ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ သာကေတမြို့နယ်တွင် တက္ကစီ အငှား ယာဉ်တစ်စီး ယာဉ်မောင်း နှင်သူမရှိဘဲ ရုတ်တရက် ထွက်ခွာ မောင်းနှင်သွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့ နယ်၇/၈ ရပ်ကွက် အောင် သပြေ အရှေ့ (၁၃) လမ်းရှိ အဖြူရောင်ကိုရို လာဗင်အမျိုးအစား တက္ကစီအငှားယာဉ်တစ်စီးသည် စက်တင် ဘာ ၃ဝရက်မွန်းလွဲ ၂နာရီခွဲခန့်က အငှား ကားမောင်းနှင်သူ၏နေ အိမ်ရှေ့တွင်ရပ်နားထားစဉ် ယာဉ် မောင်းမပါဘဲ ထွက်ခွာ သွားခြင်း ဖြစ်ကြောင်း အဆိုပါရပ်ကွက်နေသူ မျက်မြင်သက်သေများက ပြောသည်။
မျက်မြင်သက်သေတစ်ဦး ဖြစ်သူ အငှားယာဉ်မောင်း၏ အစ်မဖြစ်သူက ''အစ်မကကလေး ကျောင်းကြိုပြီး ပြန်လာတာပေါ့။ ၂နာရီခွဲလောက်ဖြစ်မယ်။ ကား က အိမ်ရှေ့မှာရပ်ထားရာကနေ မောင်းတဲ့သူမရှိဘဲ ထွက်သွား တာ။ မောင်လေး ကလဲ ကားသော့ ကိုလဲ ဖြုတ်ယူထားပြီး အိမ်ထဲ မှာရောက်နေတဲ့အချိန်မှာ ဖြစ် တာပါ''ဟု ပြောသည်။ အဆိုပါကားသည် ပေ ၆၀ ခန့်အကွာသို့ ရောက်ရှိသွားခြင်း ဖြစ်ပြီး အောင်သပြေအရှေ့(၁၃) လမ်သွယ်မှတစ်ဆင့် အောင်သပြေ လမ်းမကြီး ပေါ်သို့ မောင်းနှင်သွား ကြောင်း၊ ယင်းသို့ လူမဲ့မောင်းနှင် လာစဉ် လမ်းချိုးတစ်ခု၌ ရပ်နား ထားသော စက်ဘီးတစ်စီးကိုဝင် တိုက်သွားကြောင်း မျက်မြင်သက် သေတစ်ဦးက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး မျက်မြင်သက်သေတစ်ဦးက ''စက်ဘီးတိုက်တာ ဝုန်းကနဲအသံ ကြားတော့ ကြည့်လိုက်တာ။ ပြော မလို့ရှိသေးတယ်။ ထူးခြားတာက ကားက ရွေ့နေပြီးတော့ လူမပါ ဘူး။ ပြီးတော့ လမ်းကိုကွေ့ပြီး လမ်းဘေးမှာ ထိုးရပ်သွား တယ်။ ကားစက်နှိုးတဲ့အသံလဲ မကြားရ ဘူး။ ဖွတ်ဖွတ်နဲ့ ကားကမောင်း ထွက်သွားတာ''ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး ယာဉ်ပိုင်ရှင်သို့ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာမှ ဆက်သွယ် မေးမြန်းရာ ''ဒါ စက်ချွတ်ယွင်း တာပါ။ ကားဘက်ထရီထဲကိုရေ ဝင်ပြီး ရှော့ခ်ဖြစ်ပြီး မောင်းထွက် သွားတာပါ။ ကားကွေ့သွားတာက လဲ စတီယာရင် တိုင်က ချိုးထားလို့ ပါ''ဟု ပြန်လည်ဖြေကြားသည်။ အဆိုပါရပ်ကွက်မှ ရာအိမ် မှူး ဦးစံမြင့်က ''ဒီလိုဖြစ်တာ ကား က မော်တာကြိုးပဲငြိပြီးဖြစ်တာ လား၊ မော်တာကြိုးငြိရင်လဲ စက်က နိုးရမှာ။ အခုက စက်က မနိုးဘူး။ စတီယာ ရင်တိုင် ကွေ့ထားဦးတော့ ကားမောင်းသွားရင် စတီယာရင် က ပြန်တည့်သွားရမှာ။ ကားက တည့်တည့်မသွားဘူး။ သဘာဝ တော့ မကျဘူး''ဟု ပြောသည်။
မျက်မြင်သက်သေ ဆိုက် ကားနင်းသူ ကိုမျိုးက ''ကျွန်တော် ကားကို လူမပါဘဲ မောင်းသွား တာကိုမြင်တော့ သူတို့မောင်နှစ်မ ကို အော်ခေါ်တာပေါ့။ ကားက ကြည့်တော့ လူလဲမပါဘူး။ ဒါနဲ့ ကားကို ခုတုံးလိုက်ပြေးခုတာ သဲပုံ နား ခုတုံးကို ပစ်ထည့် လိုက်မှ ကားလဲ ရပ်သွားတယ်။ မွန်းလွဲ ၂နာရီခွဲလောက်က ဖြစ်တာ''ဟု ပြောသည်။
အဆိုပါ လမ်းဆုံနေရာသည် လူသွားလူလာပေါများကြောင်း၊ ညနေကျောင်းဆင်းချိန်မဟုတ် သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအတွက် အလွန် ကံကောင်းကြောင်း ရပ်ကွက်နေ သူများက ဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ကားမောင်း သက်တမ်း နှစ် ၃ဝခန့်ရှိသူ ကိုမောင်မောင်က ''ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး ကား ပိုင်ရှင်ပြောတာက ဖြစ်နိုင်ခြေများ ပါတယ်။ ကားကို ဂီယာတစ်ချက် ထိုးထားပြီး ကားသော့ဖြုတ်ထား ရင်တောင် ကားဝါယာရိန်းရှော့ခ် ဖြစ်ပြီး လူမမောင်း ဘဲ ထွက်သွား နိုင်တယ်။ တော်တော်လေးကို ဖြစ်တောင့်ဖြစ်ခဲပါ''ဟု ပြော သည်။
ယင်းက ဆက်လက်၍ ''တကယ်ထူးဆန်းတာမျိုးတော့ ဘားအံမှာ ကြုံခဲ့ဖူးတယ်။ စစ် ကားတစ်စီး ဟောင်းနွမ်းနေပြီး လမ်းဘေးမှာ ဒီတိုင်းပစ်ထား တယ်။ ကားမောင်းတဲ့သူက သူ့ မိန်းမဆုံးသွားတဲ့စိတ်နဲ့ သေသွား တဲ့သူ။ ကားက ဘက်ထရီလဲ မရှိ တော့ဘူး။ ဒါပေမဲ့ ကားက ည ၁၂နာရီဆိုရင် မီးတွေပွင့်တယ်။ စက်တွေနိုးလာတယ်။ ဝိုက်ဘာ တွေလှုပ်လာတယ်။ ဒါကတော့ နာနာဘာဝလို့ ပြောစရာဖြစ်တာ ပေါ့။ ဘက်ထရီမရှိရင် ကားက နိုးစရာအကြောင်း မရှိဘူး လေ။ အခု သာကေတမှာ ဖြစ်တာမျိုး က ဖြစ်တောင့်ဖြစ်ခဲ ရှော့ခ်ဝင် ပြီးဖြစ်တာပါ။ ကားကွေ့သွား တာလဲ လမ်းအနေအထားကြောင့် ဖြစ်နိုင်တယ်''ဟု ပြောသည်။
သော်ဇင်ထက် - Yangon Media Group