Home » » ဘတ်ဂျက်ကြောင့် ကန် အစိုးရဌာနတွေ ပိတ်ရပြီ

ဘတ်ဂျက်ကြောင့် ကန် အစိုးရဌာနတွေ ပိတ်ရပြီ

Written By Unknown on Wednesday, October 2, 2013 | 5:20 AM

အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်မှာ ရီပက် ဘလီကန် တွေနဲ ဒီမိုကရက်တွေ အကြား ဘတ်ဂျက် ဥပဒေ ကြမ်းနဲ့ ပတ်သက်လို့ အတည်မပြု နိုင်ခဲ့တဲ့ အတွက် အရေအတွက် ၁ သန်း လောက် အထိ ရှိလာနိုင်မယ့် ဗဟို အစိုးရ ဝန်ထမ်းတွေဟာ စတင် အလုပ်လက်မဲ့ ဖြစ်ကြရပြီလို့ သိရပါတယ်။

ဒါပေမယ့် တခိျု့ သူတွေကတော့ သူ့တို့ အလုပ်စားပွဲတွေကို ရှင်းလင်းဖို့အတွက် ရုံးတွေကို ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ရုံးတွေ ပိတ်ပစ်ဖို့ အပြည့်အဝ သက်ရောက်မှု မတိုင်ခင် အချိန် အနည်းငယ်တော့ ရကောင်းရနေနိုင်သေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီကနေ့မှာ တစိတ်တပိုင်း စတင် အသက်ဝင်ပြီ ဖြစ်တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမားရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ရီပတ်ဘလီကန်တွေက ဆိုင်းငံ့ထားစေချင်တာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် အခု ဘတ်ဂျက်ကို အတည်ပြုပေးဖို့ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလို သဘာမတူနိုင်ခဲ့တဲ့အတွက် အိုဘားမား အစိုးရ အနေနဲ့ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အစိုးရ လုပ်ငန်းဌာန တခိျု့ကို ရပ်ဆိုင်းဖို့ အိမ်ဖြူတော်က အမိန့်ထုတ်လိုက်ရတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)