Home » » ၂၀၁၄ /၁၅ အတွက် ရှီးဗနင်း ပညာတော်သင်ဆု စတင်လျှောက်ထားနိုင်

၂၀၁၄ /၁၅ အတွက် ရှီးဗနင်း ပညာတော်သင်ဆု စတင်လျှောက်ထားနိုင်

Written By Unknown on Tuesday, September 17, 2013 | 6:22 AM

ဗြိတိန်နိုင်ငံကပေးအပ်မည့်(၂၀၁၄-၂၀၁၅)ပညာသင်နှစ်အတွက် ရှီးဗနင်း ပညာတော်သင်ဆုကို မြန်မာနိုင်ငံသား သင်တန်းသားများ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်း ထုတ်ပြန်ထားသည်။

ယခုလျှောက်လွှာခေါ်ယူနေသော ရှီးဗနင်းပညာတော်သင်ဆု အစီအစဉ်အရ လူ့အခွင့်အရေး/ ဒီမိုကရေစီနှင့်အုပ်ချုပ်ပုံ စနစ်ကောင်း၊ နိုင်ငံရေး/နိုင်ငံရေးသိပ္ပံ/ ဘောဂဗေဒနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ပဋိပက္ခဖြေရှင်းခြင်းနှင့် ကာကွယ်တားဆီးခြင်း၊ သဘာဝပတ်ဝန်းကျင် ၊ သတင်းပညာ/လူထုဆက်သွယ်ရေးပညာ၊ ပညာရေးစသော ဘာသာရပ်များနှင့် ပတ်သက်သော မဟာဘွဲ့များအတွက် တက်ရောက်ခွင့်လျှောက်ထား နိုင်မည်ဖြစ်သည်။

ပညာတော်သင်ဆုတွင် ဗြိတိန်ပြည်ဝင်ခွင့်၊ ဗြိတိန်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ်၊ (တစ်နှစ်တွင်စတာလင်ပေါင် ၁၂,၀၀၀ထက်မပိုသော)ကျောင်းလခအားလုံး၊ လစဉ်ထောက်ပံ့ ကြေးငွေနှင့် စရိတ်များ ပါဝင်မည်ဖြစ်သည်။ရှီးဗနင်း ပညာတော်သင် ကျောင်းသားများအတွက် အသက်ကန့်သက်ချက်မရှိကြောင်းနှင့် လူနည်းစု တိုင်းရင်းသားများ၊ မသန်စွမ်းသူများလည်း ပညာတော်သင်ဆု လျှောက်ထား နိုင်ကြာင်းသိရသည်။

လျှောက်ထားရမည့် နောက်ဆုံးရက်ကတော့(၂၀၁၃) ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ဖြစ်သည်။အသေးစိတ်အချက်အလက်များကို www.chevening.org တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဗြိတိန်ရှိ တက္ကသိုလ်များနှင့်အခြားပညာရေး အဖွဲ့အစည်းများတွင် တစ်နှစ်ကြာ သင်ကြားရမည့်မဟာဘွဲ့များအတွက် ရှီးဗနင်း ပညာတော်သင်ဆုများကို ချီးမြင့်ခြင်းဖြစ်ကြောင်း၊ (၂၀၁၂-၂၀၁၃)စာသင်နှစ်တွင် မြန်မာပညာတော်သင် ကျောင်းသား(၅)ဦးသည်လန်ဒန် စီးပွားရေးနှင့်နိုင်ငံရေးသိပ္ပံကျောင်း၊ လိဒ်စ်တက္ကသိုလ်၊ ဆပ်ဆက်(ခ်)(စ်)တက္ကသိုလ်နှင့် အရှေ့အိန်ဂျလီယာ တက္ကသိုလ်များတွင် နိုင်ငံရေး သဘောတရားဘာသာရပ်၊ အစိုးရနှင့်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်နှင့် လူထုကျန်းမာရေးဘာသာရပ်များ အတွက် မဟာဘွဲ့ သင်တန်းများတက်ရောက်သင်ယူနေကြောင်း၊ ရှီးဗနင်း ပညာတော်သင်ဆုများကိုမြန်မာအတတ် ပညာရှင် လူငယ်(၃၇)ယောက်ပြီး မြောက်အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Skynet News

http://www.chevening.org/