Home » » တရားဥပဒေ စိုးမိုးမှုမရှိခြင်း၏ အစ

တရားဥပဒေ စိုးမိုးမှုမရှိခြင်း၏ အစ

Written By Unknown on Friday, October 4, 2013 | 4:13 PM

”ရေယာဉ်ပေါ်တွင် ဈေးမရောင်းရ၊ တွေ့ရှိ ပါက ဒဏ်ငွေ ၅ဝဝဝ ဆောင်ရမည်”ဟူသော ဆိုင်းဘုတ်မှာ ပန်းဆိုးတန်း ဒလသွား ကူးတို့ရေ ယာဉ်ပေါ်တွင် ရေးသားထားသော ဌာနဆိုင်ရာ အမိန့်တစ်ခု ဖြစ်ပါသည်။

သို့သော် ကူးတို့ရေယာဉ်စီးဖူးသူတိုင်း ကြုံ တွေ့ရသည်ကား ယင်းသင်္ဘောပေါ်တွင် ဈေးရောင်း ချသူ၊ ဈေးသည်များ၏ဒုက္ခဖြစ်ပါသည်။ သင်္ဘော ပေါ်တွင် လွတ်လပ် နယ်မြေလို၊ မိမိအိမ်လို၊ ဆိုင် လို၊ တစ်ဦးနှင့်တစ်ဦး နောက်ကြ၊ ပြောင်ကြ၊ဆော့ ကစားကြ၊ အသံမျိုးစုံဖြင့် ကြော်ငြာမျိုးစုံဟစ်အော် ရောင်းချနေသည်မှာလည်း နားကွဲမတ တ်ပင်၊ မည်သူမျှ မပိတ်ပင်၊ မည်သူမျှ မတားဆီးပါ။ ညွှန် ကြားချက်ကိုလည်း မည်သူမျှ ဂရုမစိုက်ပါ။ ဌာန ဆိုင်ရာတစ်ခု၏အမိန့်၊ ညွှန်ကြားချက်ကို မလိုက် နာမှန်းသိ လျက်နှင့် ဘာကြောင့် ရေးထားသလဲ၊ ကျွန်တော် လုံးဝစဉ်းစားမရပါ။ တရားဥပဒေစိုးမိုး ခြင်းမရှိသည်မှာ ဒီကစတာပဲဖြစ်ပါသည်။ အရေး  မယူရင် မရေးဘဲထားသည်က ပိုကောင်းပါ သည်။ ဒါက ဥပမာတစ်ခုပင်။ ”ဤနေရာတွင် အမှိုက်မပုံ ရ၊တွေ့ရှိက ဒဏ်ငွေ ၁ဝဝဝဝ” ဟူ၍ ရဝတ၊ ယခု အခေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်က ကပ်ထားသည်။ ယင်းဆိုင်းဘုတ် အောက်တွင် အမှိုက်က တောင်လိုပုံနေသည်ကို လူတိုင်း မိမိ ရပ်ကွက်၊ မိမိပတ်ဝန်းကျင်တွင် တွေ့ရမည်ဖြစ်ပါ သည်။ ဒါက ဒေသန္တရ အမိန့်ပဲဖြစ်ပါသည်။ ဤ နေရာတွင် ”ဈေးမရောင်းရ”ဟု စည်ပင်က တား မြစ်ထားသည့် ဆိုင်းဘုတ်အောက်မှာ ဈေးသည် အပြည့်ဖြစ်နေပါသည်။ ဌာနဆိုင်ရာ အမိန့်လည်း မလိုက်နာ၊ ဒေသန္တရအုပ်ချုပ်ရေးအမိန့်လည်း မလိုက်နာ၊ အရေးယူမည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် လည်း မရှိတာက ယခုရာဇဝတ်မှုပေါများရေးကို တွန်းပို့နေခြင်း၊ တရားဥပေ ဒစိုးမိုးမှု မရှိခြင်း၏ အစဖြစ်ပါသည်။

ယခုတလော ဂျာနယ်၊ သတင်းစာများတွင် ဖတ်ရှုရသည်က စီးပွားရေးမြို့တော် ရန်ကုန်တွင် ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန် ခြင်း၊ ဥပဒေဘက်ေ တ်ာသား ပြည်သူ့ရဲများကို ရန်ပြုတိုက်ခိုက်ခြင်း၊ တာဝန်ရှိအဖွဲ့အစည်း ဖြစ် သည့် စည်ပင်သာယာဝန်ထမ်းများကို တိုက်ခိုက် ခြင်းများ လက်ရဲဇက်ရဲ ကျူးလွန်လာ သည် ကို တွေ့ရှိရပါသည်။

