Home » » ဆန္ဒဟူသည် လိုလားမှု . . . သို့သော် ‘ပေ’ဖြစ်၍ အထုခံနေရသောအခါ

ဆန္ဒဟူသည် လိုလားမှု . . . သို့သော် ‘ပေ’ဖြစ်၍ အထုခံနေရသောအခါ

Written By Unknown on Wednesday, October 2, 2013 | 4:58 PM

စက်ချုပ်နေသောမိန်းကလေးနှစ်ဦးကို အသေးစိတ်သင်ပြပြီးနောက် ကြမ်းပြင်ပေါ်ထိုင်လိုက်ရင်း နဖူးမှချွေး စေးများကို မချိုအေးသုတ်လိုက်သည်။တတ်ကျွမ်း ထားသော အသက်မွေးဝမ်း ကျောင်းပညာဖြင့် ယခုလိုကိုယ်ပိုင်သင် တန်းဖွင့်ထားနိုင်ပြီး သင်တန်းကလည်း အသင့်အတင့် အောင်မြင်သောကြောင့် ပင်ပန်းပုံရသော်လည်း မချိုအေး မျက်နှာ က ရွှင်လန်းနေသည်။

ယခင်က စက်ချုပ်ပညာဖြင့် လှိုင် သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံတွင် လုပ်ခဲ့သော်လည်း ဖြစ်ပေါ်လာသော အခြေအနေများက စက်ရုံ အလုပ် သမား ဘဝကိုစွန့်ခွာ ရန်ဖြစ်လာခဲ့ သည် ဟု သူက ဆိုသည်။ ကိုယ်ပိုင်လုပ်ငန်း ဖြင့် အသားကျနေပြီဖြစ်သော သူမအ နေဖြင့် စက်ရုံအလုပ်သမားဘဝကို ပြန် မသွားလိုတော့။ ဘဝတူအလုပ်သ မား များ၏ အရေးအတွက်ရှေ့ဆုံးမှ အင် တိုက်အားတိုက် ပါဝင်တောင်းဆိုခဲ့ သော သူ့အတွက် ရရှိလာသောနောက် ဆက်တွဲရလဒ်များကအားရစရာမရှိ။ သို့သော် သူမကကျေနပ်သည်။ ဦးဆောင် လုပ်ပေးခဲ့သောကြောင့် ဘဝတူအလုပ် သမားများ ထိုက်သင့်သော လစာလေး များ ရရှိလာချိန်တွင်သူကတော့ ခြောက် နှစ်ကြာ အလုပ်လုပ်ခဲ့သော စက်ရုံကို ကျောခိုင်းခဲ့ရတော့သည်။

”မထွက်လို့မရတော့ဘူး။ စက်ရုံထဲ မှာအဆင်မပြေဘူး။ အလုပ်ရှင် အလုပ် သမားသဘောတူစာချုပ် ချုပ်ထားပေ မယ့် စာချုပ်ပါအချက်တွေကို မလိုက်နာ ဘူး။ အလုပ် သမားတွေကိုနေရာတွေ ရွှေ့ပစ်တယ်။ စံချိန်တွေ တိုးတောင်း တယ်။ ဥပမာ – အရင်က တစ်ရက်ကို အထည်ငါးဆယ်တောင်းရင် စက်ရုံထဲ  ပြန်ဝင်ပြီး နောက်ပိုင်းအထည် ခုနစ် ဆယ် ပေးရတယ်။ မပေးနိုင်ရင်လည်း အမျိုးမျိုးပြောဆိုလွှတ်တယ်”ဟု မချို အေးက ပြောပြသည်။

လှိုင်သာယာစက်မူဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံ အလုပ်သမားဖြစ် သည့် မချိုအေး အပါအဝင်လုပ်သားတစ် ထောင်ကျော်သည် လုပ်ခလစာတိုးပေး ရေးအတွက် ယခုနှစ် မေလအတွင်းမှစ၍ တစ်လကျော်ကြာဆန္ဒပြခဲ့ကြသည်။အ လုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ညှိနှိုင်းပေးမှုဖြင့် ပြေလည် သွားခဲ့ပြီး စက်ရုံအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ သည်။ သို့သော်လည်း ဆန္ဒပြအလုပ် သမားများသည်  စက်ရုံအတွင်းအဆင် မပြေမှုများနှင့် ကြုံခဲ့ကြရသည် ။

