Home » » ပဋိပက္ခ ဖြစ်ပွားနေသော “ရှင်ပြန်” ရေနုတ်မြောင်းအား ဘုံစားအင်းအဖြစ်ပေးရန် တိုင်းအစိုးရ သဘောတူ

ပဋိပက္ခ ဖြစ်ပွားနေသော “ရှင်ပြန်” ရေနုတ်မြောင်းအား ဘုံစားအင်းအဖြစ်ပေးရန် တိုင်းအစိုးရ သဘောတူ

Written By Unknown on Friday, October 18, 2013 | 5:29 PM

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ ဇီးချောင် ကျေးရွာ အုပ်စု အတွင်းရှိ လယ်သမား ရေလုပ်သားများနှင့် အင်းလုပ်ငန်းရှင်တို့ ပဋိပက္ခများ နှစ်စဉ် ဖြစ်ပွားနေသော “ရှင်ပြန်” ရေနုတ်မြောင်း အား ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် HRWDN တို့၏ ညှိနှိုင်း ပေးမှုဖြင့် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ၂၀၁၄-၂၀၁၅ခုနှစ်မှ စ၍ အဆိုပါ ရေနုတ်မြောင်းအား လေလံတင် ရောင်းချခြင်း မပြုလုပ် တော့ဘဲ ဘုံစားအင်း အဖြစ်ထား ရှိရန် သဘောတူ စာချုပ်ကို တိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးသန်းဝင်းက လက်မှတ်ရေးထိုး ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ “ရှင်ပြန်” ရေနုတ် မြောင်းမှာ ၁၉၈၂-၈၃ခုနှစ်က ဂုံ မင်း၊ ဗျိုက်ကြီး၊ ထန်းတစ်ပင်၊ ဇီး ချောင်၊ လက်ပံချောင်း၊ ရေတာ ကြီးစသော ကျေးရွာ အုပ်စု (၆) အုပ်စုရှိ ရွာသူရွာသား များက မြောင်း တစ်လျှောက် စိုက်ပျိုးမြေများ အတွက် ရေသွင်း/ ရေထုတ်ပြု လုပ်ရန် ကိုယ်ထူကိုယ်ထ တူးဖော် ခဲ့ခြင်းဖြစ် မြောင်းအတွင်း စစ်တပ်မှ ငါးဖမ်း အင်းများ ပြုလုပ်ခဲ့ပြီး စစ်တပ်မှ တစ်ဆင့် ဧရာရွှေဝါကုမ္ပဏီ၊ အင်းလုပ်ငန်းရှင်များ လက်သို့ အဆင့်ဆင့် ရောက်ရှိခဲ့သည်။ လယ်သမားများ၏ ရေတော် မိုးတော်အချိန်တွင် အဆိုပါ အင်းများ မှ လျှောချခြင်း များပြုလုပ် ခဲ့သဖြင့် စပါးများ ပျက်စီးကာ လယ်သမားများနှင့် အင်းလုပ်ငန်းရှင်တို့ ပဋိပက္ခများ နှစ်စဉ်ဖြစ်ပွား လျက်ရှိသည်။ …

အဆိုပါ ပြဿနာများ ဖြေရှင်းပေးနိုင်ရန် ကွန်ရက်များသို့ ဆက်သွယ် အကူအညီ တောင်းရာမှ ယခုကဲ့သို့ သဘောတူ စာချုပ်ချုပ်ဆို နိုင်ခဲ့ပြီး စာချုပ်တွင် ပေ(၄၈၀၀) ရှည်သော “ရှင်ပြန်” ရေနုတ်မြောင်းအား ငါးလုပ်ငန်း ဦးစီးမှ လေလံတင် ရောင်းချခြင်း မပြုရန် ၂၀၁၃-၂၀၁၄မှစ၍ အင်းလုပ်ငန်းရှင် များ၏ ကျားပိုက် ချက်နောက်မှ ဒါးကမြစ်ဝ အထိအား လုပ်ငန်းရှင် များနှင့်မသက် ဆိုင်ဘဲ ရေပိုး ရေမွှား ရှာစားသော ရေလုပ်သားများ ကျားပိုက်ထောင် ခြင်းများ ပြုလုပ်ရန်နှင့် လယ်သမားများ အဆင်ပြေစေရန် ရေ ကို (၆လက်မမှ ၈လက်မ အထိ)သာ ထားရှိချိန် ညှိပေးရန် စသည်တို့ ပါဝင်ခဲ့သည်။

မြန်မာသံတော်ဆင့်