စည်ပင်သာယာဝန်ထမ်းကို ကျူးကျော်ဈေး သည်က ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခြင်း၊ တာဝန် အရ ဖမ်းဆီးခြင်း၊ အရေးယူခြင်းပြုသည့် ပြည်သူ့ ရဲ၊ ယာဉ်ထိန်းရဲများကို ချဲလင့်ခေါ်ပြီး ဗြောင်ကျ ကျ ဓားဖြင့်ထိုးခြင်း၊ အသက်အန္တရာယ်ပြုခြင်းများ သည် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသော လုပ်ရပ်များ ဖြစ်ပါသည်။

ပြည်ထောင်စုအဆင့်တွင် ပြည်ထဲရေးဝန် ကြီးဌာနသည်လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရနှင့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့အ စည်းများသည် ယင်းကိစ္စများကို အချိန်မီဟန့် တားရန် လိုအပ်နေပြီဖြစ်ပါသည်။ သို့မဟုတ်ပါက အုပ်ချုပ်ရေးကင်းမဲ့သော နိုင်ငံခြားတိုင်းပြည်အ ချို့လို နေ့ခင်းကြောင်တောင် လူသတ်မှု၊ လုယက် မှု များ ပေါ်ပေါက်လာပြီး ပြည်သူ့ဘဝ လုံခြုံမှုရှိ တော့မည် မဟုတ်ပါ။ ယာကူဆာဂိုဏ်းလိုမျိုး မူးယစ်ဆေးဂိုဏ်းလိုမျိုးဖြင့် လူမိုက်လမ်းသရဲဂိုဏ်း အဖွဲ့အစည်း များ ပေါ်ေ ပါက် လာနိုင်ပါသည်။

ဌာနဆိုင်ရာ အမိန့်၊ ဒေသန္တရ အုပ်ချုပ်ရေး အမိန့်များကို အမှန်တကယ် မလိုက်နာဘဲ ဟန်ပြ တာဝန်ကျေရေးထားပြီး၊ အရေးယူမှု မပြုခြင်း သည် ဥပဒေကို စိန်ခေါ် သူများ အဖို့ သွေးတိုးစမ်း ရာနေရာများဖြစ်ပါသည်။ ပေါ့ပေါ့တန်တန်ထား ၍မရပါ။ ရာဇဝတ်မှုများ အပြင် ဥပဒေအမိန့်ကို စိန်ခေါ်နေသော လုပ်ရပ်များကိုကြည့်လျှင် ရန် ကုန်မြို့ေ တာ်၌ မြောက်မြားစွာရှိတာကို တွေ့ရ မည်ဖြစ်ပါသည်။ ရန်ကုန်စည်ပင်နယ်နိမိတ်အ တွင်း ဆိုင်ကယ်မစီးရဆိုသည်ကို စီးနေကြခြင်း၊ မြို့တွ င်းပြေး ဆွဲနေေ သာ မော်ေ တာ် ယာဉ်များ လမ်းစည်းကမ်းဖောက်ဖျက်မှု ကျူးလွန်နေခြင်း၊ ညဘက်ပြိုင်ကားများ ဥပဒေကို မျက်ကွယ်ပြု မောင်းနှင်နေခြင်း၊ စည်ပင် မှ ဈေးမေ ရာင်းရနယ် မြေတွင် ကျူးေ ကျာ်ဈေးရောင်းချနေခြင်း၊ ကန်ထ ရိုက်တိုက်များ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေ ခြင်း၊ ဒါတွေအားလုံးသည် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော လုပ်ရပ်မျာြး ဖစ်ပါ သည်။ ဒါက ဥပမာတချို့ဖြစ်ပါသည်။ အခြား မြောက်မြားစွာရှိ နေသည်ကို ရန်ကုန်မြို့နေ ပြည်သူအားလုံး အသိ ဖြစ်ပါသည်။

