တစ်ကိုယ်လုံးချွေးစေးများထွက်၍ အိုက်စပ်နေသော်လည်း သူထလို့မရ။ဘေးတွင် မတ်တပ်ရပ်လျက် ရှိနေသော ဇနီးကို ယပ်ခတ်ပေးရန် လက်ဖြင့် အမူ အယာပြစေခိုင်းရ သည်၊ အားနည်းနေရ သည့်ကြားထဲ နှာခေါင်းတွင်တပ်ထား သောပိုက်ကြီးကြောင့် စိတ်အနှောင့်အ ယှက်ဖြစ်ရသည်။ ဖြစ်နိုင်လျှင် နှာခေါင်း တွင် တပ်လျက်ရှိနေသော ပိုက်ကိုလက် ဖြင့် ဆွဲဖြုတ်ပစ်လိုလှသည်။ ဘေးခုတင် မှ လူနာကလည်းတစ်ချက်မှအငြိမ်မနေ၊ ခုတင်ချင်း ကပ်လျက်မို့ သူလှုပ်လိုက် တိုင်း ကိုယ့်ဘက်မှာပါ လာလှုပ်နေေ တာ့ နေမကောင်းရသည့်ကြားထဲ စိတ်က တို လာသည်။ ဒီနေ့နှင့် ဆိုလျှင် ရန်ကုန် ဆေးရုံကြီးသို့ သူရောက်နေသည်မှာ နှစ် ရက်ရှိပြီ။ မဖြစ်တာကြာသော အစာအိမ် ရော ဂါ ပြန်ဖြစ်လာ၍ အရေးပေါ်တွင် တစ်ရက် နေရသည်။ ထို့နောက် လူနာ ဆောင်အမှတ် ၉ သို့ သူ့ကို ရွှေ့ပေး လိုက်သည်။ ဒီအဆောင်ရောက်တော့ မှ သူ့မှာ ပိုစိတ်ညစ် ရတော့သည်။ ကို ဇော်သိန်း (အမည်လွှဲ)က ပြောပြသည်။
ဆေးနံ့များ၊ ဆေးနံ့မဟုတ်သည့် ဆိုးဝါးသော အနံ့အသက်များက နှာ ခေါင်းတွင် တပ်ထားသောပိုက်မှတစ် ဆင့် အာရုံကြောများအား မွှေ့ယမ်းလိုက် သောအခါ ယောင်၍ အသက်အောင့် လိုက်မိသည်။ ပြီးမှ နှာခေါင်းတွင်တပ်ထားသောပိုက်ကိုသတိရပြီးအသက်ပြန် ရှူရသည်ဟု သူက ဆိုသည်။ သူဒီအခန်း ထဲတွင် နေရမှာလား၊ လူနာများ လူနာ စောင့်များဖြင့် အရေအတွက် ငါးဆယ် လောက်ရှိသည့် မီးခိုးရောင်အခန်းထဲ တွင် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ နှင့် ပတ်တီးအဖွေးသားနှင့် လူကြီးကို သူမြင် လိုက်ရသည်။ ပတ်တီးလွတ်သော မျက်နှာတစ်ခုလုံး အသားနီလန်နေသည် မှာ မြင်မကောင်း၊ သူ့ဘေးတွင် ခြေ ထောက်တစ်ဖက်မရှိတော့သည့် အဘိုး ကြီးတစ်ဦး ထိုင်နေသည်။ ဆေးရုံနှင့် စိမ်းသော သူ့အတွက်သည်မြင်ကွင်းများ က အထူးအဆန်းဖြစ်လို့ နေသည်။ သူတို့နှစ်ဦးကိုကရုဏာ သက်သလိုကြည့် လိုက်ရင်း ဒီလိုသွေးသံရဲရဲ လူနာဖြင့် တစ်ခန်းတည်းနေရသည့်အတွက် ရောဂါ ပိုးတစ်မျိုးမျိုးများ ကူးစက်ခံရလေမလား ဟု စိတ်ထဲတွင် သံသယပွားမိသလို ထို သံသယက ကြာရှည်မခံ။ သူနေရမည့် ခုတင်ကို ရောက်ခါမှ ငိုချင်စိတ်ပေါက် သွားရတော့သည်ဟု ကိုဇော်သိန်းက ပြောသည်။