”ကျွန်မဆိုရင် လူဟောင်းဖြစ်တဲ့ အတွက် တစ်ရက်ကိုအထည်ခုနစ်ရာ တောင်းတော့ ပေးရတယ်။ ကိုယ်က     ခြောက်နှစ်လုံးလုံး ဒီမှာချုပ်ခဲ့တာဖြစ်လို့ ခုနစ်ရာ ရတယ်။ ပြီးတော့ကျွန်မနေရာ မှာ လူသစ်တစ်ယောက်အစားထိုးတယ်။ အဲဒီလူသစ်ကိုလည်းခုနစ်ရာပေးရမယ် ဆိုပြီးတောင်းတယ်။ တစ်ရက်နှစ်ရက် ပဲချုပ်ရသေးတဲ့ လူတစ်ေ ယာက်ကဘယ် လိုလုပ် အထည်ခုနစ်ရာ ရနိုင်မလဲ။ အဲလိုမရရင် ခေါ်ပြီးပြောဆိုလွှတ်တယ်။ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားအောင် စိတ်မညစ်ညစ်အောင်လုပ် တာပေါ့”ဟု မချိုအေးက ပြောသည် ။

ထိုသို့လုပ်ဆောင်မူကြောင့် စက်ရုံ အတွင်းပြန်ဝင်ရောက်ခဲ့သော အလုပ် သမားများမှ အလုပ်သမားနှစ်ရာကျော် သည် အခြားစက်ရုံများသို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ သို့သော်ကျန်နေခဲ့သည့် အလုပ်သမားများ၊ နောက်ဝင်လာမည့်အလုပ်သမားသစ်များကမူ မချိုအေး တို့တောင်းဆိုခဲ့သည့် အသီးအပွင့် များကိုခံစားရ၍ တောင်းဆိုရ ကျိုးနပ်ခဲ့ သည်ဟု သူက ဆိုသည်။

”နောက်ဝင်လာမယ့်လူတွေကို လည်း ကျွန်မတို့ တောင်းဆိုခဲ့တဲ့နှုန်း အတိုင်းပဲ ပေးရတော့မယ်လေ။ အချိန် ပိုဆိုလည်း ၁ နာရီ မဖြစ်မနေ လျှော့ပေး ရမယ်ဆိုတဲ့ အတွက်ဝမ်းသာတယ်”ဟု သူက အားတက်သရော ပြောသည်။

၂ဝ၁၁ ခုနှစ်တွင် လှိုင်သာယာစက် မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံဆန္ဒပြမှုမှစ၍ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်သမား များ၏ ဆန္ဒပြတောင်းဆိုမှုများဆက် တိုက်ဖြစ်ပေါ်လာ ခဲ့သည်။ ယခင်အစိုးရ လက်ထက်က အလုပ်သမားများ၏ နစ် နာမှုများ၊ ရပိုင်ခွင့်များကို ထုတ်ဖော် တောင်းဆိုခွင့်မရှိခဲ့သော်လည်း အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် အ လုပ်သမားတို့ ပြောရဲဆိုရဲရှိလာကြသည်။မိမိတို့၏ နစ်နာမူများ၊ ရပိုင်ခွင့်များကို တောင်းဆိုခွင့်ရှိလာကြသည်။ ထို့ ကြောင့် အလုပ်ရှင်အလုပ်သမားအငြင်း ပွားမှုများ
ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး ၂ဝ၁၂ ခုနှစ် မေလအတွင်း စက်ရုံ ၅၇ ရုံမှ အလုပ်သမား ၃၆၈၁ဝ ဦးက လစာ တိုးတောင်းမှုဖြစ်ပွားခဲ့သည်။ ထို့နောက်  အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနကလည်း အလုပ် သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများကို ၂ဝ၁၂ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့ပြီး ဥပဒေအတိုင်းပင်အ လုပ်  သမားရေးရာ အငြင်းပွားမှုများကို ဆက် လက်ဖြေရှင်းရန်ဆောင်ရွက်ခဲ့သည်။

ယခင်က အလုပ်သမားရေးရာ အငြင်းပွားမှုများကို မြို့နယ်ဝါဏိဇ္ဇရုံး တွင် ဖြေရှင်းခဲ့သော်လည်း ဥပဒေ ထွက် လာပြီး နောက်ပိုင်းတွင်မူ ယခင်ကဲ့သို့ မဟုတ်တော့။ အလုပ်သမားရေးရာ အငြင်းပွားမူဖြစ်ပေါ်ပါက အလုပ်သမား ရေးရာ လုပ်ငန်းကော်မတီ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ တိုင်းဒေသကြီး ပြည်နယ် ခုံသမာဓိအဖွဲ့၊ ခုံသမာဓိ ကောင်စီ စသည်ဖြင့်အဆင့်ဆင့် ဖြေ ရှင်းခွင့် ရရှိလာခဲ့သည်။ ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်သည် အ တည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်ကို မကျေ နပ်ပါက တရားလွှတ်တော်ချုပ်သို့ ဆက်လက် တင်ခွင့်ရှိသည် ။

