင်း ဒေသကြီး ၊ စဥ့်ကူးမြို့နယ် ကံတောင်ကျေးရွာတွင် ရွှေတူးဖော်ရေး ကုမ္မဏီများ၏ အတင်း
အကျပ်တားဆီးမှုကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်တွေ့နေရ ကြောင်းသိရပါတယ်။

ကံတောင်ရွာသည် အိမ်ခြေပေါင်း (၁၁၀၀)ကျော်ခန့် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ဘုန်း တော်ကြီးကျောင်း၊ ရွာလည်ဘုရားကျေးရွာ စာကြည့်တိုက်၊ တို့ ရှိပြီး အစိုးရလျှပ်စစ်မီး လည်းရရှိနေသော ရွာဖြစ်ပါတယ်။

ကျေးရွာသူရွာသားများ၏ (90%ခန့်) မှာ ရွှေလုပ်ငန်းဖြင့် အသက်မွေးသော အလုပ်သမား လူတန်းစားများ ဖြစ်သည်ဟုသိရပါတယ်။

ရွှေတူးဖော်ရေးကုမ္မဏီများ ၀င်လာပြီးနောက် ဒေသခံများကို ရွှေလုပ်ငန်း လုပ်စားပိုင်ခွင့်မပေး တော့ပေ။

၁၅ နှစ်ခန့်  ရွှေလုပ်ငန်းဖြင့် အသက်မွေးသော ဒေသခံ အလုပ်သမား တစ်ဦးက `` အခုဆိုရင် ရွာအခြေအနေ၊ တော်တော်ကို ဆိုးနေပြီ  ရွာသားတွေက အခြားလုပ်စား စရာမရှိတော့ ညဘက်ထွက်ပြီး  တွင်းထဲဆင်း သက်စွန့်ဆံဖျား ဗြုန်း ရိုက်စားကြရတယ် ဒါကို ကုမ္မဏီက မိရင်  ရဲစခန်းပို့တယ် ပြီးမှ
ရဲစခန်းက တစ်ယောက်ကို ဒဏ်ငွေ လေးငါးသောင်းရိုက်  ပိုက်ဆံပေးမှ ပြန်လွှတ်ပေးတယ် ဒီဒေသက ရွှေလုပ်မှ စားရတာလေ တခြား အလုပ်လဲ လုပ်စ၇ာမရှိဘူး ကုမ္မဏီဝန်ထမ်းတွေဆိုလဲ ရွာကဆို မခန့်တာ များတယ်။ ကြာတော့လူတွေဒဏ်မခံနိုင်ကြတော့ဘူး ကိုလိုနီခေတ်က ထက်တောင်ပိုဆိုးနေတယ်
ရွှေထွက်တဲ့ လုပ်ကွက်အသစ် ပေါ်တိုင်းလည်း သူတို့ နေရာပါတယ်ဆိုပြီး အကုန်ပတ်သိမ်းတယ်။
ကြာတော့ရွာသားတွေ ဒဏ်မခံနိုင်ကြတော့ဘူး အခုဆိုရင် ရွာမှာ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုတွေ ၊ လူသတ်မှုတွေ ပေါလာတယ်၊ ညဘက်ဆို အရောင်းအ၀ယ်လုပ်တဲ့ဆိုင်တွေ ကောင်းကောင်မအိပ်ရဘူး၊ အထိတ်တလန့် ဖြစ်နေကြတယ်`` ဟု  ပြောပါတယ်။

ကံတောင်ကျေးရွာ တစ်ဝိုက်တွင် ရွှေတူးဖော်ရေး ကုမ္မဏီ (၄)(၅)ခုလောက်ရှိပြီး မြန်မာလူမျိုး နံမည်ခံ တရုတ်လူမျိုး သူဌေးများ ပိုင်ဆိုင်သော ကုမ္မဏီများလည်း ရှိကြောင်း ကို ကြားသိရပါတယ်။ 

``အရင်လေလံခေတ်ကတည်းက ဒေသခံပြည်သူတွေ လုပ်စားလာကြတာ  ကုမ္မဏီတွေဝင်လာတော့  ရွာသားတွေ ကို လုပ်ကွက်တွေချမပေးတော့ဘူး၊  အယောင်ပြချပေး ပေမယ့် ကိုယ်တူးလို့ ရွှေပေါ်လာရင်လဲ သူတို့ နယ်နမိတ်နဲ့ မလွတ်လို့ ဆိုပြီး အကြောင်းအမျိုးမျိုးပြ ပြီးသိမ်းတယ်၊ တကယ်ဆို သူတို့ မလုပ်တဲ့ ရွှေလုပ်ကွက်တွေကို ကျေးရွာဒေသခံတွေ အတွက်တော့ချပေးသင့်တာပေါ့ `` ဟု ကျေးရွာနေ အမျိုးသမီးတစ်ဦးမှ ပြောသည်။

စဥ့်ကူးမြိုနယ်အတွင်းေ၇ွှထွက်ရာ နေရာများမှာ   ကျည်တောက်ပေါက် ၊ ငါးပြားပေး၊ ကျောက်ချောင်း၊ကံတောင်၊ ဒိုးနွယ် ၊ ၀ါးပိုးချပ်၊ ပုရွက်ဆိပ်ကျင်း၊ ရေမျက် စသောကျေးရွာများ ဖြစ်ပြီး ၄င်း ရွှေထွက်ရာ
ကျေးရွာများတွင်  တရုတ်လုပ်ငန်းရှင် အများစု ပိုင်ဆိုင်သော ရွှေတူးဖော်ရေး ကုမ္မဏီများ ဖြစ်ကြောင်းကို ဒေသခံများထံမှ သိရှိရပါတယ်။

by Thit Htoo Lwin