သူ့ခုတင်က လူသွားလမ်း အလယ် တည့်တည့်တွင် ရှိသည်။ ပုံမှန်ဆိုလျှင် လူသွားလမ်း၏ ဘေးတစ်ဖက်တစ်ချက် တွင် လူနာခုတင်ရှိရမည် ဖြစ်သော် လည်း သူရောက်ရှိ ချိန်တွင် အဆောင် တွင် လူပြည့်နေခဲ့ပြီ။ ထို့ကြောင့်ပင် လူ သွားလမ်းတွင် ခုတင်ကို အလျားလိုက် ထားကာ သူနေရခြင်းဖြစ်သည်။ လူနာစောင့်အဖြစ်ပါလာသည့်သူ့ဇနီး သည် လည်း ထိုင်စရာခုံမရှိ၊ မြင်နေရသည့် မြင်ကွင်းများက စုံလင်လှသည်။ မီး လောင်၍ ရောက်လာသောသူ၊ ဆိုင် ကယ်မှောက်၍ ရောက်လာသောသူ စ သဖြင့် သူေ ရာက်ရှိနေရာအဆောင် တွင် ရောဂါပေါင်းစုံလှသည်။ လူနာများ နှင့် လူနာစောင့်များဖြင့် ကြပ်ညပ်နေပြီး ခုတင်တစ်ခုနှင့်တစ်ခုမှာလည်း မလှုပ် မရှားသာ။ တပ်ဆင် ထားသော ပန်ကာ သုံးလုံးမှာလည်း အခန်းတွင်း ရှိသမျှ လူဦးရေ ငါးဆယ်ကျော်လောက်ကို ဘယ်လိုမှ အေးမြမှု မပေးနိုင်သော ကြောင့် လူနာစောင့်များမှာ ယပ်တောင် လေးတွေကိုယ်စီနှင့်။ လူနာကြည့်ချိန်မို့ ဟိုကသည်က စကားပြောသံများ၊ မသက် သာသောလူနာများကို တခြားအဆောင် သို့ ရွှေ့သံများ အတိုင်းသားကြားနေရ သည်။
သူ့ထံသို့ လူနာလာမေးသော မိတ် ဆွေများသည် မတ်တပ်ရပ်ရင်းပင်အားပေးစကားပြောရသည်။ သူကတော့ နှာ ခေါင်းတွင် ပိုက်တပ်ထားသူမို့ နား ထောင်သမားသက် သက်။ လူနာလာ ကြည့်သူများကစကားပြောနေရင်း ဘေး ဘီကိုလည်း ကြည့်ရသေးသည်။ ဆရာ ဝန်များ၊ သူနာပြုများလာပါက ခုတင် ဘေးမှ ခြေရင်းသို့ ရွှေ့ရသည်။ အခြား လူနာများ အခန်းရွှေ့ပြီဆိုလျှင် လူနာ လာကြည့်သည့် မိတ်ဆွေများ အခန်းပြင် ထွက်နေရသည်။ ထိုအချိန်တွင် ”လူနာ စောင့်တွေက လူနာတွေကို သတ်နေ တာ”ဟု
မကျေနပ်သံဖြင့် အော်၍ ဝင် လာသော သူနာပြုအသံကြောင့် မိတ် ဆွေများ၏ မျက်နှာတွင် အံ့သြရိပ်နှင့် မနှစ်မြို့မှုများကို မြင်တော့ သူစိတ် မ သက်မသာဖြစ်ရသည်ဟု သူ က ဝန်ခံ သည်။ သူမြင်လိုက်ရသည်။ သူနာပြုက တော့ဘာကိုမှဂရုစိုက်ဟန်မရှိ၊ မကျေနပ် သလိုရေရွတ်ရင်း ဒေါက်ဖိနပ်သံ တစ် ဒေါက်ဒေါက်ပေးရင်း သူ့ခုတင်ကိုကျော် သွားသည်။
လာရောက်အားပေးသည့် မိတ် ဆွေများကို အားနာသည့်ခံစားမူ၊ နှာ ခေါင်းတွင် တပ်ထားသောပိုက်၏ ခိုး လိုးခိုးလုဖြစ်မူ၊ ရာသီဥတု အိုက်စပ်မူ၊ ခန္ဓာကိုယ်တွင် ခံစားနေ ရသော ဝေဒနာ ၏ ဖိစီးမှုနှင့် တစ်ချက်တစ်ချက် လွင့်ပျံ လာသော သူနာပြုဆရာမများ၏ ရေ ရွတ်သံတို့ကြောင့် သူဒီနေရာကနေ အမြန်ထွက်သွားလိုလှသည်ဟု ကိုဇော် သိန်းက ပြောပြသည်။
► အားကိုးယုံကြည်ရာ ဆိုသော်လည်း
