Home » » အမေရိကန် DV အကြောင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်းမည်

အမေရိကန် DV အကြောင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်းမည်

Written By Unknown on Thursday, September 26, 2013 | 2:20 PM

ရန်ကုန်၊ စက်တင်ဘာ ၂၅

အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ခွင့် Diversity Visa Program (DV) ကံစမ်းမဲအကြောင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အသိပေး ရှင်းလင်းမည် ဖြစ်ကြောင်း အမေရိကန်သံရုံး ကောင်စစ်ဝန်ဌာနက စက်တင်ဘာလ ၂၅ ရက်က ထုတ်ပြန်လိုက်သည်။

ပထမအကြိမ် ရှင်းလင်းခြင်းကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် YMCA ရုံး၊ ဒုတိယအကြိမ် ရှင်းလင်းခြင်းကို အောက်တိုဘာလ ၃ ရက်နေ့တွင် American Center နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ယုဒသန် ခန်းမတို့၌ ညနေ ၅ နာရီ ၃၀ မိနစ်မှ ၇ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသားများ DV အကြောင်း ပိုမိုသိရှိ နားလည်စေရန်နှင့် ကံစမ်းရမည့် နည်းလမ်း၊ ကံစမ်းမဲပေါက်လျှင် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းရပ်များ အကြောင်းကို သိရှိစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး ကောင်စစ်ဝန် အရာရှိက အသိပေး ရှင်းလင်းမည် ဖြစ်ကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

DV လျှောက်လွှာကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ လျှောက်ထားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၏ ခရီးသွား ဝက်ဘ်ဆိုက် http://travel.state.gov/visa/immigrants/types/types_1322.html တွင် ဖော်ပြထားသည်။

အခမဲ့ လုပ်ဆောင်ပေးသော DV အစီအစဉ်ဖြင့် မဲပေါက်လျှင် အမေရိကန် အစိုးရကို ငွေကြေး တစ်စုံတစ်ရာ ပေးစရာ မလိုကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

The Voice Weekly