ဒီလုပ်ရပ်များကို ပြန်လည်ဆန်း စစ်ကြည့် ပါက ယခင်စနစ်ဟောင်း၏ လုပ်ရပ်များ၊ လာဘ် ပေးလာဘ်ယူခြင်း၊ ဝန်ထမ်းစာရိတ္တဖောက်ပြန် ခြင်း၊ ဝန်ထမ်းများမလုပ်မရှုပ် မပြုတ်နေတတ်သ လိုနေခဲ့ကြခြင်းက ဖြစ်ဖျားခံလာတာကို တွေ့ရ မည်ဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူသော ရဲ ဝန်ထမ်း၊ လာဘ်ပေးလာဘ်ယူသော စည်ပင်ဝန် ထမ်း သည် အပြစ်ကျူးလွန်သူအပေါ် မည်သို့အ ရေးယူနိုင်ပါမည်နည်း။ မည်သူက လေးစားပါမည် နည်း။ သင်္ဃန်းကျွန်းမြို့နယ်သည် ခွင့်ပြုချက် မရှိဘဲ ကန်ထရိုက် တိုက်အများ ဆုံး ဆောက်သည့် မြို့နယ်ဖြစ်ကြောင်း ဂျာနယ်များတွင် ဖတ်ခဲ့ရပါ သည်။ ဒီလိုဆောက်ခြင်းကို မြို့နယ် စည်ပင်ရုံး များသည် အနီးကပ်နေပါလျက် မသိရှိခြင်း များ မဖြစ်နိုင် ပါ။ ကျွန်တော်သည် သင်္ဃန်းကျွန်းမြို့နယ် တွင် နေထိုင်သဖြင့် ယင်းစည်းကမ်းပျက်၊ ကန်ထ ရိုက်တိုက်များရှိရာ နေရာများ ရောက်သည့်အခါ ကန်ထရိုက်များနှင့် စည်ပင် ယူနီဖောင်း ဝတ်ဝန် ထမ်းများ ရောထွေးယှက်တင်အမြဲတမ်း တွေ့ရှိ နေရပါသည်။ မည်သည့် တာကထွက်သည်ကို ခန့်မှန်းနိုင်ပါသည်။

ကျွန်တော်အထက်ကရေးသားသလို ဥပဒေ ကို အကာအကွယ်ပြုသူများမှာ အဓိက ပြည်သူ့ရဲ များဖြစ်ပါသည်။ ပြည်သူ့ရဲက ဥပဒေအရမဆောင် ရွက်နိုင်လျှင် တရားဥ ပဒေ စိုးမိုးမှုမည်သို့  သက် ရောက်ပါမည်နည်း။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏တိုက်ရိုက်အုပ်ချုပ်မှုဖြင့် လက်အောက်ခံ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များ၏ အုပ်ချုပ်မှု စွမ်းေ ဆာင် ရည် ထက်မြက်မှုမရှိက ရာဇဝတ်မှုများ ပိုမိုပေါများလာမည်မှာ ဧကန်ဖြစ်ပါသည်။

လူစည်ကားရာ ဈေးများ၊ ကားဂိတ်များ တွင် လူမိုက်၊ လူရမ်းကားများ သောင်းကျန်းနေ သည်မှာလည်း နေ့စဉ် ဖတ်ရှုနေရပါသည်။ နောက်တစ်ချက်  ကျွန်တော်ေ ထာက်ပြ လိုသည်က နိုင်ငံရေးအကျဉ်းသားများကို တိုင်းပြည်အကျိုး ရှေးရှုပြန်လည်လွှတ်ပေးချိန်တွင် ရာဇဝတ်အ ကျဉ်းသားများလည်း ပါရှိလာရာ ယခုအခါထောင် ထွက်ဆိုသူ များက နေရာတကာ သောင်းကျန်းနေ သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဒါကိုလည်း တာဝန်ရှိသူများ သိရှိနိုင်ရန် တင်ပြရေးသားလိုပါ သည်။

ထို့ကြောင့် ကျွန်တော့်ဆောင်းပါးကို နိဂုံး ချုပ်ရလျှင် တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ဆောင်ကြဉ်းလိုပါက ဒေသန္တရ အမိန့် ညွှန်ကြားချက်များ၊ ဌာန ဆိုင်ရာ အမိန့် ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်း များကို ဟန်ပြတာဝန်ကျေ ထုတ်ပြန်ခြင်းမပြုဘဲ ထိထိ ရောက်ရောက် လိုက်နာနိုင်အောင် အဆင့်ဆင့် သော တာ ဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေ ဖြင့် တိကျစွာ အရေးယူဆောင်ရွက်ဖို့ လိုအပ်နေ ပြီဖြစ်ကြောင်း တိုက်တွန်း ရးသားရပါသည်။

ဘိုကြီး
Popular Myanmar News Journal