Home » » ဖိလစ်ပိုင် ငလျင် လူ ၇၀ ကျော် သေဆုံး

ဖိလစ်ပိုင် ငလျင် လူ ၇၀ ကျော် သေဆုံး

Written By Unknown on Tuesday, October 15, 2013 | 8:30 PM

ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်းက ကျွန်းစုတွေမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်လို့ လူ ၇ဝ ကျော် သေဆုံး ပြီး အိုးအိမ်တိုက်တာတွေ ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဘိုဟိုး ကျွန်းမှာ လှုပ်တဲ့ ပြင်းအား ရစ်ခ်ျတာ စကေး ၇ ကျော်တဲ့ ငလျင်ကြီးကြောင့် အထပ်နိမ့် အဆောက် အအုံတွေ ပျက်စီး ပြိုကျ ကုန်ပြီး လမ်းပန်း အဆက် အသွယ်တွေလည်း ပြတ်တောက် ကုန်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံရဲ့ ရှေးအကျဆုံး ခရစ်ယာန် ဘုရားကျောင်းကြီး ၂ ကျောင်းမှာလည်း ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

မြို့ကြီး ၂ မြို့က လူတွေ ငလျင်လှုပ်လို့ အိုးအိမ် ပစ်ခွာ ထွက်ပြေး ကြချိန်မှာ တက်နင်းမိတာတွေ ဖြစ်ကုန်တယ် လို့လည်း သိရပါတယ်။

ပျက်စီးမှု ပမာဏ ကို တိတိကျကျ သိရအောင် အာဏာပိုင် တွေက ကြိုးပမ်း ထောက်လှမ်း နေဆဲဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)