၂ဝ၁၂ – ၂ဝ၁၃ နှစ်နှစ်တာကာလ အတွင်း မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ မှ အလုပ်သမားဆန္ဒပြမှု ၈ဝဝ ကျော်ကို ဖြေရှင်းပေးခဲ့ရပြီး လိုင်သာယာစက်မှု ဇုန်မှ ဆန္ဒပြမှုအများဆုံးဖြစ်ကြောင်းမှတ် တမ်းများအရသိရသည်။ဖြစ်ပေါ်သော အမှုများအနက် ခုံသမာဓိကောင်စီသို့ ရောက်ရှိသည့်အမှုမှာနှစ်နှစ်တာ ကာလ အတွင်း ၅၉ မှုရှိခဲ့ပြီး ကောင်စီ၏ဆုံး ဖြတ်ချက်ကို အလုပ်ရှင်ဘက်မှမလိုက်နာ သောအမှု အများဆုံးဆယ်မှုအထိ ရှိ ကြောင်း ခုံသမာဓိကောင်စီဝင်တစ်ဦးဖြစ် သည့် ဦးရဲနိုင်ဝင်းက ဆိုသည်။

”တိတိကျကျ မလိုက်နာတာ မဟုတ် ဘူး။ အချိန်ဆွဲတာပေါ့။ အလုပ်သမား ကို အလုပ်ပြန်ခန့်ဖို့ ဆုံးဖြတ်လိုက် တယ်ဆိုရင် ဒါ ရက်သုံးဆယ်အတွင်း ပြန်ခန့်ရမယ်။ အဲဒါကို မခန့်ဘဲနဲ့ ရက်သုံးဆယ် နားကပ်မှ တရားလွှတ် တော်ချုပ်ကို ဆက်တင်တယ်။ အလုပ် သမားတွေရဲ့ အလုပ်ထုတ်နစ်နာကြေး တွေ ရရှိဖို့တွေမှာကြန့်ကြာမှုတွေ   ဖြစ်  တာပေါ့”ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

ထို့အပြင်တရားလွှတ်တော်ချုပ် သို့ ဆက်တင်၍ တရားလွှတ်တော်ချုပ်မှ ပယ်ချသောအခါတွင်လည်း ခုံသမာဓိ ကောင်စီ၏ဆုံးဖြတ်ချက်ကိုမလိုက်နာ သော အလုပ် ရှင်များလည်းရှိသည်ဟု ၄င်းက ဆိုသည်။

အချို့အမှုများကို အလုပ်ရှင်ဘက် မှမကျေနပ်၍ တရားလွှတ်တော်ချုပ်သို့ ထပ်မံတင်ပြသော်လည်း ယနေ့အထိ တရားလွှတ်တော်ချုပ်မှ လက်ခံသည့် အမှု တစ်မှုမှ မရှိသေးကြောင်း ဦးရဲနိုင် ဝင်းက ပြောသည် ။

”အမှုတစ်ခုမှာ ခုံသမာဓိကောင်စီ ရဲ့ ဆုံးဖြတ်ချက်က ဘက်လိုက်မှု ရှိ မရှိကို တရားလွှတ်တော်ချုပ်ကကြည့် ရတာပေါ့။  တကယ်လို့ဆုံးဖြတ်ချက်က ဘက်လိုက် တယ်ဆိုရင် ပြင်ဆင်ဆုံးဖြတ် နိုင်တယ်။ လက်ရှိအချိန်ထိတော့ အမှု တွေ အားလုံး တရားလွှတ်တော်ချုပ်က ပယ်ချခဲ့တာတွေချည်းပဲ” ဟု ၄င်းက ပြောသည်။

ထိုသို့အလုပ်ရှင်ဘက်မှ စာချုပ်ပါ အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆန္ဒပြသော အလုပ်သမားခေါင်းဆောင် များကို အလုပ်ထုတ်ခြင်း၊ အလုပ်သမား အဖွဲ့အစည်း မှ နုတ်ထွက်အောင် ဖိအား ပေးခံရခြင်း စသည်တို့ကို ပြုလုပ်သော ကြောင့်အလုပ်သမားဆန္ဒပြမှုများ ဆက် လက်ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး လိုက်ပါဆောင်ရွက် ပေးသူ ရှေ့နေဦးဌေးက ပြောသည် ။