”နောက်နေ့ကျတော့ နှာခေါင်းကပိုက်ကိုအတင်းဖြုတ်ပြီး ဆေးရုံကဆင်း တော့မယ်လို့ ဆရာဝန်ကိုပြောလိုက် တယ်။ အဲဒီမှာဆက်နေရင် စိတ်ညစ်တာ နဲ့ ကျွန်တော် သေသွားနိုင်တယ်” ဟု အတန်ငယ် အားနည်းနေပုံ ရသည့် ကိုဇော်သိန်းက အသေးစိတ် ပြန်ပြောပြ သည် ။သူ့ကိုကြည့်ရသည်မှာ အားနည်း နေပုံရသော် လည်း ဆေး ရုံမှာတွေ့ရစဉ် ကပုံစံမျိုးမဟုတ်တော့၊ လန်းလန်းဆန်း ဆန်းရှိနေသည်။ ရန်ကုန်ဆေးရုံကြီးတွင် နေခဲ့ရသော နှစ်ရက်တာကာလကို သူမေ့ ပစ်ချင်သည်။ သူ့လိုပဲ အခြား လူနာတွေ လည်း ခံစားနေရမည်ဟု ယုံကြည် ကြောင်း ကိုဇော်သိန်းက ကရုဏာသက် ဟန်ဖြင့်ပြောပြသည်။
တကယ်တော့ ရန်ကုန်ဆေးရုံကြီး သည် ငွေကြေးချို့တဲ့သူများ၊ အခြေခံလူ တန်းစားများ အားထားရာ ဆေးရုံကြီး ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ အထူးကုများ ရှိသောကြောင့် လူနာများသည် ရန်ကုန် ဆေးရုံကြီးသို့ အားကိုးတစ်ကြီး လာ ရောက်ကုသကြသည်။ ရန်ကုန်တိုင်းဒေ သကြီးတွင် လူဦးရေခြောက်သန်းနီးပါး ရှိပြီး ဗဟိုအဆင့် ဆေးရုံကြီး ၁၅ ရုံနှင့် တိုင်းဒေသကြီး လက်အောက်ရှိ ဆေးရုံ ၅၇ ရုံ၊ ခွင့်ပြုခုတင်ပေါင်း ၉၆၂၃ ခုတင်၊ ဆရာဝန် ၆၉၄ ဦးရှိသည်။ ခုတင်နှင့် တိုင်းဒေသကြီးရှိ လူဦးရေကို အချိုးချ ကြည့်ပါက လူ ၆၂ဝ လျှင် ခုတင် တစ် လုံးရှိကြောင်း၊ လူနာ ၈၆၁၄ ဦးလျှင် ဆရာဝန်တစ်ဦး ရှိကြောင်း စာရင်းများ အရသိရသည်။ ထိုအရေအတွက်သည် ရန်ကုန်တိုင်းေ ဒသကြီး တစ်ခုတည်းကို သာ တွက်ချက်ထားခြင်းဖြစ်ပြီး နယ်မှ လာရောက်ကုသသူများ မပါပေ။ ရန်ကုန် တိုင်း ဒေသကြီးတွင်ပင်ရှိသည့် လူဦး ရေနှင့် ခုတင်အရေအတွက် ဆရာဝန် အချိုးမမျှတရသည့်အထဲ ဆေးပစ္စည်း မပြည့်စုံမှု၊ ဆရာဝန် မလုံလောက်မှု ကြောင့် နယ်မှလာရောက် ကုသသူ များပါ ပေါင်းလိုက်သောအခါ ရန်ကုန် တိုင်းဒေသ ကြီးရှိ ဆေးရုံများတွင်လူနာ များ အမြဲများပြားနေတတ်သည်။ ထိုအ ထဲတွင် အထူးကု ဆရာဝန်စုံလင်သော ရန်ကုန် ဆေးရုံကြီးက လူနာအများဆုံး ဟု ဆိုရမလိုပင်။ လူနာဆောင်တွင်ထား ရန် နေရာမရှိတော့သောအခါ အိမ် သာဘေးတွင် လူနာစောင့်ထိုင်သော ခုံလေးလုံးကို ဆက်ပြီးလူနာကိုထားရ သည်။ နေမကောင်းရသည့်အထဲ အိမ် သာ အနံ့အသက်များ၊ ဆေးနံ့များက အဆုတ်ကို ဒုက္ခပေးသည်။ ရံဖန်ရံခါ လူသေများကို သယ်သွားသည့် လှည်း များကလည်း တိုက်သွားပြန်တော့ ကျန်း မာရေး စောင့်ရှောက်မှုခံယူရန်၊ ကျန်း မာလာစေရန် ကုသပေးသည့်နေရာသည် လူနာများ၏စိတ်တွင် ကြောက် စရာနေရာအဖြစ် ပြောင်းလဲသွားသည်။ တော်ရုံတန်ရုံ ရော ဂါနှင့် ဆေးရုံကြီးသို့ မသွားလိုကြတော့၊ သူတို့စိတ်ထဲတွင် ရောဂါပျောက်မည်ထက် အကြောက် တရားကသာ ကြီးစိုးနေတော့သည်။
