Home » » သံတွဲပဋိပက္ခဖြစ်ပွားပြီးနောက် မလေးရှားရှိ မြန်မာမွတ်ဆလင်နှင့် မလေးရှားနိုင်ငံသားအချို့ မြန်မာသံရုံးရှေ့ဆန္ဒပြ

သံတွဲပဋိပက္ခဖြစ်ပွားပြီးနောက် မလေးရှားရှိ မြန်မာမွတ်ဆလင်နှင့် မလေးရှားနိုင်ငံသားအချို့ မြန်မာသံရုံးရှေ့ဆန္ဒပြ

Written By Unknown on Saturday, October 5, 2013 | 4:00 PM

သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် မလေးရှားနိုင်ငံသားအချို့သည် အောက်တိုဘာ ၄ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

““လေးငါးယောက်လောက် လာရပ်ပြီး ဆန္ဒပြတယ်။ စာလည်းပေးသွားတယ်။ သံတွဲကိစ္စပဲဖြစ်မှာပါ””ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေး တာဝန်ယူထားသူ ဦးစိုးဝင်းကပြောသည်။
ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ပိုစတာများတွင် သံတွဲမြို့ရှိ မွတ်ဆလင်ဘာသာဝင်များအား မြန်မာအစိုးရကာကွယ်ပေးရမည်။ မြန်မာမွတ်ဆလင်များသည် မြန်မာနိုင်ငံသားများဖြစ်သည်ဟူသော ပိုစတာအချို့ ကိုင်ဆောင်ထားကြသည်။

သံတွဲမြို့တွင် ပဋိပက္ခများ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ မလေးရှားနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများကို အောက်တိုဘာ ၄ ရက် တွင် အကြမ်းဖက်မှုများပြုလုပ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဆန္ဒပြမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများသည် သတိဝီရိယဖြင့် သွားလာနေထိုင်ကြကြောင်း ဧရာဝတီ စေတနာဝန်ထမ်းလူမှုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်မေလကုန်ပိုင်းတွင်ဖြစ်ပွားခဲ့သော လားရှိုးမြို့ ပဋိပက္ခများဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ ဆာလာရန်း ဒေသတွင် ဇွန်လဆန်းမှစ၍ မြန်မာနိုင်ငံသားများအကြမ်းဖက်ခံရပြီး သေဆုံးသူအချို့ရှိခဲ့၍ မြန်မာနိုင်ငံသို့ အမြောက်အမြား ပြန်လာခဲ့ကြသည်။

7Day Daily