Home » » မြန်မာ့မြေဈေး ဆတိုးနှုန်းဖြင့် မြင့်တက်

မြန်မာ့မြေဈေး ဆတိုးနှုန်းဖြင့် မြင့်တက်

Written By Unknown on Friday, October 4, 2013 | 8:15 PM

ရန်ကုန် ၊ အောက်တိုဘာ ၃ ။ ။ မြန် မာနိုင်ငံရှိ မြေဈေးများမြင့်တက် မှု သည် အခြားနိုင်ငံများကဲ့သို့ ရာခိုင်နှုန်းအလိုက် အတက်အ ကျများမဟုတ်ဘဲ လက်ရှိပေါက် နေသည့်ဈေး၏ ဆတိုးများဖြင့် တက်သည့် အိမ်ခြံမြေဈေးဖြစ် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။...

မြန်မာနိုင်ငံတွင် စီမံကိန်း များဟုပြောလိုက် သည်နှင့် မြေ ဈေးများမြင့် တက်လေ့ရှိကြောင်း နှင့် ယင်းသို့မြေဈေးများမြင့်တက် လျှင် ရာခိုင်နှုန်းအလိုက်တက် ခြင်းမဟုတ်ဘဲ ယခင်ပေါက် သည့် ဈေးထက် နှစ်ဆသုံးဆတက်ခြင်း ဖြစ်ကြောင်း ယင်းကဆိုသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှု အသင်းဒုဥက္ကဋ္ဌ ဦးသန်း ဦးက''ကျွန်တော်တို့နိုင်ငံက မြေ ဈေးတွေကတက်ရင် တခြားနိုင် ငံကလို ရာခိုင်နှုန်းအလိုက်မတက် ဘူး။ အဆနဲ့တက်တာ သိန်း ၁ဝဝပေါက်တဲ့မြေဈေးကနေ ဈေး တက်တယ်ဆိုရင် သိန်း ၂၀၀၊ သိန်း ၅၀၀၊ ဒီလိုမျိုးအဆတွေနဲ့တက် တယ်''ဟု ပြောသည်။

လက်ရှိကာလတန်ဖိုး စိစစ် ရေးမှသတ်မှတ်လိုက်သည့် မြေ ဈေးများကြောင့် ရန်ကုန်မြို့တွင်း မြေဈေးများမကျနိုင်ကြောင်း နှင့် စီမံကိန်းဝန်း ကျင်ရှိ မြေကွက် များနှင့် လူကြိုက်များသည့်မြို့ နယ်မှ မြေကွက်များသည် တက် မြဲတက်နေမည်ဖြစ်ကြောင်း ယင်း ကဆက်လက်ပြောသည်။

ဒလမြို့နယ်မှမြေကွက် များအား အကျိုးဆောင်လုပ် ကိုင်သူကိုဟိန်းက''အခု မြန်မာ နိုင်ငံက အိမ်ခြံမြေဈေးတွေက ရာခိုင်နှုန်းအလိုက် အတက်အ ကျမဟုတ်ဘူးဆိုတာ အရှေ့မှာ တက်ခဲ့တဲ့ဈေးတွေကိုကြည့်ရင် သိနိုင်တာပဲ။ ဒလတံတားထိုးမယ် ဆိုပြီး ဒလမြေဈေးတွေက သိန်း ၁၀၀၊ သိန်း၂၀၀ ဝန်းကျင်ရှိတဲ့ မြေဈေးတွေဆိုရင် သိန်း ၅၀၀၊ သိန်း ၆၀၀ ကျော်တွေဖြစ်ကုန် တာပဲ။ ဈေးကွက်ကို နားလည်လို့ ဈေးတွေတက်တာမှ မဟုတ်တာ။ စီမံကိန်းလုပ်ရင် ဒီနေရာတွေက ဈေးကောင်းမယ်ဆိုတဲ့ အတွေး တွေကြောင့် ပါးစပ်ထဲကထွက် တဲ့ဈေးအတိုင်း လိုက်ထွက်တော့ အခုလိုဈေးတွေတက်တာ''ဟု ပြောသည်။

စီမံကိန်းမလုပ်တော့ဘူး ဆိုသည့်သတင်းများပြန်ထွက် လာသောအခါ ဈေးများမှာ ထက်ဝက်ထိပြန်ကျသွားတာကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံ၏အိမ်ခြံမြေဈေးသည် ပေါက်ဈေး ၏ အဆအလိုက်တက်ခြင်းကျ ခြင်းဖြစ်ကြောင်းကို ယင်းက ထောက်ခံပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ ၂၀၀၉ခုနှစ် ဇူလိုင်လ တွင် စမ်းချောင်းမြို့နယ်ရှိ ဂရန် မြေ ၂၅*၅ဝပတ်လည် မြေ၏ တန်ဖိုးသည် ကျပ်သိန်း ၅၅ဝသာ ဈေးများပေါက်ခဲ့ပြီး ၂၀၁၃ခုနှစ် ဇူလိုင်လတွင် စမ်းချောင်းမြို့နယ် ရှိဂရန်မြေ ၂၅*၅ဝပတ်လည် မြေ၏တန်ဖိုးသည် ကျပ်သိန်း ၃၅ဝဝထိ ဈေးများပေါက်ခဲ့သော ကြောင့် ယခင်ပေါက်ဈေး ထက် ခြောက်ဆထိမြင့်တက်ခဲ့ကြောင်း သိရသည်။

အလားတူဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဂရန် မြေ ပေ၃၀*၆ဝမြေကွက် သည် ၂၀၀၉ခုနှစ်ဇူလိုင်တွင် ကျပ်သိန်း ပေါင်း ၇ဝဝ အထိ ဈေးများရှိခဲ့ ရာမှ ၂၀၁၃ခုနှစ် ဇူလိုင်တွင် ဂရန် မြေပေ ၅၀*၁၀၀ မြေကွက်သည် ကျပ်သိန်း၂ဝဝဝဝအထိ အဆ ပေါင်းများစွာ တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းများမှ သိရသည်။

အောင်သူ(ဒေးဒရဲ) - Yangon Media Group