”လူနာပြည့်ပြီဆိုပြီး လက်မခံရင် လည်း ဒီလူနာတွေသေဖို့ပဲ ရှိတော့တာ လေ” ဟု ကိုဇော်သိန်းက သုံးသပ်သည်။ ရန်ကုန်ဆေးရုံကြီးသည် မနိုင်ဝန်ထမ်း နေရခြင်းဖြစ်ေ ကြာင်း သူက နားလည် သည်။
ရန်ကုန်ဆေးရုံကြီးကို ၁၈၈၉ ခု နှစ်က ဆောက်လုပ်ခဲ့ပြီး ခုတင် ၁၅ဝဝ ဆံ့ဆေးရုံကြီးဖြစ်သည်။ ဝန်ထမ်း ၁၃ဝဝ ကျော်ရှိသော်လည်း တက်ရောက်နေ သည့် လူနာအရေ အတွက်နှင့် ဝန်ထမ်း ဦးရေမမျှတမှုကြောင့်လားတော့ မပြော တတ်၊ဆေးရုံနေရာထိုင်ခင်းနှင့် ဝန်ထမ်း များ၏ ဝန်ဆောင်မှုကို လူနာများက ဝေ ဖန်ကြသည်။
ထိုအထဲတွင် မြောက်ဒဂုံတွင် နေ ထိုင်သည့် ဦးအေးဝင်းလည်း အပါအဝင် ဖြစ်သည်။ အစ်ကိုဖြစ်သူကလေဖြတ်၍ ဦးနှောက်နှင့် အာရုံကြောဌာနတွင် သွားပြရာမှ ဆေးရုံ အထွေထွေဝန်ထမ်း များ၏ ဆက်ဆံမှုကို သူစိတ်ပျက်ခဲ့ခြင်း ဖြစ်သည်။
”လူနာက လှည်းနဲ့ခေါ်သွားရတော့ တွန်းလှည်းတွန်းခ ၁ဝဝဝ ၊ ၁၅ဝဝ အမြဲ ပေးရတယ်။ သူတို့ကို အစိုးရက လခ ပေးထားတာမဟုတ်ဘူးလား။ ဒီလိုတွေ ပေးနေရတာ ဘာသဘောလဲ”ဟုဦးအေး ဝင်းက မေးခွန်းထုတ်သည်။
ငွေမပေးပါက အရာရာ နှောင့် နှေး ကြန့်ကြာကြောင်း၊ စရိတ်မျှပေး ကျန်းမာရေးဟု ဆိုသော်လည်း ငွေမရှိ ပါက အစိုးရဆေးရုံပင် ဖြစ်လင့်ကစား အရာရာအခက် အခဲ များနှင့် ကြုံရမည် ဟု ဦးအေးဝင်းက ညည်းညူသည်။
ဘတ်ဂျက်တိုး၍ရသောကြောင့် အစိုးရ ဆေးရုံများ၏ နေရာထိုင်ခင်း၊ သန့်ရှင်းရေးမှအစ သူနာပြုအဆုံး ဝန် ထမ်းများ၏ ဝန်ဆောင်မှုပိုင်းများသည် အဆင့်မြှင့်တင်ရန် လိုအပ်လှပြီဖြစ် ကြောင်း ထောက်ပြမှုများလည်းရှိသည်။
” ဒီကဆေးရုံတွေက အခြားနိုင်ငံ တွေနဲ့ ယှဉ်လို့ မရနိုင်လောက်အောင်ပါ ပဲ။ ဝန်ဆောင်မှုရော၊ စက်ကိရိယာတွေ ရော၊ ကျွမ်းကျင်မူတွေရော ခေတ်စနစ်ရဲ့သားကောင်ဖြစ် ပြီးတဲ့နောက် အားလုံး နောက်ကျပြီး ကျန်ခဲ့ပါပြီ ” ဟု ဆိုသော ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင် မှုကော်မတီမှ အဖွဲ့ဝင် ဦးမြင့်ဦး၏ မှတ် ချက်သည် အထက်တွင် ဆိုခဲ့သော အ ချက်များကို မီးမောင်းထိုးပြနေသည်။
