Home » » အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် လူ ၃၂ဦးသေဆုံး

အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် လူ ၃၂ဦးသေဆုံး

Written By Unknown on Tuesday, October 8, 2013 | 7:02 AM

ပြီးခဲ့တဲ့ ​စနေနဲ့ ​တနင်္ဂနွေနေ့တုန်းက ​Bihar ​ပြည်နယ်နဲ့ ​Jharkhand ​ပြည်နယ်မှာ ​မိုးကြိုးတွေ ​ပစ်ခဲ့ရာက ​လူပေါင်း ​၃၂ ​ယောက် ​သေဆုံးခဲ့ရပြီး ​အဲဒီထဲမှာ ​ကလေးငယ် ​၉ ​ယောက် ​ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ​မိုးရာသီဖြစ်တဲ့ ​ဇွန်လကနေ ​အောက်တိုဘာလအတွင်း ​မိုးကြိုးပစ်ခတ်မှုတွေ ​ဖြစ်လေ့ဖြစ်ထရှိပေမယ့် ​ခုလို ​ရက်ပိုင်းအတွင်း ​လူ ​၃၀ ​ကျော် ​သေဆုံးတာမျိုး ​မရှိခဲ့ဘူးလို့ ​ဆိုပါတယ်။

မနေ့တုန်းကလည်း ​မိုးကြီး ​လေကြီးမှုတွေ ​ဖြစ်ခဲ့ပြီး ​သစ်ပင်တွေ၊ ​အိမ်တွေနဲ့ ​လျှပ်စစ်ဓာတ်တိုင်တွေ ​ပျက်စီးခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ ​မိုးကြိုးပစ်ခတ်မှုကြောင့် ​လူပေါင်း ​၃၀ ​ကျော် ​သေဆုံးခဲ့ရသလို ​တရုတ်နိုင်ငံမှာလည်း ​Fitow ​မုန်တိုင်းကြောင့် ​လူ ​၃ ​ဦးသေဆုံးပြီး ​အိမ်အလုံးပေါင်း ​၁၂၀၀ ​ပျက်စီးခဲ့ရပါတယ်။

တရုတ်အစိုးရပိုင် ​မီဒီယာမှာ ​ဖော်ပြချက်အရ ​တစ်နာရီကို ​လေတိုက်နှုန်း ​ပြင်းအား ​၂၀၀ ​ရှိတဲ့  ​မုန်တိုင်း ​ဝင်ရောက်ခဲ့တာဖြစ်ပြီး ​လူပေါင်း ​သိန်းနဲ့ချီကိုလည်း ​ရွှေ့ပြောင်းမှု ​လုပ်နေရပါတယ်။

မုန်တိုင်းကြောင့် ​Zhejiang ​ပြည်နယ်၊ ​Fujian ​ပြည်နယ်နဲ့ ​Jiangxi ​ပြည်နယ်မှာ ​အမြန်ရထားပေါင်း ​၅၉ ​စီးရဲ့ပြေးဆွဲမှုတွေ ​ရပ်တန့်ခဲ့ရပြီး ​လေယာဉ် ​၄၉ ​စီးရဲ့ ​ခရီးစဉ်ကိုလည်း ​ဖျက်သိမ်းခဲ့ရပါတယ်။

ပင်လယ်ပြင်မှာ ​ရောက်ရှိနေတဲ့ ​လှေတွေ ​ကမ်းကပ်ဖို့ ​သတိပေးချက်တွေကြောင့် ​လှေအစီးပေါင်း ​၆၅၀၀၀ ​ကလည်း ​ပြန်လာခဲ့ကြတယ်လို့ ​သိရပါတယ်။

ABC Radio Australia