Home » » ငွေဆောင်မြို့နယ်တွင် ဆင်ရိုင်းအန္တရာယ်စိုးရိမ်နေရဟုဆို

ငွေဆောင်မြို့နယ်တွင် ဆင်ရိုင်းအန္တရာယ်စိုးရိမ်နေရဟုဆို

Written By Unknown on Tuesday, October 29, 2013 | 4:26 PM

ပုသိမ်၊ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ သလပ်ခွာ ကျေးရွာအနီးရှိ မဒေါ့ကုန်းကျေးရွာ၊ ရွာသစ် ကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ညောင်ကုန်း ကျေးရွာတို့တွင် စပါးရိတ်သိမ်းချိန်၌ ဆင်ရိုင်းများ အန္တရာယ်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာရှိလယ်သမားများသည် မိမိပိုင် လယ်များကို စပါးရိတ်သိမ်းချိန်တွင် လင့်စင်ထိုး ၍ ဆင်များဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ရ ကြောင်း၊ ဆင်များရောက်ရှိလာလျှင် မိသားစု လိုက် ဗြောက်အိုးဖောက်ခြင်း၊ ဒန်အိုးများတီး၍ အော်ဟစ်ခြောက်လှန့်မောင်းထုတ်ရကြောင်း ၄င်း တို့က ပြောသည်။

ရပ်ရွာဖွံ့ဖြိုးမှုဆောင်ရွက်နေသော ကျောင်း ကုန်းကျေးရွာရှိ အမျိုးသမီးတစ်ဦးက ''ရွာတွေကို ဖွံ့ဖြိုးဖို့ ကျွန်မတို့ဆောင်ရွက်တဲ့အခါဆင်းရဲမွဲတေမှု ပြဿနာကိုတွေ့ရပါတယ်။ ဒီမှာလယ်ယာတွေ ရိတ်သိမ်းခါနီးရင် ဆင်တစ်ဝက်၊ လူတစ်ဝက်ပဲ ရတဲ့ ပြဿနာကိုတွေ့ရပါတယ်''ဟု ပြောသည်။

''စပါးတွေပျက်၊ လယ်ကိုစောင့်ရ၊ ဆင်ကို မောင်းရတော့ ညဘက်အိပ်ရေးတွေပျက်၊ ကျန်းမာရေးတွေပါ ချို့ယွင်းလာတယ်။ ဆင်တွေ အုပ်လိုက်တက်လာရင် လူတွေကကြောက်ရတယ်။ အဝေးကပဲအော်မောင်းရတယ်။ မနှစ်ကဆို အိမ် ပါဖြိုတယ်။ သက်ဆိုင်ရာက ဆင်အန္တရာယ်ကို ကူညီပေးနိုင်ရင် သိပ်ကောင်းမှာပဲ''ဟု ကျောင်း ကုန်းကျေးရွာမှ မလှသိန်းကပြောသည်။

''တောင်စပ်နဲ့နီးတဲ့လယ်တွေ ပိုပြီးပျက်တာ ပဲ။ အရင်နှစ်ကဆို အိမ်တွေပါပျက်တယ်။ ဆင် နင်းခံရတာတွေလဲရှိတယ်။ ဒီနှစ်တော့ ပျက်စီးမှု အန္တရာယ်မရှိသေးဘူး။ တောင်စပ်က စပါးခင်း တော့ ဖျက်တာခံရတယ်။ လူတွေက မိသားစု လိုက်စောင့်နေကြရတယ်။ ဒီဆင်ရိုင်းတွေရဲ့ အန္တရာယ်မရှိရင် ကျွန်တော်တို့အတွက်အများကြီး အဆင်ပြေမှာပါ''ဟု အဆိုပါဒေသရှိ ဦးဝင်း အောင်ကပြောသည်။

ငွေဆောင်ကားလမ်းဘေးရှိ ကျေးရွာများ တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကအားထား နေရသူများက မိမိလယ် ဆင်ရိုင်းများဖျက်ဆီး မည့်အန္တရာယ်ကို အထူးစိုးရိမ်နေကြပြီး ကျေးရွာ ရှိ ပြည်သူများမှာလက်လုပ်လက်စားများ၊ နေ့ ခေါက်ပုတ်ပြတ်လုပ်သူ
များဖြစ်ကြကာ ကျန်းမာ ရေးအတွက် သလပ်ခွာကျေးရွာဆေးခန်းကိုသာ အားထားရပြီး ကျေးရွာများတွင် အရန်သားဖွား ဆရာမမရှိဘဲ ကိုယ်ဝန်ဆောင်များကို သလပ်ခွာ ကျေးရွာဆေးရုံသို့သာ
စောင်ပုခက်ဖြင့်ထမ်းပြီး ပို့ဆောင်နေရကြောင်း ရွာသားများကပြောသည်။

သတင်းမင်းသား - The Union Daily