Home » » မြစ်ရေကြီးမှုကြောင့် ဧရာဝတီတိုင်းက ရွာတချို့နစ်မြုပ်

မြစ်ရေကြီးမှုကြောင့် ဧရာဝတီတိုင်းက ရွာတချို့နစ်မြုပ်

Written By Unknown on Friday, September 20, 2013 | 9:23 AM

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတွေ ရေနစ်မြုပ်နေတဲ့အတွက် ဒေသခံတွေကို ကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွေ့ခိုင်းလိုက်ပြီ လို့သိရပါတယ်။

အခုဆိုရင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ၂ ပေမြင့်တက်လာပြီး ဆက်လျက်မြင့်တက်ဖို့ ရှိတဲ့အတွက် ဒေသခံတွေက ရေဘေး အရေးပေါ်ကယ်ဆယ်မှုတွေကို စက်တင်ဘာလ ၁၉ရက်နေ့က စပြီး လို့ ဆိုပါတယ်။

အခုရေစတင်နစ်မြုပ်နေတဲ့ နေရာဖြစ်တဲ့ စစ်ကုန်းအုပ်စု ရေလယ်သောင်ကျေးရွာဟာ မြေနိမ့်ပိုင်းမှာ ရှိ တဲ့အတွက် နှစ်စဉ် မြစ်ရေတက်မှုဒဏ် ခံစားခဲ့ရပေမယ့် ဒီနှစ် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်လာတဲ့အတွက် ရွာသားတွေနဲ့အတူ အိမ်မွေးတိရိစ္ဆာန်နဲ့ ကျွဲ၊ နွား၊ ဝက်တွေကို ရေဘေးကင်းလွတ်မဲ့ ကယ်ဆယ်ရေးစခန်းတွေကို ယာယီရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ကုန်းကျေးရွာ ဒေသခံ အုပ်ချုပ်ရေးမှူး ဦးကျော်သူရက ပြောပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။

လက်ရှိ ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်ထားပြီး အိမ်ထောင်စုပေါင်း ၁၀၀ လောက်နဲ့အတူ ကျွဲနွားနဲ့ အိမ်မွေးတိရိစ္ဆာန် ၆၀ လောက်ကို ရွှေ့ထားပြီးလို့ မြို့နယ်ဒုဦးစီးမှူး ဦးဝင်းဇော်ဦးက ဆိုပါတယ်။

အခုမြစ်ရေကြီးမှုဟာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က နာဂစ်မုန်တိုင်းဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးနဲ့ တူညီနေတဲ့အတွက် နောက်ထပ်ရေတက်မယ်ဆိုရင်တော့ မပြောင်းရွှေ့တဲ့ မိသားစုတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံ ရပ်ကွက်လူကြီးဟောင်း ဦးဌေးဝင်းကပြောတဲ့အကြောင်း မြစ်မခ သတင်းရသိရပါတယ်။

အခုမြစ်ရေကြီးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ချက် တစုံတရာမရှိသေးဘူးလို့လည်းသိရပါတယ်။

ABC Radio Australia