Home » » ပါတီ ပြောရေးဆိုခွင့် ရှိသူဆိုပြီး ဦးဌေးဦး အခြေခံဥပဒေ အယူအဆ လျှောက်ပြောနေ

ပါတီ ပြောရေးဆိုခွင့် ရှိသူဆိုပြီး ဦးဌေးဦး အခြေခံဥပဒေ အယူအဆ လျှောက်ပြောနေ

Written By Unknown on Friday, October 18, 2013 | 6:56 PM

    ကျန်းမာ ချမ်းသာပါစေနှင့် ပြန်သွားကြတာလေ။ ဒါလား ဟက်လိုင်နာ။ ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ငါတို့ပါတီမှာ ဟက်လိုင်နာမရှိဘူး။ သူတို့ ဟာသူတို့ ဟက်နေရင်တော့ မပြောတတ်ဘူး . . .

 ရန်ကုန်၊ အောက်တိုဘာ ၁၅

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုစစ်တမ်း သဘောထားNLD ပါတီမှ ကောက်ယူစဉ်တွင် ကြံ့ခိုင်ရေး ပါတီ သဘောထား ကြေညာချက်အရ အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲပါက နိုင်ငံသားများအတွက် ပြဿနာများ ကြုံလာနိုင်ကြောင်း၊ ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကလည်း အစိုးရနှင့် လွှတ်တော်ပါ ပျက်သွားနိုင်ပြီး ငြိမ်းချမ်းရေးလည်း ထိခိုက်နိုင်ကြောင်း စသည်ဖြင့် မီဒီယာသို့ ထုတ်ဖော်ပြောကြားချက်မှာ အခြေခံဥပဒေကို ပြင်ဆင်လိုသည့် (သို့မဟုတ်) အသစ်ရေး ဆွဲ လိုသည့် နိုင်ငံရေး စိတ်ဝင်စားသူ ပြည်သူများကို ကြံ့ခိုင်ရေးပါတီ အနေဖြင့် ခြိမ်းခြောက် သည့် သဘောဆောင်ကြောင်း ပြောဆို ဝေဖန်လျက် ရှိသည်။ ဦးဌေးဦး၏ ပြောကြားချက်မှာ ထိုကဲ့သို့ သဘောသက်ရောက်ခြင်း ရှိ၊ မရှိ ကြံ့ခိုင်ရေး ပါတီ ၀ါရင့် နိုင်ငံရေးသမားကြီး အဖြစ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် တစ်ဖွဲ့လုံးက ရိုသေ လေးစားရသူ ပါတီဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်ကို မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ ““သူကလည်း လျှောက်ပြော နေတာ ပြောရေးဆိုခွင့် ရှိသူဆိုပြီးတော့။ ပြောရဲဆိုခွင့် အဖွဲ့ကို ဖွဲ့ပေး ထားတယ်လေ။ …

သူပြောတဲ့ သဘောက အန္တရာယ်များတယ်။ ပြင်ချင်လို့ပဲ ငါတို့ပါတီက ဦးဆောင်ပြီးတော့ ဥပဒေပုဒ်မေ တွကို ပြင်မယ်။ ပြင်တာ တချို့က ကောင်းတယ်။ သူတို့တွေက ဒီဥစ္စာကို သဘောလည်း ပေါက်တာ မဟုတ်ဘူး။ ကိုယ်ဟာကိုယ် တွေးပြီးတော့ ပြည်သူရဲ့သဘောထားပါ ဆိုတဲ့ အဲလိုမျိုး လုပ်တာတွေလေ။ သူပြောတာက လုံးဝ ဒါကြီးကို အသစ်ဆွဲမယ်ဆိုရင် ပြဿနာတွေ လာမယ်လို့ ပြောတာ။ ငါက အဲလိုပဲ နားလည်တယ်။ မပြင်ဘူးဆိုတာတော့ ဘယ်လုပ်လို့ ရမလဲကွ။ ပြင်သင့် ပြင်ထိုက်တာတွေ အများကြီးပဲ။ မင်းအဘ ဦးအောင်သောင်း ကို မေးပါလားကွာ။ ဦးအောင်သောင်းကို ငါတို့က ပါတီမှာ ဆရာကြီးလို့ ခေါ်တယ်”” ဟု ပြောသည်။ လတ်တလော ပါတီမှ ရွေးချယ်ပေးထားသည့် ပြည်ထောင်စုဝန်ကြီး အချို့၏ မလျော်ကန်သော ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ““ပြည်သူတွေနှင့် တစ်သားတည်း။ တို့မှာ ရန်သူလည်း မရှိဘူး။ ဟိုတစ်နေ့က မိကျောင်းကန် ကိစ္စလည်း ငါမသွားနိုင်တော့ ဦးအောင်သိန်းလင်းကို မင်းတို့ ဘယ်လိုပြော၊ ဘယ်လိုတွေ့ ငါသင်လွှတ် လိုက်တာ။ တို့ဆီက ၀င်လိုက်တော့ ပြေလည် သွားတာပေါ့ကွာ။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဗိုလ်မှူးကြီး တင်ဝင်းလား မသိဘူး။ မင်းသိပါတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေနှင့် ပြန်သွားကြတာလေ။ ဒါလား ဟက်လိုင်နာ။ ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ငါတို့ပါတီမှာ ဟက်လိုင်နာမရှိဘူး။ သူတို့ဟာသူတို့ ဟက်နေရင်တော့ မပြောတတ်ဘူး။ ဟိုဘက်က ဆရာတွေကို ငါပြောတာပါ””ဟု ဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်က ပြောသည်။ ဦးတင်ထွတ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သော အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်ပြီး၊ ပြည်ထောင်စု လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေ စိုးမိုးရေး/ တည်ငြိမ်အေးချမ်းရေး ကော်မတီထက် ပို၍ ပြဿနာများသော အစိုးရ၊ တပ်မတော်၊ ခရိုနီများနှင့် နစ်နာသူ လယ်သမားများအကြား ဖြေရှင်းပေးနေရသည့် လယ်ယာမြေ/ကော်မရှင် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် လျက်ရှိသည်။

မြန်မာသံတော်ဆင့်