ထို့ပြင် ပြည်သူများသည် ဆေးရုံ ၏ ဝန်ဆောင်မှုများကြောင့် တော်ရုံတန် ရုံရောဂါဖြင့် ဆေးရုံသို့သွားလိုစိတ် မရှိ ကြဘဲ ပြင်းပြင်းထန်ထန်ရောဂါခံစား နေရမှသာ သွား ကြခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာ ညိုညိုသင်းက ဆိုသည်။
”လုံခြုံစိတ်ချရမှု၊ နေပျော်မှု မရှိ ဘူးလေ၊ အိမ်သာတွေကြည့်မလား နံ စော်နေတာပဲ ။ဆေးဆိုလည်း ကိုယ့် ဘာသာဝယ်ရတယ်။ တစ်ခါတလေ ကျရင် သူနာပြုဆရာမတွေ ရဲ့ ဟိန်းတာ ဟောက်တာ ခံရတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ဆေးရုံအခြေအနေကို ပြောပြသည်။
အစိုးရသည် ဘတ်ဂျက်များများ အသုံးပြု၍ လူနာများသာယာနေပျော် ဖွယ်ဖြစ်စေမည့် ဆေးရုံဖြစ်လာရန် ဆောင်ရွက်သင့်သည်ဟု ¤င်းက မှတ် ချက်ပြုသည်။
”ဂျပန်မှာဆို အဘိုးကြီးတွေ အ ဘွားကြီးတွေ မနက်ဆိုရင်ဆေးရုံကို သွားကြတယ်။ ခြေနာ၊ ခေါင်းနာ၊ ခေါင်း မူးတာတွေ သွားပြကြတယ်၊ တခြားနှိပ် ပေးတဲ့ ဝန်ဆောင်မူေ တွလည်း ရှိတဲ့အ ခါကျတော့ သူတို့က ဆေးရုံကို အလိုလို သွားချင်နေကြတယ်”ဟု ဒေါက်တာ ညိုညိုသင်းက အခြားနိုင်ငံများ၏ ကျန်း မာရေးစောင့်ရှောက်မှု အစီအစဉ်ကို အားတက်သရောပြောပြသည်။
► ကျန်းမာရေးက ရွှေဆိုသော်လည်း ဝန်ဆောင်မှုက ကြေး
မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့် ရှောက်မှု စနစ်မှာမူ အိမ်နီးချင်းနိုင်ငံ များနှင့်ပင် မယှဉ်သာအောင် ဖြစ်နေ သည်။ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည်ပင် မြန်မာ နိုင်ငံထက်သာလွန်နေကြောင်း ထိုင်း နိုင်ငံတွင် သွားရောက်အလုပ်လုပ်နေ သည့်အလုပ်သမားများက ပြောပြသည်။
”ဆေးရုံလက်မှတ် ဘတ် ၃ဝ တန် လုပ်ထားရင် သူတို့သတ်မှတ်ထားတဲ့ ကုသနည်းတွေရှိတယ်၊ အဲဒါတွေအပြင် တခြားပါကုမယ်ဆိုရင်တော့ အဲဒီအ တွက် ကုန်ကျ စရိတ်ကိုသီးသန့်ပေးရ တယ်၊ အစိုးရဆေးရုံပေမယ့် နေရာ ထိုင်ခင်းလည်း သန့်တယ်။ ရွှေ့ပြောင်း လုပ်သားဆိုပြီး ခွဲခြားဆက်ဆံတာမျိုး လည်းမရှိဘူး” ဟု ထိုင်းရောက် လုပ် သားတစ်ဦးကပြောသည်။
ထို့အပြင် ငွေလုံးဝပေးစရာမရှိ ပါက ဆေးကိုဦးစွာ ကုသပေးကြောင်း၊ တတ်နိုင်သလောက်ပေးကာ ဆေးရုံမှ ဆင်းခွင့်ရကြောင်း ချင်းမိုင်တွင်အလုပ်လုပ်နေသောမြန်မာ လုပ်သားတစ်ဦးကလည်းပြောသည်။
