Home » » မဲဆောက် – မော်လမြိုင် “NOK Air” လေကြောင်းလိုင်းသစ် ခရီးသည် တစ်ဦးသာ လိုက်ပါ

မဲဆောက် – မော်လမြိုင် “NOK Air” လေကြောင်းလိုင်းသစ် ခရီးသည် တစ်ဦးသာ လိုက်ပါ

Written By Unknown on Tuesday, September 3, 2013 | 1:14 PM

မော်လမြိုင်၊ စက်တင်ဘာ ၁

မဲဆောက်-မော်လမြိုင် “NOK Air” လေကြောင်းလိုင်းသစ်ကို စက်တင်ဘာ ၁ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် စတင်ပြေးဆွဲရာ မော်လမြိုင်လေဆိပ်မှ ပြန်လည် ထွက်ခွာပြီး ခရီးသည်အဖြစ် ဂျပန်နိုင်ငံသား တစ်ဦးသာ လိုက်ပါခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ စက်တင်ဘာ ၁ ရက်၊ နံနက် ၁၀ နာရီတွင် “NOK Air” လေကြောင်း လိုင်းသစ်ကို ပထမဆုံးအကြိမ် မဲဆောက် – မော်လမြိုင် ခရီးစဉ် ပျံသန်းခဲ့ပြီး ထိုင်း လေယာဉ် HS- GBF, Flight No. SE – 500 စတင်ပြေးဆွဲခဲ့ရာ ခရီးသည် တစ်ဦးနှင့် “NOK Air” လိုင်းမှ Mr-Sanjai Boonma ပါ (၃၃) ဦးစီးနင်း လိုက်ပါ လာခဲ့သည်။ မော်လမြိုင်မြို့မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်၊ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးလှရှိန်နှင့် စီးပွားရေး လုပ်ငန်းရှင်များက လေယာဉ် စီးနင်း လိုက်ပါ လာသူများကို မော်လမြိုင် လေဆိပ်တွင် ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ မဲဆောက်-မော်လမြိုင် လေကြောင်းလိုင်းခရီးစဉ် အတွက် မော်လမြိုင်မြို့တွင် လေယာဉ် လက်မှတ် ရောင်းချမှု မရှိသေးကြောင်း သတင်းရရှိသည်။

ဗိုလ်တိုး(ရာမည)

မြန်မာသံတော်ဆင့်