Home » » ယဉ်ကျေးမှုအမွေကို ကိုယ်ကမထိန်းလျှင် ဘယ်သူထိန်းမလဲ

ယဉ်ကျေးမှုအမွေကို ကိုယ်ကမထိန်းလျှင် ဘယ်သူထိန်းမလဲ

Written By Unknown on Saturday, October 26, 2013 | 2:33 PM

မြိုင်မြို့နယ် ဗိမာန်မရွာမှ မနော ရမ္မာကျောင်းကြီး၏ အတွင်းအဆင် တန်ဆာတို့က ခမ်းနားထယ်ဝါလှသည်။ အမိုးမျက်နှာကြက်မှသည် ကျောင်းတိုင် လုံးများထိ မည် သည့်နေရာမှ အလွတ် အလပ်မရှိရအောင် ရွှေချခြင်း ရွှေဇဝါ ရေးသားခြင်း ပန်းပြောက်ပန်းခက် နတ် သိကြားဗြဟ္မာရုပ်များဖြင့် တန်ဆာဆင် ထားသည်။ ကျောင်း အတွင်း သို့ ဝင် ရောက်လာသူကို မဝံ့မရဲ ဖြစ်သွားအောင် ထိုခမ်းနားထည်ဝါမှုက ဖမ်းစားထားနိုင် သည်။

ကျောင်းဒကာတို့ကမူ သူတို့ ကျောင်းကြီးကို ”စုလစ်မွမ်းချွန် အစ ရှိသော သစ်ပြောက်တန်ဆာ၊ သစ္စေး ဟင်္သပဒါး မျက်ပါးရွှေစင်တန်ဆာ တိုဝ်ဖြင်”့ ဆောက်လုပ် လှူဒါန်း ခဲ့ ကြောင်း ဖော်ပြခဲ့သည်။ အတွင်းပိုင်း တွင် နေရာမလပ်ရွှေမျက်ပါးတို့ဖြင့် ရေး ခြယ်ထားသည်။ တစ်ချိန်က ထိုကျောင်း ကြီးသည် ရွှေရောင် တပြောင်ပြောင်နှင့် ညီးညီးေ တာက်နေခဲ့ပေမည်။မနောရမ္မာရွှေကျောင်းကြီးတွင် ပန်းဆယ်ပန်းအတတ်များဖြင့် တန်ဆာ ဆင်ထားသည်။ ရွှေဇဝါရေး ပန်းချီများ ကို ကျောင်းကြီး၏အမိုး မျက်နှာကြက် မှ သည် အတွင်းနံရံများ ကျောင်းတိုင် များ၊ စာတိုက်သေတ္တာများ၊ ပေစာထုပ် ကျမ်းဖုံးပျဉ်ချပ်များအထိ တွေ့နိုင်သည်။ ခေတ်ပျက်စပြုနေချိန်တွင် သံသရာ ပါ နိုင်ေ အာင် ဆောင်ရွက်နေခြင်း ဖြစ် သည်။

ပန်းပုလက်ရာတို့ကို နံရံမာရဘင် နှင့် ဝင်ထွက်ပေါက်ဘောင်များ တံခါး ရွက်များပေါ်တွင်တွေ့ရှိရသည်။ ထုဆစ် ထားသည်တို့မှာ ပန်းလိပ် ပန်းခွေများ၊ နတ်ဗြဟ္မာရုပ်များ၊ ကိန္နရာရုပ်၊ ဂဠုန် ရုပ်များ၊၊ ကျေးငှက်သတ္တဝါရုပ်များ ပါ ရှိသည်။ ဗုဒ္ဓသာသနာတော် ထာဝရ တည်နိုင်စေရန်အတွက် ကျောင်းတော် ကြီးကို ထိုရွှေဇဝါရေး၊ ပန်းချီပန်းပု အ ဆင် တန်ဆာတို့ဖြင့်လူအပေါင်းတို့အား”လာ လှည့်၊ဖူးမြော်လှည့်ကြကုန်”ဟု ဖိတ်ခေါ် နေသယောင် ရှိပြီး မြင်တွေ့ရသူတို့ စိတ်တွင် အံ့ဘနန်းဖြစ်စေရုံမျှမက သာ သနာေ တာ်၏ ဖြူစင်ကောင်းမြတ် သန္တိ သုခ အအေးဓာတ်ကိုပါ ခံစားနိုင်စေ အောင် ဆင်ယင်ထားခြင်းဖြစ်ပါမည်။

မြတ်စွာဘုရား၏ ခြေတော်ရာပုံကို ကျောင်းမျက်နှာကြက်တွင် ဖော်ပြသည် မှာ ထိုရွှေကျောင်းကြီးတွင် ပထမဆုံး နှင့်အစောဆုံး တွေ့မြင်ရထူးခြင်း ဖြစ် သည်။ ဗုဒ္ဓရှင်ေ တ်ာမြတ် သည် ”ဘုန်း တော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော် အနန္တ အနန္တ စကြဝဠာ၊ ကမ္ဘာမြေမိုး၊ ဖျန်းဖျန်း ကျိုးမျှ၊ တန်ခိုးတော် အနန္တ” တို့နှင့်ပြည့် စုံတော်မူခြင်း ကို ရည်ညွှန်း လေသလောဟု ထင်မိသည်။ ထိုခြေ တော်ရာ ရွှေရေးပန်းချီသည် ကာလ အ ရှည်ကြာညောင်းခဲ့ပြီ ဖြစ်သောကြောင့် အသေးစိတ်လေ့လာရန် မဖြစ်နိုင်တော့ ချေ။

ပိဋကတ်သုံးပုံသည် သာသနာ တော်၏အသက်ဖြစ်သည်။ ဆောက်လုပ် ထားသောကျောင်းကြီးက မည်မျှပင်ကြီး  ကျယ်ခမ်းနားလှပသည်ဖြစ်စေ၊ အတွင်း တွင် ပိဋကတ် သုံးပုံပြည့်စုံစွာ မရှိပါက အသက်ဝိညာဉ်မရှိသော ခန္ဓာကိုယ်ကဲ့ သို့ ဖြစ်ပေသည်။ ကျောင်းဒါ ယကာကြီး ဦးဆုသာသည် ပိဋကတ်သုံးပုံအပြင် ထို ပိဋကတ်တော်များ ထား သိုရန် ခမ်းနား ကြီးကျယ်လှသော စာတိုက်သေတ္တာကြီး များကိုပါ ပြုလုပ်လှူဒါန်းခဲ့သည်။ တွေ့ ရှိရသော ပေအကျိုးတစ်ရွက်မှ အောက် ပါစာက သက်သေပြခဲ့သည်။

”သက္ကရာဇ် ၁၁ဝ၃ ခု သတင်း ကျွတ်လပြဥ့်ကျော် ချောက်ရက်နေ့(၁၉ စက်တင်ဘာ ၁၇၄၁) တွင် ကာရက ပါဠိတော် ရေး၍ပြီးသဉ်။ ကျောင်းတကာ ဆုသာ သ္မီးမော င်နှံ ကောင်းမှု” ဟူ၍ ဖော်ပြပါရှိသည်။ ပေစာတိုက်များသည် ရွှေဇဝါ ပန်းချီများ သစ်စေးသရိုး ပန်းချီများဖြင့် တန်ဆာဆင်ထားသောကြောင့် သမိုင်း တန်ဖိုး လည်း ကြီးမားပါ သည်။ ထိုရွှေ ကျောင်းကြီးပေါ်မှ စာတိုက်များသည် တွေ့ဖူးသမျှ အစောဆုံးဖြစ်မည်ဟု ဆို ချင်ပါသည်။ ဇလားပုံစာတိုက်သေတ္တာ များကို လည်း တွေ့ရ သည်။ အော က်မှ လေးထောင့် သေတ္တာခံခုံ ပါရှိသည်။ ဇလားပုံကို ရွှေပိန်းချ သို့မဟုတ် ရွှေဇဝါ ရေးသားထားသည်။

