ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambia)ဟာ မြန်မာ နိုင်ငံ ကို သြဂုတ်လ ၂၅ ရက် က နေ စက်တင်ဘာ ၂ရက်နေ့ အထိ သွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ် ဘောဒူဘ ဒုက္ခသည်စခန်းနဲ့ သံချောင် ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့ပြီး အောင်မင်္ဂလာ ရပ်ကွက်က မွတ်စလင် ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သံတွဲမြို့ မှာ ဒေသခံတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွှေးခဲ့တယ်လို့ သိရပါတယ်။
ကုလ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက သံတွဲမြို့မှာ ဒေသခံတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ ပြီး - ပဋိပက္ခဖြစ်ပွားတဲ့ အခြေအနေတွေကို လေ့လာခဲ့တယ်လို့ ရခိုင်ပြည် နယ် လွတ်တော်အမတ် ဦးအောင်မြကျော်က အခုလိုပြောပါတယ်။
သံတွဲမှာတော့ သူတို့ကအချိန်တော့သိပ်မပေးခဲ့ဘူးလို့ပြောတယ်။ သူတို့ကဟိုတလောတုန်းက ပဋိပက္ခဖြစ်ခဲ့တဲ့ အဲဒီနေရာတွေကို သွားတွေ့ပြီးရင် ဒုက္ခသည်တွေရဲ့အခြေအနေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။
မစ္စတာနမ်ဘီးယားဟာ စစ်တွေမြို့မှာ ဒေသ ခံရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်လူမျိုးတွေကြား ပဋိပက္ခတွေကြောင့် စစ်တွေ၊ မောင်တောနဲ့ ပေါက်တောမြို့ နယ်မှာရှိတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
အဓိကကတော့ စစ်တွေမြို့လာတဲ့အပိုင်းကတော့ ပထမတကြိမ်ရောက်ခဲ့တဲ့အခြေအနေနဲ့ အခုအခြေအနေမှာ ဒုက္ခသည်တွေ ကူညီစောင့်ရှောက်မှုပိုင်းမှာ တိုးတက်မှုရှိမရှိကို လာကြည့်တယ်လို့တော့ ကျနော်တို့အနေနဲ့ သိရပါတယ်။ သူ့အနေနဲ့လည်း ဒီဘက်မှာ အစိုးရအဖွဲ့တွေ ကူညီစောင့်ရှောက်ထားတဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီး ရင်တော့ အကောင်းမြင်ဝါဒနဲ့ သူကချီးကျူးသွားတယ်လို့တော့ သိရပါတယ်။
မစ္စတာဗီဂျေးနမ်ဘီးယားဟာ မြန်မာနိုင်ငံကို သြဂုတ်လ၂၅ရက်နေ့ကတည်းကရောက်ရှိ ခဲ့တာဖြစ်ပြီး ၉ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) ခေါင်းဆောင် တွေနဲ့ လိုင်ဇာဌာနချုပ်မှာတွေ့ဆုံခဲ့ ပြီး ကချင်ဒုက္ခ သည် စခန်းနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။
ခရီးစဉ်အတွင်း အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ပြည်ထောင်စုလွတ်တော်နာယက ဦးရွေမန်း နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို မကြာမီကျင်းပမဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တင်ပြ သွားမယ်လို့ သိရပါတယ်။
ကုလအထူးကိုယ်စားလှမနေ့နေလည်ပိုင်းမှာ သံတွဲမြို့ကနေ ရန်ကုန်မြို့ကိုပြန်လည်ရောက် ပြီး ညနေပိုင်းမှာမြန်မာနိုင်ငံကပြန်လည်ထွက်ခွာသွား ပြီလို့ ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ခဲ့ပါတယ်။
ABC Radio Australia