Home » » မြေပြို မှုကြောင့် မြန်မာ - အိန္ဒိယ ကုန်သွယ်လမ်းကြောင်း ရပ်တန့်

မြေပြို မှုကြောင့် မြန်မာ - အိန္ဒိယ ကုန်သွယ်လမ်းကြောင်း ရပ်တန့်

Written By Unknown on Sunday, October 6, 2013 | 2:27 AM

ကလေး ၊ အောက်တိုဘာ ၄ ။ ။ ကလေး၊ ကလေးဝဒေသတွင် စက်တင်ဘာ ၂၈ရက်မှစ၍ ရေကြီး မြေပြိုမှု၊ တံတားကျိုးမှုများ ဆက်တိုက်ဖြစ် ပေါ်ခဲ့မှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး တွင် အသွားအလာများရပ်တန့် သွားကြောင်း သိရသည်။

မန္တလေး-မုံရွာ-ဂန့်ဂေါ- ကလေးလမ်းတံတားနှင့် မုံရွာ- ကလေးဝ-ကလေးမြို့လမ်းများ တံတားများ အောက်တိုဘာ၃ရက် အထိ ပျက်စီးမှုများ သည့်အတွက် ကလေး-ကလေးဝ-တမူး သွားလာ မှုရပ်တန့်သွားပြီး တမူးနယ်စပ် ကုန်စည်သွားလာမှုများပါ ရပ်တန့် သွားကြောင်း သိရသည်။

ယခုရက်ပိုင်း ကလေးမြို့ နှင့်ဆက်သွယ်သွားလာသည့် ဘတ်စ် ကား၊ ကုန်ကားအားလုံး ရပ်တန့် နေပြီး မဖြစ်မနေသွားလာကြသူ များမှာ ရေတစ်တန်၊ ကုန်းတစ် တန်သွားလာနေကြရသည်။ အ ချို့က မြန်မာ့လေကြောင်းခရီးမှ သွားကြသည်။

တမူးနယ်စပ်သို့ မဖြစ်မနေသွားသူများအနေဖြင့် ကလေးမြို့မှကျီကုန်းရွာသို့ စက် လှေစီးလျှင် ကျပ်၃ဝဝဝပေးရသည်။ ကျီကုန်း-တမူး ပုံမှန်လိုင်းကား မရှိသော်လည်း ကြားကားဖြင့်သွား လာ၍ရကြောင်း၊ ကားခ ကျပ် ၃ဝဝဝပေးရကြောင်း သိရသည်။

ပန်သစ္စာ - Yangon Media Group