Home » » အိန္ဒိယ-မြန်မာ နယ်စပ်တွင် မီးတောင်ပေါက်ကွဲ

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မီးတောင်ပေါက်ကွဲ

Written By Unknown on Monday, October 21, 2013 | 4:52 PM

ရန်ကုန်၊ အောက်တိုဘာ ၂၀

အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ တွင် မီးတောင်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဥကရုခရိုင် တပ်ဆမ်ကျေးရွာ အနီးရှိ တောင်ထိပ်မှ ချောရည်ပူများ၊ ကျောက်ဆိုင် ကျောက်ခဲများ အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ စီးဆင်းနေကြောင်း မဏိပူရ ပြည်နယ် အစိုးရအရာရှိများက ထုတ်ပြန် ပြောကြားထားသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် တောင်နှင့်အနီးတစ်ဝိုက်ရှိ ရွာများသို့ ချော်ရည်ပူများနှင့် အခြား ကျောက်ဆိုင် ကျောက်ခဲများ စီးဆင်းနေ၍ ဒေသခံပြည်သူများကို လုံခြုံသည့် ဒေသများသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့အပြင် ယခင်က အဆိုပါ ဒေသအတွင်းတွင် မီးတောင်များ ရှိသည်ဟု မှတ်တမ်းများ မရှိခဲ့သောကြောင့် ယင်းပေါက်ကွဲမှုသည် မီးတောင်ပေါက်ကွဲခြင်းဟုတ် မဟုတ် အစိုးရအဖွဲ့က သံသယ ရှိနေကြောင်း သတင်းထုတ်ပြန်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ အနီးတွင် မီးတောင် ပေါက်ကွဲမှုကြောင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ လမ်းမများ ပိတ်ပင်ထားကြောင်း ယင်းသတင်းများတွင် ဖော်ပြထားသည်။

The Voice Weekly