”မနှစ်ကဆို ဆံပင်တုစက်ရုံက အဲဒီလိုပဲဖြစ်တာ။ အလုပ်ရှင် အလုပ် သမား သဘောတူစာချုပ်ချုပ်ဆိုပြီး အလုပ်ရှင်ဘက်က မလိုက်နာလို့ အ လုပ်သမားတွေက ဆန္ဒ ထပ်ပြတယ်။သက်ဆိုင်ရာကလာညှိပြီးတော့ အဆင် ပြေတယ်။ အဆင်ပြေပြီးမှ ထပ်ချိုး ဖောက်လို့အမှုဖြစ်တယ်။ စာချုပ်တော် တော်များများကို အလုပ်ရှင်ဘက် မ လိုက်နာတာများတယ်”ဟု ဦးဌေးက ဆို သည် ။

ဆန္ဒပြတောင်းဆိုသူများကြောင့် အချို့စက်ရုံအလုပ်သမားများမှာ  ထိုက် သင့်သည့် အခွင့်အရေးများရရှိသွားကြသော်လည်း ထိုသို့ဦးဆောင်တောင်းဆို သူများမှာ အလုပ်ထုတ်ခံရကာ အခြား စက်ရုံများသို့ ပြောင်းရွှေ့ အလုပ်လုပ်ရခြင်းများကြုံတွေ့နေရကြောင်း ဦးဌေးက ပြောသည်။

”အလုပ်ထုတ်တဲ့ဒဏ်ကို မခံနိုင် ကြတော့တာ။ အထုတ်မခံရရင်လည်း ဖိအားဒဏ်ကို မခံနိုင်လို့ထွက်သွား ကြတာ  ၊ကျွန်တော်နဲ့လက်တွဲအလုပ်လုပ် ခဲ့တဲ့ စက်ရုံအလုပ် သမားခေါင်းဆောင်တော်တော်များများအဲဒီလိုပဲ ထွက်သွား ကြရတာ။ တော်တော်များများက သူတို့ စက်ရုံတွေမှာ မရှိကြတော့ဘူး။ အလုပ် သမားအဖွဲ့အစည်းကလည်း ထွက်ပေး ကြရတယ်”ဟု ဦးဌေးက ပြောသည်။

ထို့ပြင်လက်ရှိတွင်လည်း စာချုပ်ပါစည်းကမ်းချက်ကိုဖောက်ဖျက်ပြီး အ လုပ်သမားကို အလုပ်ပြန်မခန့်၍ ခုံ သမာဓိ အဆင့်ထိ ပြန်တင်ထားရသည့် အမှုများလည်း ရှိကြောင်း ဦးဌေးက ပြောသည်။

”ဖိနပ်စက်ရုံတစ်ရုံဆိုလည်း အဲဒီ လိုပဲလေ။ စာချုပ်ပါ အခွင့်အရေးအတိုင်း လစာတိုးတောင်းတာကို အလုပ်ဖြုတ် ခံရတယ်။ သူကဒီအတိုင်းတောင်းတာ မဟုတ်ဘူး။ စာချုပ်ပါအတိုင်း ဆောင် ရွက်ပေးဖို့တောင်းတာ။ အဲဒါကိုအလုပ် ဖြုတ်ခံရလို့ ခုံသမာဓိအဆင့်ထိတင်ထား တယ်”ဟု ၄င်းက ပြောသည်။

ထိုသို့ဖိစီးမူများကြောင့် ကိုယ့် သဘောနှင့်ကိုယ် အလုပ်ထွက်လာသူ များတွင် ကိုစိန်ဝင်းလှိုင်သည်လည်း အပါအဝင် ဖြစ်သည်။ လှိုင်သာယာရှိ အထည်ချုပ်စက်ရုံတွင် စက်ပြင်အဖြစ် ဆယ့်နှစ်နှစ်တာ လုပ်ခဲ့ပြီးနောက် အ လုပ်သမားများအတွက် ဦးဆောင်ကာ လုပ်ခလစာနှင့်ပတ်သက်၍ အရေးဆိုမှု ပြုလုပ်ခဲ့သည်။ အလုပ်ရှင်နှင့် ညှိနှိုင်း၍ အချို့အချက်များကို မကျေနပ်သော် လည်း လချီကြာမြင့်နေသော ဆန္ဒပြမှု ကြောင့် အလုပ်သမားများ၏ နေရေး စားရေးငဲ့ညှာကာ စက်ရုံထဲသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။

