Home » » အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် တစ်ပတ်အတွင်းဖယ်ရှားပေးရန်အမိန့်ထုတ်

အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် တစ်ပတ်အတွင်းဖယ်ရှားပေးရန်အမိန့်ထုတ်

Written By Unknown on Wednesday, October 30, 2013 | 6:41 PM

အထက်မင်းလှ၊ အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီးသရက်ခရိုင် အထက် မင်းလှမြို့အတွင်းရှိ ထန်းကိုင်းရေနံမှော်အား တစ်ပတ်အတွင်းဖယ်ရှားပေးကြရန် စက်တင်ဘာ ၉ ရက်တွင် သရက်ခရိုင် ရဲမှူးကြီး၏အမိန့်အရ အသံချဲ့စက်ဖြင့်လည်းကောင်း၊ စာများဖြန့်ဝေ၍ လည်းကောင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ကြေညာချက်တွင် အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်အတွင်း ရေနံတွင်းတူးသူများ၊ ရေနံခပ်သူများ၊ ရေနံစိမ်းရောင်းဝယ်သူများနှင့် ဈေးဆိုင်ဖွင့်သူများ တစ်ပတ်အတွင်း အပြီး ဖယ်ရှားပေးရန် ဖော်ပြထားသည်။

စက်တင်ဘာ ၉ ရက်တွင် ခရိုင်ရဲမှူး ကြီး၏ စာကိုပြ၍ လုပ်ငန်းလုပ်ကိုင်သူအဖွဲ့ ခေါင်းဆောင်များအား ခေါ်ယူသတိပေးခဲ့သည် ဟုသိရသည်။ စာတွင် ဈေးဆိုင်ခန်းရောင်းချသူ များအနေဖြင့် ငါးရက်အတွင်း ဖယ်ရှားပေးရန်၊ ရေနံတွင်းတူးသူများ၊ ရေနံခပ်သူများ၊ ရေနံရောင်း ချသူများ၊ ဝယ်ရောင်းသယ်ပို့သူများ ခုနစ်ရက် အတွင်း အပြီးဖယ်ရှားပေးရမည်ဟုဖော်ပြထား သည်။

ယခုအခါထန်းကိုင်းရေနံမှော်အတွင်းသို့ ရဲအင်အား ၁၅ဝ ခန့်ရောက်ရှိလာပြီဟု ဒေသခံ တစ်ဦးထံမှသိရသည်။
''အမိန့်စာကို ဘယ်သူထုတ်မှန်းမသိရဘူး။ လက်မှတ်လည်းမပါဘူး။ ဆီးလ်တံဆိပ်လည်း မတွေ့ရဘူး''ဟု စာလက်ခံရရှိသော ဒေသခံ ရွာသားတစ်ဦးကပြောသည်။

အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော် ကို ၂ဝဝ၇ ခုနှစ်ကစ၍ ၂၉-၄-၂ဝ၁၃ အထိ မြန်မာ့ရေနံ(MOGE)ကကုမ္ပဏီများနှင့်နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့်တူးဖော်ခဲ့ကြောင်း သိရ သည်။ ရေနံမှော်အတွင်း စိုက်ပျိုးရေးလုပ်ကိုင် ကြသောတောင်သူများသည် စိုက်ပျိုး၍မရတော့ သည့်ယာမြေများကို လက်ယက်တွင်းများပြုလုပ် ၍ ရေနံတူးဖော်ခဲ့ရာမှ ယခုကဲ့သို့ တစ်စတစ်စ ကြီးထွားလာပြီး ရေနံဖြင့်ဝင်ငွေကောင်းလာခဲ့ ကြောင်းသိရသည်။

ယခင်နှစ်နှစ်ခန့်က အညာ တွင် မိုးခေါင်ခဲ့၍ စိုက်ပျိုးရေးအဆင်မပြေခဲ့ကြ သဖြင့် ထန်းကိုင်းရေနံမှော်သို့ ရောက်ရှိလာသူ အညာဒေသမှ တောင်သူတစ်ဦးက-
''ကျွန်တော်တို့ဆီမှာ မိုးမကောင်းလို့ ဒီမှာ ရေနံပုံးလာရွက်တာပါ။ တစ်ခေါက်ကျပ် ၅ဝဝ ရပါတယ်''ဟုရေနံပုံးရွက်သူတစ်ဦးကပြောသည်။

အများနည်းတူ ရေနံလာရောက်တူးသူများ မှာလည်း ရှိစုမဲ့စုကလေးများရောင်းချပြီးစွန့်စား လာရောက်သူများလည်းတွေ့ရသည်။

ဆင်ပေါင် ဝဲမြို့နယ်အတွင်းမှ ဈေးလာရောင်းသူတစ်ဦးက မိမိမှာဈေးရောင်းကြောင်း၊ ဆေးလိပ်၊ ကွမ်းယာ၊ ရေခဲချောင်း၊ မုန့်ပဲသရေစာများဖြစ်ကြောင်း၊ တစ်နေ့စားပြီးသောက်ပြီး ကျပ် ၁၅ဝဝဝ လောက် အမြတ်ငွေရကြောင်း၊ ယခင်က အကြွေးများ လည်း ထိုက်သင့်သလောက်ဆပ်ပြီးကြောင်း၊ ပင်တော့ပင်ပန်းကြောင်း၊ သို့သော် မိသားစု စား ဝတ်နေရေးချောင်လည်လာကြောင်း'' ရင်ဖွင့် ပြောဆိုသည်။
ထန်းကိုင်းရေနံမှော်နေရာကို မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့(MOGE) က ပိုင်ဆိုင်ပြီး ရေနံ တူးခြင်းရပ်နားချိန်တွင် တောင်သူများလုပ်ကိုင် စားသောက်ရန်ပေးထားခြင်းဖြစ်ကာ တရားမဝင် ရေနံတူးခြင်းများကို တားမြစ်ပေးရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံခြင်းဖြစ် ကြောင်း သိရသည်။ စာထုတ်ဝေခြင်းမှာ မိမိတို့ နှင့်မသက်ဆိုင်ကြောင်း၊ ယခင်သရက်ခရိုင်ရဲမှူး ကြီး၏အစီအစဉ်နှင့် ထပ်မံဖယ်ရှားခိုင်းခြင်းဖြစ် ကြောင်း ထန်းကိုင်းရေနံမြေ (MOGE) မှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ယင်းသတင်းနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းရာ စာထုတ်ပြန်ခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံသတိပေးအော်ဟစ်ခြင်းများမှာ မှန်သော် လည်း ဖြန့်ဝေသောစာတွင် တာဝန်ရှိသူ၏ လက်မှတ်နှင့် မည်သည့်
အဖွဲ့အစည်းဆိုတာ မပါရှိ သောစာများဖြစ်နေသည်ဟု သိရသည်။

ထို့ကြောင့် ရေနံလုပ်ကိုင်သူများအနေဖြင့် ဖယ်ရှားပေးမည်မဟုတ်ဘဲ လက်မှတ်များစုဆောင်း ကောက်ယူ၍ နိုင်ငံတော်သမ္မတထံ ဆက်လက် လုပ်ကိုင်ခွင့်ရရေး အသနားခံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

The Union Daily