Home » » ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို

ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို

Written By Unknown on Monday, September 9, 2013 | 6:26 AM

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင်လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

စွဲချက်တင်ခံရသူ လေးဦးဟာ အုတ်ဖိုရွာက ကိုမင်းလွင်၊ ကိုအောင်ကြီး၊ ကိုကျော်နိုင်ဦးနဲ့ နဲ့ ထန်းတောရွာက ကိုခင်မောင်ထူးတို့ဖြစ်ကြပါတယ်။

သူတို့ကို ကန့်ဘလူမြို့နယ် တရားရုံးက စွဲချက်တင်လိုက်တာဖြစ်တယ်လို့ ရွှေဘိုခရိုင်ရဲမှူးကြီး ဦးအုန်းလှိုင်ကပြောပါတယ်။

ပြန်လွတ်ပေးလိုက်သူ ၆ ဦးဟာ အုတ်ဖိုရွာသား ၃ ဦး အင်ဘက်တောရွာသား၂ ဦးနဲ့ ရေကြည်ရွာက တစ်ဦးတို့ဖြစ်ကြပြီး သူတို့ကို ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

သူတို့ကို သြဂုတ်လ ၂၅ရက်နေ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး ပထမဖမ်းဆီးချိန်က ၁၁ဦးဖြစ်ပါတယ်။

အဲ့ဒီဖမ်းထားသူတွေထဲက အုတ်ဖိုရွာသား ကိုဆန်းချို ၃၂နှစ်ဟာ သြဂုတ်လ ၂၈ရက်နေ့က ၀မ်းလျောပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထန်းကုန်းရွာနဲ့ပတ်ဝန်းကျင်ဒေသက အခြေအနေနဲ့ လုံခြုံရေးဆောင်ရွက်မူအနေအထားများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အခြေအနေစတာတွေကို ထန်းကုန်းရွာမှာ လာရောက် ဆောင်ရွက်နေတဲ့ ရွှေဘိုခရိုင် ရဲမှူးကြီး ဦးအုန်းလှိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

RFA Burmese