Home » » KIO ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ရှောင်ဒုက္ခသည် ငါးရာကျော် အစိုးရထံသို့ ခိုလှုံခွင့် တောင်းခံ

KIO ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ရှောင်ဒုက္ခသည် ငါးရာကျော် အစိုးရထံသို့ ခိုလှုံခွင့် တောင်းခံ

Written By Unknown on Wednesday, October 30, 2013 | 5:34 PM

KIO ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ရှောင်ပြည်သူ ၅ဝဝ ကျော် မြန်မာ အစိုးရထိန်းချုပ်နယ်မြေအတွင်းသို့ လာ ရောက်ခိုလှုံရန် အကူအညီတောင်းခံ လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန် စီမြို့နယ်ထဲမှ မုန်းဒိန်ပါ ကျေးရွာ ၌ အောက်တိုဘာလ ၂၂ ရက်နေ့က KIO နှင့် တပ်မတော်တို့ ထိတွေ့မှုဖြစ် ခဲ့ရာ ထိုဒေသတို့မှ ပြည်သူ အချို့ အပါအဝင် နမ်လန်းပါဒေသခံတို့ ကလည်း ပြည်နယ် အစိုးရထံသို့ အကူအညီတောင်းလိုက် ခြင်းဖြစ်သည်ဟု သိရသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူတို့၏ အဆိုအရ ယင်းလူ ၅ဝဝ ကျော်ပါ အဖွဲ့ က ဗန်းမော်မြို့သို့ ဦးတည်လာနေပြီး အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ တွင် ဗန်းမော်မြို့နှင့် မိုင် ၆ဝ သာလို တော့သည်ဟု ၄င်းတို့၏ပြောကြားချက် များအရ သိရသည်။

ကချင်ပြည်နယ် အစိုးရတာဝန်ရှိ သူက ယင်းသတင်းဖြစ်ရပ်နှင့်ပတ်သက် ၍ မှန်ကန်ကြောင်းအတည်ပြုပြီး ထို့အ တွက် ပြင်ဆင်မှုလုပ်နေပါကြောင်း ဆို သည်။

”တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရ ခဲ့သူတစ်ယောက်ကို ဗန်းမော်ဆေးရုံ က ခေါ်ယူပြီး စတင်ကုသမှုပေးနေပါ ပြီ။ ကျန်တဲ့သူတွေကိုလည်း လက်ခံသွားဖို့ လူမှုအဖွဲ့အ စည်းတွေနဲ့ပါ ညှိနှိုင်းပြီးပါ ပြီ”ဟု ပြည်နယ် အစိုးရတာဝန်ရှိသူ ဝန် ကြီးဒေါ်ဘောက်ဂျာက ပြောသည်။

ပြည်နယ်အစိုးရ စာရင်းများအရ ဗန်းမော်ခရိုင်တွင် ကယ်ဆယ်ရေးစခန်း ၂၂ ခု လက်ရှိဖွင့်ထားပြီး အိမ်ထောင်စု ၄ဝ၇၃ ခိုလှုံနေရာ စုစုပေါင်း စစ်ရှောင် ပြည်သူ ၁၇၉၆၉ ဦးရှိနေသည်ဟု သိရ သည်။ ယင်းစာရင်းမှာ ယခုတိုးလာမည့် ပြည်သူ ၅ဝဝကျော်မပါဝင်သေးဟု ၄င်းထံမှ သိရသည်။

မြစ်ကြီးနားတွင်KIO နှင့် ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပြီး နောက်ပိုင်း ၁ဝ ရက် အတွင်း တပ်မ တော်က သဘောတူညီ ထားမှု၌ ၃ ချက်ကို ချိုးဖောက်ခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ် ခွန်ဂျာက စွပ်စွဲထားသည်။

Popular Myanmar News Journal