Home » » သန်လျင်တွင် ၁၀၀၀ တန် အတုများ မိ

သန်လျင်တွင် ၁၀၀၀ တန် အတုများ မိ

Written By Unknown on Saturday, November 23, 2013 | 10:43 PM

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ သန် လျင် ဆိုင်ကယ်ကယ်ရီသမားထံ မှတစ်ထောင်တန်ငွေစက္ကူအတုများတွေ့ရှိခဲ့သည့်အမှုကို စီ အိုင်ဒီမှ ကိုင်တွယ် စစ်ဆေးနေ ကြောင်း သိရသည်။

ဆိုင်ကယ်ကယ်ရီမောင်း သူ သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာ တွင် နေထိုင် သည့် ဦးလှကျော်သည် ဆိုင်ကယ်ငှားသူတစ် ဦးထံမှ တစ်ထောင် တန်ရှစ်ရွက် ရရှိပြီးနောက် အဆိုပါတစ်ထောင် တန်တချို့ ကိုကြည့် ရှုရာ နံပါတ် အက္ခရာတချို့မှာ တူညီနေကြောင်း တွေ့ရသဖြင့် သန်လျင်မြို့နယ် ဘုရားကုန်း ကျေး ရွာအုပ်ချုပ် ရေးမှူးရုံးသို့ အကြောင်းကြား ခဲ့ သောကြောင့် သက်ဆိုင်ရာတာ ဝန်ရှိသူများရှေ့မှောက် တွင် တစ်ထောင် တန် များကိုစစ်ဆေးခဲ့ရာ အက္ခရာနှင့် နံပါတ်တူ တစ်ထောင် တန်ရှစ်ရွက် ကိုတွေ့ရှိသောကြောင့် ဆက်လက်စစ်ဆေးပြီး ဆိုင်ကယ် ငှားစီး သူ အောင်ဇော်ဇော်နေအိမ် သို့သွားရောက်ရှာဖွေရာ ငွေစက္ကူ အတုများမတွေ့ရှိခဲ့ကြောင်း သိ ရသည်။

နိုဝင်ဘာ၁၉ရက်က ဖြစ်ပွား ခဲ့သော ယင်းငွေစက္ကူအတုကိစ္စ ကို ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန်အ တွက် အင်းစိန်စီအိုင်ဒီမှကိုင်တွယ် နေကြောင်း စီအိုင်ဒီမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ ယင်းက ''လောလောဆယ် ဆိုင်ကယ်ကယ်ရီ မောင်းတဲ့ သူနဲ့ ငှားစီးတဲ့သူတွေကို စစ်ဆေးနေ တယ်။ တရားခံနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေ ဆက်လက်ရှာဖွေ နေပါတယ်''ဟုပြောသည်။ သန်လျင်မြို့နယ်အုပ်ချုပ် ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ''အရင်ဆုံးတာဝန်ရှိသူတွေကို စ စစ်ဆေးတာ။ ဆိုင်ကယ် ငှားစီး တဲ့သူအိမ်မှာလဲ ရဲတွေနဲ့ ရှာတာ ဘာမှမတွေ့ဘူး။ စီအိုင်ဒီကကိုင် ပြီဆိုတော့ အမှုမှန်ပေါ်မှာပါ''ဟု ပြောသည်။

ကျော်စွာ - Yangon Media Group