တွေ့ရှိသမျှစာတိုက်သေတ္တာ အား လုံးသည် ကျောင်းတော်ကြီးနှင့်အတူ တွဲ ဖက်ပါလာခဲ့သည်များမဟုတ်ချေ။ အချို့ မှာ နောက်ကျသောကာလများက လက် ရာ များဖြစ်ကြသည်။ ကျောင်းနှင့်အတူပါ လာခဲ့သော စာတိုက်သေတ္တာတို့မှာ ဇလား ပုံသေတ္တာများဖြစ်ကြောင်း တွေ့ရသည်။ လေးထောင့် စာတိုက်သေတ္တာကြီးများမှာ ကုန်းဘောင်ခေတ် လက်ရာများ ဖြစ်ပါ သည်။အထက်ပါ စာတိုက်သေတ္တာမှာ သစ်ပင်ပန်းမန်တို့ချည်း ဖော်ထားသည်။  ရာမဇာတ်မှ မှော်ရုံတောပုံ ဖြစ်သည်။ ထိုပန်းတော ထဲတွင် မျောက်နှစ်ကောင် ပုံကိုလည်း တွေ့ရှိရသဖြင့် စိတ်ဝင် စားစရာ ဖြစ်ပါသည်။ ဆော့နေကြသည့် ဟန်ပန်သို့မဟုတ်တိုက်ခိုက်နေကြသည့် ဟန်ပန်မျိုး ဖြစ်ပါမည်။ မနောရမ္မာ ရွှေကျောင်းကြီးသည် ယနေ မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ သော ကျွန်းသားဖြင့်ဆောက်ခဲ့သည့် အသားကျောင်းများတွင် သက်တမ်း အ ရှည်ဆုံးကျောင်း ဖြစ် သည်။ အလောင်း မင်းတရားကြီး ထူထောင်ခဲ့သော ကုန်း ဘောင်မင်း ၁၁ ဆက်ထက်ပင် သက် တမ်းရှည်ပေသည်။ယခုအခါထိုကျောင်း ကြီးသည် သက်တမ်း ၂၇၅ နှစ်ပင် ရှိ ပေပြီ။ ညောင်ရမ်းမင်းဆက်၏ နောက် ဆုံးမင်း မဟာ”ဓမ္မရာဇာဓိပတိ (၁၇၃၃-၅၂)လက်ထက် နိုင်ငံတွင် ကသည်းကျူး ကျော်မှုများဖြင့် ချင်းတွင်း မြစ်ရိုး တစ် လျှောက်၊ ပဲခူးသားတို့ ပခန်းကြီးတိုင် လာရောက်တိုက်ခိုက်နေစဉ် မူးရိုးတစ် လျှောက် မငြိမ်မသက်ဖြစ်နေချိန်တွင် တည်ဆောက်ခဲ့သောကျောင်း ဖြစ် သည်။

ဗိသုကာပညာရှင်၊ ပန်းချီပန်းပု အနုပညာရှင် သမိုင်းပညာရှင်တို့ အ တွက် မနောရမ္မာရွှေကျောင်းတော်ကြီး သည် လေ့လာစရာ တက္ကသိုလ်ကျောင်းကြီး သဖွယ် ဖြစ် သည်။ ဒေသသမိုင်းကို လည်းလေ့လာ ရရှိနိုင်ပါသည်။ ညောင် ရမ်းခေတ် ဗိသုကာလက်ရာသည် ဤ ရွှေကျောင်းကြီးပါတည်းဟု ဂုဏ်ယူဝင့် ကြွားနိုင်ပါသည်။ ထိုအ တူ ကျောင်း အတွင်းမှ ရွှေဇဝါပန်းချီများ၊ သရိုး ပန်း ချီများ၊ပန်းပုလက်ရာများကလည်း ခေတ် ကိုဖော်ပြနေကြပေသည်။ယခု အချိန်တွင် ထိုကျောင်းကြီးကို စနစ်တ ကျစောင့်ရှောက်သူ မဲ့နေသဖြင့် အမျိုးသားယဉ်ကျေးမှုအမွေ ဆိုသည်ကို မြန်မာတို့တကယ်မှနားလည်ကြပါ၏လော ဟု စဉ်းစားစရာ ဖြစ်ပါသည်။ မည်သူမျှ လာရောက် စနစ်တကျမထိန်းသိမ်းမီ ရပ် သူရွာသားတို့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်လက်ပြီး ထိန်းသိမ်းပေးကြရန် ဆော်သြလိုက်ရပါသည်။

ဗညားရိုး

Popular Myanmar News Journal