Home » » မွန်ပြည်နယ် လိုင်စင်မဲ့ မော်တော်ယာဉ်များ လေလံတင်ဒါ နိုင်ငံတော်မှ ကျပ်သိန်း ၉ဝဝဝ ကျော် ရရှိမည်

မွန်ပြည်နယ် လိုင်စင်မဲ့ မော်တော်ယာဉ်များ လေလံတင်ဒါ နိုင်ငံတော်မှ ကျပ်သိန်း ၉ဝဝဝ ကျော် ရရှိမည်

Written By Unknown on Tuesday, November 19, 2013 | 1:45 PM

မွန်ပြည်နယ် အတွင်း ဖမ်းဆီးရမိ သော လိုင်စင်မဲ့ မော်တော်ယာဉ် ၈၈ စီး အား နိုဝင်ဘာ ၆ ရက်နေ့ နံနက်က မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြို့နယ် အကောက်ခွန် ဦးစီး ဌာန ရုံးတွင် လေလံပွဲ ကျင်းပရာ မော်တော်ယာဉ် ၇၇ စီး လေလံ အောင်မြင်သဖြင့် နိုင်ငံတော်မှ ငွေကျပ် ၈၅၇၅ ဒသမ ၁ဝ၇ သိန်းရရှိ သည့်အပြင် လေလံအောင်မြင်သူ များ အနေဖြင့် မိမိလေလံရရှိသော မော်တော်ယာဉ် တင်ဒါအောင်မြင်ငွေ၏ ၇ ဒသမ ၅ ရာခိုင်နှုန်း ကို မြို့နယ် အခွန် ဦးစီးဌာနသို့ ထပ်မံပေးသွင်း ရမည်ဖြစ် ၍ နိုင် ငံတော်မှ ငွေကျပ် ၆၄၃ ဒသမ ၁၃၃ ထပ်မံ ရရှိမည်ဖြစ်၍ စုစုပေါင်း ကျပ် ၉၂၁၈ ဒသမ ၂၄ဝ သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

”အခုလေလံတင် ရောင်းချပွဲဟာ လုပ်ကိုင် ဆောင်ရွက်မှုတွေမှာ ပွင့်လင်း မြင်သာမှု ရှိပြီး ချက်ချင်း ကြေညာပေး နိုင်တာကြောင့် ပွင့်လင်းမြင်သာမှု ရှိရုံ မကဘဲ စနစ် တကျ ဆောင်ရွက်တာဖြစ် တဲ့အတွက် ကျေနပ်ပါတယ်”ဟု မော် တော်ယာဉ် တစ်စီး လေလံ အောင်မြင်သူ ဦးလှခိုင်ကပြောသည်။

လေလံတင်ဒါ ရောင်းချပွဲကို ပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသည့် အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်ကြောင်း၊ တင်ဒါ ရောင်းချရေး အဖွဲ့ အတွင်းရေးမှူး ဦးမျိုးညွန့် (ပြည်နယ် စီမံကိန်း ဦးစီးမှူး) က လေလံ စည်းကမ်းချက် များကို ဖတ်ကြား တင်ပြပြီး တစ်ကြိမ် လျှင် မော်တော်ယာဉ် ၅ စီးနှုန်းဖြင့် လေလံရောင်းချရာ ၁ စီးမှာ တင်ဒါဆွဲ ဝယ်ယူမည့်သူမရှိ၊ ၁ဝ စီးမှာ လေလံ မအောင်ကြသောကြောင့် မော်တော်ယာဉ် ၇၇ စီးသာလေ လံ အောင်မြင် ရောင်းချနိုင် ခဲ့ကြောင်း သိရ သည်။

”လေလံ အောင်မြင်တဲ့နှုန်းနဲ့ အပြင်ပေါက်ဈေး နဲ့က သိပ်မကွာပါဘူး။ ပြန်ပြင်ဆင် ရမှာနဲ့ ဆိုရင် အစိုးရနဲ့ လေလံ ဆွဲသူတွေကြားမှာ သူမသာ ကိုယ်မသာ လို့ပဲ ထင်ပါ တယ်” ဟု မော်တော်ယာဉ် ပွဲ စားတစ်ဦးက ပြောသည်။

ထူးထူး(မော်လမြိုင်)

Popular Myanmar News Journal