”ကိုယ့်နိုင်ငံထက်စာရင် အများ ကြီးကောင်းပါတယ်။ ဆေးဖိုးတစ်သိန်းလောက်ကုန်တယ်ဆိုရင်တောင် ငါး ထောင်လောက်ပေးပြီး ဆေးရုံကဆင်းလို့ ရတယ်။ ဆေး အရင်ကုပေးတယ်။ ဆေး ဖိုးကိုအတင်းမတောင်းဘူး” ဟု အထက် ပါ လုပ်သားကပြောသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံး စရိတ်သည် နိုင်ငံစုစုပေါင်း အသုံးစရိတ် ၏ ၃ ဒသမ ၉ ရာခိုင်နှုန်းသာရှိပြီး အစိုး ရသည် ၂ဝ၁၂ ခုနှစ်တွင် ကျန်းမာရေး ဘတ်ဂျတ် ကို လေးဆခန့် တိုးမြှင့်ပေးခဲ့ သည်။ ထိုသို့ တိုးမြှင့်ပေးခဲ့မှုကြောင့် ကျန်းမာရေးကဏ္ဍအတွက် ကျပ်သန်း ပေါင်း ၃၆၇၉၇ဝ ဒသမ ၃၇၅ သန်း အသုံးပြုနိုင်တော့မည်ဟု သိရသည်။
တစ်နိုင်ငံလုံးရှိ အခြေခံလူတန်း စားလူနာများ အားထားရာအဖြစ် နှစ် ပေါင်းများစွာသက်တမ်းရှိနေသော ရန်ကုန် ပြည်သူ့ဆေးရုံကြီးအား ပြုပြင်မွမ်းမံပြီး အဆင့်မြှင့် တင်နိုင်ရေးအတွက် ကြီးကြပ် ရေးအဖွဲ့ဖွဲ့ပေးရန် တိုက်တွန်းသည့်အဆို ကို လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်က၂ဝ၁၂ ခုနှစ် နို ဝင်ဘာ ၉ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ¤င်း ကိုယ်တိုင်လည်း ၂ဝ၁၃ ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ သွား ရောက်ကြည့်ရှုခဲ့သည်။
ကြိုးပမ်းမှု၏ အကျိုးရလဒ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား နိုင်ငံ ခြားမှ ဗိသုကာပညာရှင်နှင့် တိုင်ပင်ကာ အရှေ့တောင်အာရှ အဆင့်မီသော ဆေးရုံအဖြစ် တည်ေ ဆာက်ရန် စီစဉ် လျက်ရှိကြောင်း၊ ခုတင် ၁ဝဝဝ ဆံ့ ရန်ကုန်ဆေးရုံကြီး တည်ဆောက်ရန် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင် များ လိုအပ်ကြောင်း၊ ယခုဆေးရုံသစ် တည်ဆောက်ရန် အစီအစဉ်တွင် ကော် မတီဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်း၊ ပြည်ပ နိုင်ငံ ဖြစ်သော UK မှ ဗိသုကာ ပညာရှင် လော့ဒါဇီနှင့်Master Plan ကို ၃ လအတွင်း အပြီးရေးဆွဲရန် တိုင်ပင် လျက် ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ ဆေး ရုံသစ်ကြီးကို မင်းရဲကျော်စွာ ကား ရောင်းဝယ်ရေးစခန်း (ယာယီ) အဖြစ် အသုံးပြုနေသော မြေနေရာတွင် တည် ဆောက်မည် ဖြစ်ကြောင်း ယခင်ဆေးရုံ အုပ်ဒေါက်တာကျော်ကျော်က ယခုနှစ် အတွင်းပြော ကြားခဲ့သည်။