”သူတို့ကမကျေနပ်ရင် ထွက်သွား လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဝင် လိုက်တယ်ဆိုတာက အများစုက မိန်း ကလေးတွေ ဖြစ်နေတဲ့အတွက် ဒီ လောက်နဲ့ပဲ ကျေနပ် လိုက်မယ် ဆိုပြီး ပြန်ဝင်ခဲ့ကြတာ။ အထဲရောက်တော့ အပြစ်တစ်ခုဖြစ်ရင် အရင်ကကောင်းခဲ့ တာကိုမငဲ့ညှာမထောက်ထားဘဲ အဲဒီလူ ကိုထုတ်ပစ်တယ်”ဟု ကိုစိန်ဝင်းလှိုင် က စက်ရုံတွင်း အခြေအနေများကိုပြောပြ သည်။

ထို့ကြောင့်ပင် စက်ရုံအလုပ်သမား ဘဝကို စိတ်ပျက်ကာ စွန့်ခွာခဲ့သည်ဟု ၄င်းက ဆိုသည်။

အခြားစက်ရုံများကိုသွားရောက်အလုပ်လုပ်ရန်အတွက်လည်း ဆန္ဒပြမှု တွင် ပါဝင်ထားသောကြောင့် အလုပ်ရ ရန်မလွယ်ကူတော့ဟု သူက ပြောသည်။

”အချို့စက်ရုံတွေကတော့ တခြား စက်ရုံမှာ ဆန္ဒပြတယ်ဆိုပေမယ့် သူတို့ ဆီရောက်ရင်ကောင်းရမယ်ဆိုပြီး ရည် ရွယ်ချက်နဲ့ခေါ်တာရှိတယ်။ တချို့စက်ရုံ ကျတော့ လည်း ဟိုဘက်စက်ရုံမှာ ဆန္ဒ ပြနေတဲ့ သူတွေနာမည်တွေ့တာနဲ့ မ ခေါ်တော့ဘဲ ပြန်လွှတ်တာတွေလည်း ရှိတယ်”ဟု ၄င်းက ပြောသည်။

ယမန်နှစ်ကအလုပ်သမားဆန္ဒပြမှု  ဖြစ်ပွားခဲ့သော တော်ဝင်သစ်အချော ထည် စက်ရုံမှ ဒါရိုက်တာ ဦးညွန့်သိန်း က အလုပ်ရှင်အလုပ်သမားအငြင်းပွား မှုများနှင့်ပတ် သက်၍ အလုပ်ရှင်အလုပ် သမားနှစ်ဖက် ညှိညှိနှိုင်းနှိုင်းလုပ်ဆောင် သင့်ပြီး၊ တစ်ဖက်နှင့်တစ်ဖက် မစီးပိုး သင့်ကြောင်း သုံးသပ်သည်။

”တချို့တွေနေ့စားခ အရမ်းနည်း တာတွေရှိတယ်၊ သူတို့တောင်းဆိုတာမှန် ပါတယ်။ တချို့နေရာတွေကျတော့ နေ့ စားခရှိရဲ့သားနဲ့ တောင်းဆိုမှုများ    တယ်။ ဥပမာ – နေစရာတောင်းတာတို့ ဘာတို့ကျတော့ အလုပ်ရှင်ဘက်က လိုက်လျောဖို့မလွယ်ဘူးလေ”ဟု ဦးညွန့် သိန်းက ပြောသည် ။

အလုပ်ရှင်ဘက်မှ လုပ်ပေးသင့် သလောက်လုပ်ပေးသော်လည်း အလုပ် သမားများဘက်မှ မကျေနပ်၍ ထပ်မံ တောင်းဆိုမှု များလည်းရှိကြောင်း နှစ်ဦး နှစ်ဖက်မနစ်နာ သည့် ညှိနှိုင်းဖျန်ဖြေ ရေးလမ်းဖြင့်သာ သွားသင့်ကြောင်း ဦး ညွန့်သိန်းက သုံးသပ်သည်။

”ကျွန်တော်တို့ဆိုရင်လည်း အ လုပ်ရှင် အလုပ်သမားသဘောတူစာချုပ် တို့ဘာတို့ကလုပ်ပေးလို့ရတယ်။ ဒါပေမဲ့ သူတို့ (အလုပ်သမား )တွေက အပြင်မှာ မဟုတ်တာေ တွ လျှောက်ပြောတော့ အခက်အခဲဖြစ်တယ်”ဟု ၄င်းတို့စက်ရုံ တွင် ဖြစ်ပွားခဲ့သော အလုပ်ရှင်အလုပ် သမားအငြင်းပွားမှုနှင့်ပတ်သက်၍ ၄င်း က ပြောပြသည်။

