Home » » အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်

အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်

Written By Unknown on Tuesday, October 8, 2013 | 1:36 PM

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ ငပလီ ကမ်းခြေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေကို သတိပေးထားရာမှာ ငပလီမှာ အခုထိ လုံခြုံမှုရှိတယ် ဆိုနိုင်ပေမဲ့၊ ခရီးသွားတွေအနေနဲ့ ဒေသဆိုင်ရာ အခြေအနေတွေကို အမြဲ သတိပြုနေကြဖို့၊ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေနဲ့ အမြဲထိတွေ့နေဖို့ ကြေညာထားပါတယ်။

ငပလီ ကမ်းခြေအနီး သံတွဲမြို့ မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ အထိ ညမထွက်ရ အမိန့် ထုတ်ထား ပါတယ်။

မြန်မာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေအနေနဲ့လည်း လက်ရှိ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ် လို့ ဆိုပါတယ်။

အခုအခါ ခရီးသွားရာသီ စတင်ပြီမို့ အရေးကြီးတဲ့ အချိန်ရောက်လာပြီလို့ ကုမ္ပဏီ တစ်ခုက ပြောပါတယ်။

မြန်မာနိုင်ငံအကြောင်း လေ့လာသူ သြစတေးလျ စီးပွားရေး ပညာရှင် ဒေါက်တာ Sean Tunnel ကလည်း လတ်တလောအနေနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်ပခရီးသွားဦးရေ ရုတ်တရက် ချက်ခြင်း မကျဆင်းနိုင် ပေမဲ့၊ ရေရှည်မှာတော့ ပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ပြီးတော့ ကမ်းခြေတွေဟာ ဝေးလံတဲ့နေရာ တွေ မှာရှိတာမို့ တစ်စုံတခုဖြစ်ခဲ့ရင် အန္တရာယ်အရှိဆုံးနေရာတွေဖြစ်သွားနိုင်ကြောင်း သတိပေးပြောဆိုပါတယ်။

RFA Burmese