အဆောက်အဦ တိုးချဲ့သလို ကျွမ်းကျင်လူငယ်ဆရာဝန်များ ထွက် ပေါ်လာစေရေး ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဆရာဝန်၊ သူနာပြု များ၏ ဆက်ဆံရေး မချေမငံဖြစ်ရခြင်းမှာ ဝန်ထမ်းအရေအတွက် မမျှတမူကြောင့် ဖြစ်ကြောင်းဆရာဝန်အချို့က ဆိုသည်။
”လူနာကို ရှင်းပြတယ။် ရှင်းပြလို့ ဆုံးလည်းဆုံးသွားရော အစကပြန်မေး ရော အဲဒါနဲ့နောက်တစ်ခေါက်ပြန်ပြီး ရှင်းပြတယ်။ ထပ်ရှင်းပြလို့ ဆုံးလည်းဆုံး သွားပြန်ရော၊ ဘာမှနားမလည်ဘူးပြန် ရှင်းပြပါဦးဆိုတော့ နှစ်ခါတောင်ရှင်းပြပြီးသွားပြီဆိုရင်တော့ ဆရာတို့ကစိတ်တို လာပြီပေါ့”ဟု ရန်ကုန်ပြည်သူ့ဆေး ရုံကြီးမှ အရိုးအဆစ်ရောဂါ အထူးကု ဆရာဝန် ပါမောက္ခ ဦးချစ်စိုးက ပြော သည်။
”OPT ကိုနှစ်နာရီနှင့် လေးနာရီ ကြားမှာထိုင်တော့ လူနာ ၁၇ဝ ရှိတယ်။အဲဒီလူနာ၁၇ဝ ကို ဒီနှစ်နာရီတည်းနဲ့ ဆရာဝန်လေးယောက်က ကြည့်ရတာ။ဆရာဝန်လေးေ ယာက်နဲ့ လူနာ ၁၇ဝ နဲ့ဘယ်လိုမှ အချိန်မရဘူး။ ရှင်းပြတာ တော့ ပုံမှန်ရှင်းပြတာပဲ။ ပုံမှန်ရှင်းပြတာ ကိုမှ နားမလည်ရင်တော့ ကိုယ့်ဘာသာ ပဲ နားလည်အောင် လုပ်တော့။ အချိန် မှမရတာ” ဟု၎င်းက ပြောသည်။
ထိုအရာသည် ဆရာဝန်များ၏အခက်အခဲဖြစ်သည်။ ထိုအခက်အခဲ သည် ရန်ကုန်ဆေးရုံကြီး၏လူ့စွမ်းအား အရင်း မြစ်လိုအပ်ချက်ကို မီးမောင်းထိုး ပြနေသည်။ အရာရာ တွင်ဘက်နှစ်ဖက် က အမြဲတမ်းရှိနေပြီး ထိုဘက်နှစ်ဖက် ကိုမျှတစွာကြည့်တတ်ရန်လည်းလိုသည်။
လူနာများက နေမကောင်း၍ လာ ပြရာတွင် ဆရာဝန်များ၏ကုသမှု၊ လမ်း ညွှန်မှုကို သေချာစွာ ခံယူလိုသော်လည်း ဆရာဝန်များက လုံလောက်သောအချိန် မပေးနိုင်။ ထိုအခါ လူနာရှင်များက အမြင်စောင်းစရာများ ဖြစ်လာတတ် သည်ကလည်း အမှန်တစ်ခုပင်။
နှလုံးသွေးကြောရောဂါထိန်းသိမ်း ရေးစီမံချက်မှ ပါမောက္ခ ဒေါက်တာနွယ် နွယ်က ဆေးရုံကြီးတွင်ရှိသော ဆရာဝန် အရေအတွက်နှင့် လူနာဦးရေမမျှတမှု ကြောင့် ဆရာ ဝန်များသည် အချိန်လု၍ လူနာများကို ကုသမှု ပေးနေရကြောင်း၊ ထို့ကြောင့်လူနာများ လိုချင်သော ဆွေး နွေးချိန်ကို မရရှိခြင်းဖြစ်ကြောင်း ဆို သည်။
သိသာသောဥပမာအဖြစ် ၄င်းတို့ ၏နှလုံးရောဂါဌာနတွင် ခုတင် ၅၄ ခု ရှိသော်လည်း လူနာခြောက်ဆယ်ကျော် ကို အမြဲကြည့်ပေးနေရကြောင်း၊ နှလုံး ရောဂါ ဆရာဝန် နည်းပါးခြင်းကြောင့် မိမိတို့မကြည့်ပါက လူနာများသည် ကုသမှုကို မရရှိနိုင်တော့ကြောင်း ပြော ပြသည်။
