Home » » မုံရွာမီးရထားသံလမ်းအနီးတွင် မွေးကင်းစကလေးအလောင်း စွန့်ပစ်ထား

မုံရွာမီးရထားသံလမ်းအနီးတွင် မွေးကင်းစကလေးအလောင်း စွန့်ပစ်ထား

Written By Unknown on Wednesday, October 23, 2013 | 2:25 AM

မုံရွာမြို့၊ လယ်တီရပ်ကွက်၊ သာစည်လမ်း၊ မီးရထားသံလမ်းကူးအနီး မြက်ခင်းပြင်တွင် အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက မွေးကင်းစကလေးငယ်အလောင်း စွန့်ပစ်ခဲ့သူကို ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်နေကြောင်း မုံရွာမြို့နယ် အမှတ်(၂) ရဲစခန်းမှ သတင်းရရှိသည်။

မုံရွာမြို့၊ သာစည်လမ်း၊ မီးရထားသံလမ်းကူ၊ မီးရထားမောင်း လက်တံဂိတ်အနီး မြက်ခင်းပြင်တွင် မွေးကင်းစကလေးငယ်အလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းအရ မုံရွာမြို့၊ အမှတ်(၂)ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ကျော်လှိုင်မိုးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ချက်ကြိုးတန်းလန်းဖြင့် ၀ဲလက်မောင်း၌ ကလေး၏ မိခင်၊ ဖခင်အမည်၊ နေရပ်လိပ်စာနှင့် မွေးဖွားချိန် ဆေးရုံမီးဖွားမှတ်တမ်းများ ပါရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ 

မွေးကင်းစကလေးငယ်ကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ် စွန့်ပစ်သွားသူအား ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

7Day Daily