Home » » ဖိလစ်ပိုင်တွင် ငလျင်လှုပ်၊ အနည်းဆုံး ၂၀ ခန့် သေဆုံး

ဖိလစ်ပိုင်တွင် ငလျင်လှုပ်၊ အနည်းဆုံး ၂၀ ခန့် သေဆုံး

Written By Unknown on Tuesday, October 15, 2013 | 4:16 PM

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ ကျွန်းတွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က ၇ ဒဿမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံတွေ ပြိုကျလို့ အနည်းဆုံး လူ၂၀ လောက် သေဆုံးသွားပါတယ်။

မနီလာမြို့တော်ရဲ့ အရှေ့တောင်ဘက်က ကီလိုမီတာ ၄၀၀ အကွာမှာ ရှိတဲ့ ဘိုဟိုကျွန်းမှာ လူ ၄ ယောက် သေဆုံးခဲ့ပြီး အဆောက်အအုံတွေလည်း ပြိုကျသွားတယ်လို့ အရာရှိတွေကို ကိုးကားပြီး ဖိလစ်ပိုင်ရေဒီယိုတွေမှာ ဖော်ပြပါတယ်။

စီဘူမြို့နားမှာလည်း အနည်းဆုံး လူ ၁၅ ယောက် သေဆုံးသွားတယ်လို့  ဖိလစ်ပိုင်က ပေးပို့တဲ့ သတင်းတွေက ဆိုပါတယ်။ နောက်ထပ် လူ ၃၀ ကျော်လည်း ပျောက်ဆုံးနေပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတခုနဲ့ မြို့တော်ခန်းမဟောင်းအပါအ၀င် အဆောက်အဦ တွေလည်း ပြိုကျ ပျက်စီးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ မှတ်တမ်းအရ ငလျင်ဟာ မြေပြင်အောက် ၃၅ မိုင်မှာ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ ဆူနာမီ သတိပေးချက်တွေတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

၂၀၁၂ ခုနှစ် စက်တင်ဘာတုန်းက ဖိလစ်ပိုင်အလယ်ပိုင်းမှာ ငလျင်လှုပ်ခဲ့ပြီးနောက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး လူထောင်ပေါင်းများစွာကို ဘေးလွှတ်ရာကို ပြောင်းရွှေ့ ခဲ့ရပါတယ်။ အဲဒီတုန်းက ငလျင်ကြောင့် လူ ၁ ယောက်သေဆုံးခဲ့ပါတယ်။

by ဒီဗွီဘီ