Home » » လက်ပံတောင်းမှာ ၀မ်ပေါင်ကုမ္ပဏီခြံစည်းရိုးတွေကို ရွာသားတွေ ၀င်ရောက်ဖျက်ဆီး

လက်ပံတောင်းမှာ ၀မ်ပေါင်ကုမ္ပဏီခြံစည်းရိုးတွေကို ရွာသားတွေ ၀င်ရောက်ဖျက်ဆီး

Written By Unknown on Saturday, October 19, 2013 | 6:23 AM

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း အာဏာပိုင်တွေက ခြံစည်းရိုးတွေ ဆက်ကာနေတာကြောင့် ဒေသ ခံတွေ က အဲဒီခြံစည်းရိုးတွေကို မနေ့က ညနေပိုင်းမှာ ၀င်ရောက်ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ၀မ်ပေါင်ကုမ္ပဏီက လုံထိန်းတပ်ဖွဲ့တွေကိုအကာအကွယ်ယူပြီး ဒေသခံတွေတားနေတဲ့ကြားက ဘူတိုဇာတွေနဲ့ ယာခင်းတွေကိုဖျက်ပြီး စီမံကိန်းနယ်မြေကို ခြံစည်းရိုးကာနေတာ ဖြစ်ပါတယ်။

ခြံစည်းရိုးဟာ ဆည်တဲနဲ့ ဇီးတောရွာများအနီးကို ဖြတ်ပြီးကာတာကြောင့် မြေယာလျော်ကြေးမယူတဲ့ဒေသခံတွေက တားဆီးတာဖြစ်ပါတယ်။

မနေ့ကညနေပိုင်း ၆နာရီလောက်မှာ ဒေသခံတွေဟာ ဆန္ဒပြတာဆီးနေရာက စိတ်မထိန်းနိုင်ဖြစ်ပြီး ခြံစည်းရိုးတွေကို ၀င်ဖျက်တယ်လို့ သိရပါတယ်။ ဒေသခံတွေနဲ့လိုက်ပါသွားတဲ့ အရှင်စန္ဒာသိရိက အခုလိုမိန့်ပါတယ်။

ရွာသူရွာသား အင်အား ၃၀၀ ခန့်ရှိပြီး ရဲအင်အား ၅၀၀ခန့်ရှိတယ်လို့ဆိုပါတယ်။ ရွာသူရွာသား တွေဖျက်ပစ်တဲ့ ခြံစည်းရိုးတွေ ကို ချက်ခြင်းပြန်ပြင်လိုက်တယ်လို့သိရပါတယ်။ ဒီကနေ့မှာလည်း မနက်ပိုင်းကတည်းကစပြီး ဇီးတောရွာအနီး လိပ်ခွံတောင်ခြေ နဲ့ မြေနီတောင်ခြေမှာ ခြံစည်းရိုးတွေ ဆက်ကာနေတယ်လို့ သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေးမယူတဲ့မြေတွေပေါ်မှာ ခြံစည်းရိုးကာတာနဲ့ပတ်သက်ပြီး ဒေသခံတွေက အောက်တိုဘာ လ ၁၅ရက်နေ့က ပြည်ထောင်စုဝန်ကြီးများနဲ့ ဒေသခံများတွေ့ဆုံပွဲမှာ တင်ပြခဲ့ပေမဲ့ ၀န်ကြီးများက အထက်ကိုဆက်လက် တင်ပြပေးမယ်လို့သာ ပြောဆိုသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေပိုင်းမှာ ၀င်ရောက်ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese