Home » » မိုးထိမိုးမိရွေလုပ်သားများကို အင်အားသုံး ဖယ်ရှားရန်ကြိုးပမ်း

မိုးထိမိုးမိရွေလုပ်သားများကို အင်အားသုံး ဖယ်ရှားရန်ကြိုးပမ်း

Written By Unknown on Sunday, October 6, 2013 | 6:04 PM

မန္တလေး-အောက်တိုဘာ၆

ဇုန်အမှတ်၁၀ နှာဘူးတောင်မှ မိုးထိမိုးမိရွေလုပ်သားများကို အမျိုးသားကြီးပွား တိုးတက်ရေး ရွေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီက ယမန်နေ့တွင် အင်အားသုံး ဖယ်ရှား ရန်ကြိုးပမ်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

နှစ်ဦးသဘောတူစာချုပ်အားရွေလုပ်သားတို့မလိုက်နာသောကြောင့်ဟုကုမ္ပဏီက အကြောင်းပြခဲ့ပြီး ဖယ်ရှားရန်ကြိုးပမ်းသော်လည်းထိုနေ့က လုပ်သားတို့လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ဟု ဖယ်ရှားခံရမည့်ထဲတွင်ပါဝင်သူ ဦးအောင်ဆန်းလင်းကPopular News သို့ပြောသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ(၆၁၀၅)ဧက အား အမျိုးသားကြီးပွားတိုးတက်ရေးရွေတူးဖော်ထုတ်လုပ်မှုကုမ္ပဏီက ၂၀၁၁ တွင်လုပ်ပိုင်ခွင့်ရပြီးနောက်မူလလက်ငုတ့် ရွေလုပ်သားများနှင့်၅နှစ်မှ၂၅နှစ်အတွင်းသတ်မှတ်အကျိုးတူ ပူးပေါင်းလုပ်ဆောင်ပါမည်ဟု ဒေသခံများအားနူတ်ဂတိပြုပြီးခဲ့သော်လည်း နောက်ပိုင်းတွင် ရွေလုပ်သားများမလုပ်နိုင်သော စည်းကမ်းချက်များချကာ ရွေလုပ်သားတို့ကို ဖယ်ရှားနေသည်ဟုဖယ်ရှားခံရမည့်ထဲတွင်ပါဝင်သူ ဦးအောင်ဆန်းလင်းကPopular News သို့ထပ်လောင်းပြောသည်။

''အသေးစားကနေ အကြီးစားက်ိုအတင်းပြောင်းခိုင်းနေတယ်။ဒါမတရားဘူး"ဟု၎င်းကပြောသည်။ သြဂုတ်လမှစကာဇုန် ၁၃ဇုန်မှရွေလုပ်သားတို့ကိုနှစ်ဦးသဘောတူစာချုပ်ဖြင့် စတင်ဖယ်ရှားနေရာ ယခုဇုန်မှာနောက်ဆုံးသာကျန်ရှိတော့သည့်ဇုနအမှတ်၁၀ ဖြစ်သည်ဟု၎င်းကဆက်ပြောသည်။ "တဖတ်သတ်ကျတဲ့သဘောတူစာချုပ်ပါ။လုပ်သားတွေကသဘောမတူဘူး"ဟုဦးအောင်ဆန်းလင်းကဆိုသည်။ သဘောတူစာချုပ်အားရွေလုပ်သားတို့မကျေနပ်သည့်အတွက်ဆန္ဒပြခဲ့ဖူးပြီး ထိုစဉ်က လုပ်သား၂ဦး ထောင်ကျခဲ့သည်။ အမျိုးသားကြီးပွားတိုးတက်ရေးရွေတူးဖော်ထုတ်လုပ်မှုကုမ္ပဏီက ၂၀၁၁ တွင်မိုးထိမိုးမိဒေသ၌်လုပ်ပိုင်ခွင့်ရပြီးနောက် ဒေသခံများအားလုံးကို တဲပေါ်မှ တိုက်ပေါ်သို့ တင်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။

Popular Myanmar News Journal