စက်ရုံအတွင်း အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ မဖြစ်စေရန် အတွက် အလုပ်သမားဘက်မှ လုပ်အား အပြည့်အဝပေးခြင်း၊ ထိခိုက်ဒဏ်ရာရ ခြင်းမှ ကာကွယ် သည့် စီမံချက်ကိုလိုက် နာခြင်း၊ သတ်မှတ်ထားသည့် စံချိန်ကို ပြည့်မီအောင်ထုတ်ပေးခြင်း၊ သတ်မှတ် ချိန်အတွင်း အလုပ်သို့ ရောက်ရှိခြင်း၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကိုလိုက်နာခြင်း စသည်တို့ လိုအပ် သည် ။

အလုပ်ရှင်ဘက်မှလည်း လုပ်သား များ၏ ဥပဒေပါအခွင့်အရေးများ ရရှိ အောင်ဆောင်ရွက်ပေးခြင်း၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို ဥပဒေနှင့်အညီ အလုပ်သမားများနှင့် ညှိနှိုင်းချုပ်ဆိုခြင်း၊ မိမိစက်ရုံမှ မတော် တဆထိခိုက်သေဆုံးမှုများရှိခဲ့ပါက အ လေးထား ဆောင်ရွက်ပေးခြင်း၊ ရရှိ လာသောညွှန်ကြားချက်များကို အလုပ် သမားများအားအသိပေးထားခြင်း၊ လုပ် ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဖွဲ့စည်းပေးထား ခြင်း၊ အခြေခံအလုပ်သမားအဖွဲ့အ စည်း နှင့် စက်ရုံတွင်းရှိညှိနှိုင်းဖျန်ဖြေရေး အ ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းစသည်တို့ကိုလုပ်ဆောင်ရန်လိုအပ်ကြောင်း အ လုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြော သည်။

ထို့ပြင်ဥပဒေကိုမလိုက်နာသောအလုပ်ရှင်များကိုလည်း ထိရောက်သည့် ပြစ်ဒဏ် ပေးသင့်ကြောင်း၊ လက်ရှိပြ ဋ္ဌာန်းထားသောအလုပ်သမားရေးရာ အငြင်းပွား မှုဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ်မပါရှိကြောင်း ၄င်းက ဆို သည် ။

ခုံသမာဓိကောင်စီဝင်တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦး မောင်မောင်ဝင်းကလည်း အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြစ်ပေါ်ပါက အမှုအများစုတွင် အလုပ်ထုတ်နစ်နာ ကြေး ပေးစေကာ အလုပ်ရှင်နှင့် အလုပ် သမားလမ်းခွဲကြသည့် အနေအထားမျိုး ဖြစ်အောင်ဆောင်ရွက်ပေးကြောင်း၊ ပြန် ခန့်ပါကအလုပ်ရှင်အလုပ် သမားပဋိပက္ခ ဖြစ်ပွားနိုင်သည့် အခြေအနေမျိုးရှိမှာ စိုး၍ဖြစ်ကြောင်း ပြောသည်။

”အလုပ်ရှင်တချို့ ဖြစ်နေတာက ခုံသမာဓိက အလုပ်ပြန်ခန့်ပါလို့ဆုံးဖြတ် လိုက်ပေမယ့် သူတို့ကစာချွန်တော်ဆိုပြီး တင်တယ်။ ဟိုက ပယ်လိုက်ပေမယ့် လည်း အလုပ်သမားတွေကို အလုပ်ပြန် မခန့်ဘူး။ အဲဒီလိုမျိုးတွေကို ထိထိ ရောက်ရောက် အပြစ်ပေးနိုင်ဖို့အတွက် ဖြည့်စွက်ချက်တွေကို အလုပ်ရှင်အလုပ် သမားအငြင်းပွား မှုညှိနှိုင်းဖျန်ဖြေရေး ဥပဒေမှာ ထည့်သွင်းသွားဖို့ရှိပါတယ်”ဟု ဆိုသည်။

အဆိုပါဖြည့်စွက်ချက်ကိုထည့် သွင်းရန်အတွက် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြင်ဆင်နေခြင်းဖြစ်ပြီး ခုံသမာဓိ ကောင်စီ၊ အလုပ်သမားညွှန်ကြားရေးဦး စီးဌာန၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များစုပေါင်း ဆွေးနွေးနေခြင်းဖြစ်ကြောင်း ခုံသမာဓိကောင်စီဝင်ဦးရဲနိုင်ဝင်းက ဆိုသည်။

”ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင်၊ သတ်မှတ်ကာလအတွင်း မှာဆောင်ရွက်ဖို့ပျက်ကွက်ရင် ထောင် ဒဏ် တစ်နှစ်နဲ့ ငွေဒဏ်တစ်သိန်းပေါ့။အဲဒီ ပြစ်ဒဏ်ကို ထည့်သွင်းဖို့စီစဉ်နေ တာ ပြီးသလောက်ဖြစ်သွားပြီ”ဟု ၄င်း က ဆိုသည်။

ထို့နောက်အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တစ်ဆင့် လွှတ်တော်သို့ ဆက်လက်တင် ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖြည့်စွက်ချက် မထည့်သွင်း မီကာလအတွင် ဥပဒေကိုမလိုက်နာ သည့်အလုပ်ရှင်ရှိပါက အလုပ်သမား များအနေဖြင့် အချက်အလက်စုံလင် အောင်စုဆောင်း၍ သက်ဆိုင်ရာသို့ တင်ပြသင့်ကြောင်းဦးရဲနိုင်ဝင်းက အကြံ ပြုသည်။

”အဲဒီအပိုင်းက အလုပ်ရုံနှင့် အ လုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှာဆက်လုပ်ရမှာ၊ အလုပ်ရှင်က ရက် သုံးဆယ်အတွင်း ပြန်မခန့်ရင် အဲဒီထုတ် လိုက်တဲ့နေ့ ကစပြီးကြားကာလ နစ်နာ ကြေးကို ပေးရမှာ။ အဲဒါကြောင့် အမှု နဲ့ပတ်သက်တဲ့ရပိုင်ခွင့်တွေကို အလုပ် သမားတွေက စုစုစည်းစည်းနဲ့စနစ်တကျ တင်ပြသင့်တယ်”ဟု ၄င်းက ဆိုသည်။

သို့သော်လက်တွေ့တွင်မူ အလုပ် သမားများကထိုသို့မဆောင်ရွက်ကြဘဲ အချိန်ကြာလာသည်နှင့်အမျှ အကွဲကွဲ အပြားပြားဖြစ်ကာ နစ်နာမှုများ ကြုံ တွေ့နေကြရေ ကြာင်း ၄င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ စက်ရုံများတွင် ဆန္ဒပြ အလုပ်သမားများအား အလုပ် ရှင်များက ခွဲခြားဆက်ဆံမှုများ၊ ဆန္ဒပြခဲ့ သော်လည်းတောင်းဆိုသည့် အတိုင်းမရ မှုများ  ရှိနေဆဲဖြစ်ကြောင်း ပီနံအိတ် စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သည့် မအိမွန်ကိုက ပြောသည်။

လစာတိုးပေးရန်အတွက် ၃၂ ရက် တိတိ ဆန္ဒပြခဲ့ပြီး အစာငတ်ခံဆန္ဒပြ သည်အထိ ဆိုးဝါးစွာဖြစ်ပွားခဲ့သော်လည်း     တောင်းဆိုချက်များမရသည့် အပြင်လုပ် ငန်းခွင် အတွင်းခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း မအိမွန်ကိုက ပြော သည်။

”သက်ဆိုင်ရာလူကြီးတွေရှေ့ မှာ ကျတော့ သဘောတူစာချုပ်ချုပ်မယ် ဆိုပြီး နောက်ရက်စာချုပ်ချုပ်ဖို့သွား တော့ ဒါဥပဒေနဲ့မညီဘူးဆိုပြီး ပြန်ဖြစ် သွားရော။ ဆန္ဒပြတုန်းက အလုပ်သမား တစ်ထောင့်ငါးရာရှိတယ်။ စက်ရုံထဲမှာ အလုပ်သမား သုံးရာပဲကျန်ခဲ့တယ်။ကျွန်မတို့တောင်းတဲ့ အချက်တွေကို စာသားတွေအကုန်ပြန်ြ ပင်ပြီးပေးတာဆို တော့ စာချုပ်ကိုမချုပ်တော့ဘဲ အထဲပြန် ဝင်ခဲ့တယ်။ အထဲရောက်တော့ သူတို့ ဘက်က စာချုပ်အတိုင်းဆက်မလုပ်တဲ့ အခါကျတော့ ပိုဆိုးသွားတာပေါ့” ဟု မ အိမွန်ကိုက ပြောသည်။

