Home » » ပဋိပက္ခ ဖြစ်ရာမှာ ရဲတပ်က ဘာမှ မဟန့်တားဘူးလို့ စွပ်စွဲ

ပဋိပက္ခ ဖြစ်ရာမှာ ရဲတပ်က ဘာမှ မဟန့်တားဘူးလို့ စွပ်စွဲ

Written By Unknown on Monday, October 7, 2013 | 4:12 AM

သံတွဲမြို့မှာ အင်္ဂါင်္နေ့က ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မွတ်စလင်တွေကို အကြမ်းဖက်သမားတွေ က တိုက်ခိုက်သတ်ဖြတ်နေခိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘာမှ ကာကွယ် ဟန့်တားမှု မလုပ်ခဲ့ပဲ မတ်တတ်ရပ်ကြည့်နေခဲ့ကြတယ်လို့ ဒေသခံတွေက စွပ်စွဲပြောကြကြောင်း အေပီ သတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ဆိုက်ရောက်မလာခင် ၅ နာရီလောက်အလိုမှာ အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၅ယောက် သေဆုံးခဲ့ရတာကြောင့် အစိုးရအနေနဲ့ ဘာမှ တားဆီးနိုင်စွမ်း မရှိဘူးလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေတယ်လို့လဲ ဆိုပါတယ်။

ဒေသခံ မြို့သားတယောက်က အခု ဖြစ်ခဲ့တဲ့ ကိစ္စမှာ မနက်စောစော အာရုဏ်ဦးမှာ ဗုဒ္ဓဘာသာဝင် လူ ၁၅၀ လောက် ရောက်လာပြီး အိမ်တစ်အိမ်ကို မီးရှို့ကြောင်း၊ မွတ်စလင်တွေက လူစုလူဝေးနဲ့ ပြန်လည် မောင်းထုတ်လိုက်နိုင်ပြီး၊ ရဲဖက်ကလဲ လက်နက်တွေ အပ်နှံဖို့  အိမ်ပြန်ဖို့ ပြောခဲ့ကြောင်း ပြောပါတယ်။

အဲဒီနောက် အကြမ်းဖက်သမားတွေက မနက် ၉ နာရီခွဲမှာ တကြိမ်၊ မွန်းလွဲ ၂ နာရီခွဲမှာ တကြိမ် နှစ်ခါပြန်လာ့ပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ထွက်မပြေးနိုင်တဲ့ အသက် ၉၄ နှစ်ရွယ် အဖွါးအို တဦးနဲ့ ၈၉ နှစ်ရွယ် အဖိုးအို တို့ကို ဓါးတွေနဲ့ အကြိမ်ကြိမ် ထိုးခုတ်ခဲ့တယ်လို့ ပြောကြောင်း အေပီသတင်းဌာနက ဖေါ်ပြထားပါတယ်။

RFA Burmese