”ဆရာဝန်တွေက လူနာအများ ကြီးကို ကြည့်နေရတယ်။ ကျွန်မတို့ မကြည့်ချင်ပါဘူး။Private Clinic တွေ မှာလိုပဲ လူနာတစ်နေ့ ၃ဝ လောက်ကြည့် သလိုပဲ ကြည့်ချင် ပါတယ်။ ကျွန်မတို့ သာ မကြည့်ဘူးဆိုရင် ဒီလူနာတွေက သက်ဆိုင်ရာ ကုသမှုကိုမရ ရှိတော့ဘူး။ အဲဒီတော့ဘာလုပ်ရလဲ။ကျွန်မတို့ကြည့် ရတယ်။ ဆေးရုံမှာ ကျွန်မတို့ပြင် ပလူ နာဌာနမှာဆိုရင် လူနာတစ်ရာ၊ နှစ်ရာ ရှိတယ်။ အဲဒီတစ်ရာနှစ်ရာကို ကျွန်မတို့ဆရာဝန် လေးယောက် ငါးယောက်က ကြည့်ရမယ်ဆိုရင် တစ်ယောက်ကို လေး
ဆယ့်ငါးယောက်လောက် ကြည့်ရ တယ်” ဟု ဒေါက်တာနွယ်နွယ်က ပြော ပြသည်။
ထို့ကြောင့် လူနာများလိုချင်သော အရည်သွေးပြည့် ကျန်းမာရေးစောင့် ရှောက်မှုရရှိစေရန် လူငယ်ဆရာဝန်များ ကို ကောင်းစွာလေ့ကျင့်ပေးရန် လိုကြောင်း ဒေါက် တာနွယ်နွယ်က အကြံပြုသည်။ ဆေးရုံဝန်ထမ်းများကို ¤င်းတို့၏ ဂုဏ် သိက္ခာနှင့် လျော်ညီသည့်အဆင့်ဖြင့် နေ နိုင်အောင် လစာနှင့် စရိတ်ကို အစိုး ရက မဖြစ်မနေ လုပ်ပေး မည် ဆိုပါက ယခုကဲ့သို့ ဖြစ်နေသာဝန်ဆောင်မှုဆိုင် ရာ အားနည်းချက်များ လျော့ပါးသွား ဖွယ်ရှိပေသည်။ တာဝန်မယူနိုင်သူများ ခေတ်စနစ်နှင့်အညီ ဆောင်ရွက်ချင်စိတ်
မရှိသူများကို ချန်ခဲ့ရမည်ဖြစ်ပြီး ခေတ် စံနစ်နှင့်အညီ ကြိုးစားသူများကို ချီး မြှောက်ခြင်းဖြင့် ပြည်သူအများဝေဖန်နေ သော ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို ပိုကောင်းသည့် အခြေအနေတစ်ခုသို့ ရောက် အောင်မြှင့်တင်ပေးရမည် ဖြစ် သည်။
”အစိုးရ ဝန်ထမ်းတွေက ပြည်သူ ကို ဝန်ဆောင်မှုပေးရမှာ၊ ပြည်သူကို အ ကောင်းဆုံးဖြည့်စွမ်းပေးတဲ့သူတွေဖြစ်ရမှာ။ အဲဒီတော့ ဒီအခြေခံ စိတ်ဓာတ်တွေ ကအစ ပြောင်းပစ်ရမယ်”ဟု ပြည်သူ့ လွှတ်တော် ကျန်းမာရေးကော်မတီမှ အဖွဲ့ဝင်ဦးမြင့်ဦးက ပြောသည်။
အခြေခံစိတ်ဓာတ်များပြောင်းပစ် ရန် လိုသလို နွေးထွေးသော၊ သန့်ရှင်းပြီး လူနာအနေဖြင့် ယုံကြည်အားထားဖွယ် ဖြစ်သောနေရာအဖြစ် မြန်မာပြည်ဆေး ရုံများကို ဖြစ်ေ စလိုကြောင်း ကိုဇော်သိန်း က မှတ်ချက်ပြုသည်။
”ဆေးရုံတက်ရင် ကျန်းမာလာမယ် ဆိုတာ သိလျက်နဲ့ ဆေးရုံကိုမသွားချင် ဘူး၊ စိတ်ထဲ ကြောက်နေတယ်” ဟု နာလန်ထလူမမာတစ်ဦးဖြစ်သည့် ကိုဇော် သိန်းက တိုးညှင်း စွာ ပြောလိုက်သည်။
မေဇင်ဝင်း၊ ဝေမာထွန်း၊ မြတ်စုငြိမ်း
Popular Myanmar News Journal