သက်တမ်းရင့်အလုပ်သမားများ ကို နှစ်အလိုက်ရာထူးတိုးပေးခြင်းများ ရှိသော်လည်း ဆန္ဒပြအလုပ်သမားများ ကိုမူ ရာထူးတိုးပေးမှုမရှိတော့ကြောင်းအလုပ် သမားများ ကို အရေးယူမှုအပိုင်း တွင်လည်း ခွဲခြားဆက်ဆံမှုများရှိလာ ကြောင်း မအိမွန်ကိုက ဆိုသည် ။ထိုသို့သောဖြစ်ရပ်များသည် အ လုပ်သမားများဘက်မှ ဥပဒေကိုသေချာ စွာနားမလည်သောကြောင့် ဖြစ်ပွားနေရ ခြင်းဖြစ်ကြောင်း၊ ဖြစ်ပေါ်နေသောအလုပ်သမားပြဿနာများကို လေ့လာပါ က အလုပ်သမားများ၏ အဆင့်ကျော်လုပ်ဆောင်မူ များကြောင့် နစ်နာမှုများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ခုံသမာဓိ ကောင်စီဝင် ဦးရဲနိုင်ဝင်းက ဆိုသည် ။

”အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုမှာ ဆန္ဒပြတဲ့နည်းကို မသွားသင့် ဘူး။ မကျေနပ်မှုဖြစ်ရင် စက်ရုံအတွင်း ညှိနှိုင်း၊ မရရင်မြို့နယ်အဆင့်၊ ပြီးတော့ မှ ခုံသမာဓိနည်း ကိုကျင့်သုံးသင့်တယ်။ အခုဖြစ်တဲ့အလုပ်သမားပြဿနာတွေ မှာ အစာငတ်ခံဆန္ဒပြတဲ့အထိ ဖြစ်ပြီးမှ မြို့နယ်အဆင့်ကလာညှိနှိုင်းတယ်။ အ စာငတ်ခံဆန္ဒပြတယ် ဆိုတာ ဒါအမြင့် ဆုံးပဲလေ၊ အမြင့်ဆုံးအထိ ရောက်လာ ပြီးမှ မြို့နယ်ကလာညှိတယ် ဆိုတော့ အနိမ့်ဆုံး တိုက်ပွဲလို ဖြစ်နေတယ်။ ညှိ နှိုင်းတဲ့နည်းကို သွားသင့်တယ်” ဟု ဦးရဲနိုင်ဝင်းက မှတ်ချက်ပြုသည်။

နှစ်နှစ်တာ ကာလအတွင်းဖြစ်ပွား ခဲ့သော အလုပ်ရှင်အလုပ်သမား အငြင်း ပွားမှုပေါင်း ရှစ်ရာကျော်အနက် အလုပ် သမားများတောင်းဆိုသည့်အတိုင်းရ သွားသည့် စက်ရုံများရှိသလို တောင်းဆို သည့်အတိုင်းမရဘဲ စက်ရုံတွင်း ခွဲခြားဆက်ဆံခံရသူများလည်းရှိနေဆဲပင် ဖြစ် သည်။

ထိုသို့ခွဲခြားဆက်ဆံမှုများ၊ ဥပဒေ ကိုချိုးဖောက်သူများအတွက် မကြာမီပင် ပြစ်ဒဏ်များ ထည့်သွင်းနိုင်တော့မည် ဖြစ်သည်။ ပြစ်ဒဏ်များ ထည့်သွင်းပြီး ချိန်တွင်တော့ မချိုအေး ၊ကိုစိန်ဝင်းလိုင် နှင့် မအိမွန်ကိုတို့ကဲ့သို့သော ပြဿနာ များ ဆက်လက်မဖြစ်ပွားနိုင်ဟု မျှော် လင့်ရပေသည်။ မည်သို့ပင်ဖြစ်စေ ကို စိန်ဝင်းလှိုင်ကတော့ စက်ရုံအလုပ်သ မားဘဝကို ဘယ်တော့မှ ပြန်မသွား တော့။ လက်ရှိ လုပ်ကိုင်နေသော စက် ပြင်သင်တန်း အလုပ်အဆင်မပြေပါက လည်း အခြားအလုပ်သာလု ပ်တော့မည် ဟု စိတ်ပိုင်းဖြတ်ထားဟန်ကို သူ့စကား များအရ မြင်သာနေခဲ့သည်။

”ကျွန်တော် စက်ရုံအလုပ်ကို စိတ် ကုန်သွားပြီ”ဟု ကိုစိန်ဝင်းလှိုင်က ပြော လိုက်သည်။

မေဇင်ဝင်း၊ ခိုင်နွယ်ဦး
Popular Myanmar News Journal