Home » » အခြေခံဥပဒေပြင်ဖို့ NLD နဲ့ တိုင်းရင်းသား သဘောထားကွဲလွဲ

အခြေခံဥပဒေပြင်ဖို့ NLD နဲ့ တိုင်းရင်းသား သဘောထားကွဲလွဲ

Written By Unknown on Tuesday, October 1, 2013 | 6:50 AM

အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​ပါတီနဲ့ ​တိုင်းရင်းသားပါတီအဖွဲ့တို့အကြား ​မြန်မာနိုင်ငံ ​ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ​ဆွေးနွေးခဲ့ကြပေမယ့် ​သဘောတူညီမှု ​မရခဲ့ဘူးလို့ ​သိရပါတယ်။

NLD ​ပါတီက ​စစ်အစိုးရလက်ထက်က ​ရေးဆွဲခဲ့တဲ့ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေကို ​ပြင်ဆင်ဖို့ ​လိုလားနေချိန်မှာ ​တိုင်းရင်းပါတီတွေက ​အခြေခံဥပဒေကို ​လုံးဝအသစ်ရေးဆွဲဖို့ ​လိုလားနေတာ ​ဖြစ်ပါတယ်။

တိုင်းရင်းသားတွေကတော့ ​မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေဟာ ​ဖက်ဒရယ် ​ဒီမိုကရေစီစနစ်နဲ့ ​မကိုက်ညီတဲ့အတွက် ​အချိန်ယူပြီး ​ပြင်ဆင်မယ့်အစား ​အသစ်ရေးဆွဲရင် ​ပိုမြန်မယ်လို့ ​ယုံကြည်နေကြတာ ​ဖြစ်ပါတယ်။

NLD ​ပါတီကတော့ ​ရွေးကောက်ပွဲမဝင်ခင်ကတည်းက ​ရွေးကောက်ပွဲမှာ ​ဝင်ရောက်အရွေးခံပြီး ​အခြေခံဥပဒေကို ​ပြင်ဆင်သွားမယ်လို့ ​ပြောခဲ့တဲ့အတွက် ​ခုချိန်ထိ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေမှာ ​တရားဥပဒေစိုးမိုးရေး၊ ​ငြိမ်းချမ်းရေးနဲ့ ​စစ်မှန်တဲ့ ​ဒီမိုကရေစီ ​ဥပဒေတွေ ​ရှိနိုင်ဖို့ ​ပြင်ဆင်ရေးဆွဲဖို့ ​လိုလားကြောင်း ​စနေနေ့က ​ထုတ်ပြန်တဲ့ ​ကြေညာချက်ထဲမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia