အမေရိကန်နိုင်ငံက ဆီးရီးယားရဲ့ ဓာတုလက်နက် အသုံးပြုတဲ့ကိစ္စကို သံတမန်ရေးအရ ဖြေရှင်းနိုင်ဖို့အတွက် စစ်ရေးအရ ၀င်ရောက်စွက်ဖက်နိုင်မယ့် လွှတ်တော်ကသဘောတူညီချက်ရရှိဖို့ကို အချိန်ဆွဲထားတယ်လို့ သမ္မတ Barack Obama က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံက တင်ပြလာမယ့် ဆီးရီးယားရဲ့ ဓာတုလက်နက်အသုံးပြုမှု ကမ်းလှမ်းချက်ကို အမေရိကန် က စိစစ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မိမိပြည်သူတွေကို ဓာတုလက်နက် အသုံးပြုတိုက်ခိုက်တဲ့ အစိုးရအနေနဲ့ ထိုက်တန်တဲ့ အပစ်ပေးသင့်တယ်လို့ သမ္မတ အိုဘားမားက ပြောတဲ့အကြောင်း သတင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။
ဆီးရီးယား အတိုက်အခံညွန့်ပေါင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မိုဟာမက် နာဂျာ (Dr Mohammed Najjar) ကတော့ သမ္မတ အိုဘားမားက ဆီးရီးယားကို စစ်ရေးအရ အရေးယူနိုင်အောင် လွှတ်တော်မှာသဘောတူညီချက်မဲရှိဖို့အတွက် အချိန်ဆွဲလိုက်တာကို စိတ်ပျက်မိတယ်လို့ တုန့်ပြန်လိုက်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဆီးရီးယားက ဓာတုလက်နက် အသုံးပြုတဲ့အပေါ် အရေးယူဖို့ တွက်တွန်းလိုက်ပြီး နိုင်ငံတကာအနေနဲ့ ဆီးရီးယား ပြည်သူတွေကို မကာကွယ်နိုင်ခြင်းဟာ ကုလသမဂ္ဂရဲ့ ရပ်တည်မှုကိုလည်း ထိခိုက်တယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ရုရှားနိုင်ငံက ဆီးရီးယားရဲ့ ဓာတုလက်နက်ကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့အတွက် အမေရိကန်နိုင်ငံကို ပေးအပ်ခဲ့ပြီးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ABC Radio Australia
Home »
World News
» ဆီးရီးယားကို စစ်ရေးအရေးယူဖို့ ကန်အချိန်ဆွဲထား