Home » » မောင်တောမြို့ပေါ်ရပ်ကွက် မီးရှို့ရာတွင် ပါဝင်သူ ၆၈ ဦး ထောင်ဒဏ်ငါးနှစ်စီချမှတ်ခံရ

မောင်တောမြို့ပေါ်ရပ်ကွက် မီးရှို့ရာတွင် ပါဝင်သူ ၆၈ ဦး ထောင်ဒဏ်ငါးနှစ်စီချမှတ်ခံရ

Written By Unknown on Thursday, October 31, 2013 | 2:45 PM

၂၀၁၂ခုနှစ် ဇွန်လ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုဖြစ်စဉ်တွင် မောင်တောမြို့ပေါ်ရပ်ကွက် ဗိုလ်မှူးရွာ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ အိုင်အင်န်ဂျီအိုဝန်ထမ်း နှစ်ဦး အပါအ၀င် ၆၈ ဦးကို အောက်တိုဘာ ၃၀ ရက်က ဘူးသီးတောင်မြို့နယ်၊ တရားရုံးက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီး ငါးဦးကို တရားသေလွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ ဗိုလ်မှူးရွာမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၇၄ ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးသို့ ၂၀၁၂ခုနှစ် ဇူလိုင်၂၀ တွင် စွဲချက်တင် တရားစွဲဆိုခဲ့ရာ တရားရုံးက ပြစ်မှုကြီးအမှတ် ၃၃၈/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့သည်။
အဆိုပါ ၇၄ လေးဦးအနက် ၆၈ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ  ၄၃၆ အရ ထောင်ဒဏ်ငါးနှစ်စီ၊ အမျိုးသမီးတစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆/၁၁၄အရ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပြီး ကျန်ငါးဦးမှာ ပြစ်မှုထင်ရှားခြင်းမရှိသည့်အတွက် တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခြင်းခံရသည့် တရားခံများတွင် မောင်တောမြို့ရှိ အိုင်န်အန်ဂျီအို အဖွဲ့အစည်းများဖြစ်သည့် အေစီအက်ဖ်(ACF) မှ အီဗြာဟိန်း (ခေါ်) စောမြင့်နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (AZG)မှ ဇာဖောဟူဆောင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ဆုံးဖြတ်သည့်အမှုမှာ ပြီးခဲ့သည့် ၂၀၁၂ ဇွန်လက ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ခရိုင်/မြို့နယ်တရားရုံးများတွင် တရားစွဲဆိုထားသည့် မူလအမှုများအနက် နောက်ဆုံးအမှုဖြစ်ကြောင်းလည်း သိရသည်။

7DAY DAILY