Home » » တစ်ပေပတ်လည် စံသတ်မှတ်နှုန်းဂယက် စက်မှုဇုန်မြေ အရောင်းအဝယ်တန့်

တစ်ပေပတ်လည် စံသတ်မှတ်နှုန်းဂယက် စက်မှုဇုန်မြေ အရောင်းအဝယ်တန့်

Written By Unknown on Monday, September 30, 2013 | 4:05 PM

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်မြို့တော်တွင် တစ်ပေပတ်လည် မြေဈေးစံနှုန်းများကို သတ်မှတ်လိုက်ခြင်းကြောင့် စက်မှုဇုန် ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်လျက် ရှိကြောင်း အိမ်၊ ခြံ၊ မြေ စေ...ျးကွက်အတွင်းမှ သိရသည်။

အဆိုပါ စက်မှုဇုန် ဈေးကွက် အတွင်းတွင် ဝယ်ယူမည့်သူထက် စောင့်ကြည့်သူ ပိုမိုများပြားလျက် ရှိကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။

စက်မှုဇုန် မြေဈေးကွက်များတွင် မြေကွက် ရှားပါးခြင်းနှင့် ခေါ်ဈေးမြင့်ခြင်း တို့ကြောင့် အရောင်းအဝယ် မရှိသလောက် ရှားပါးနေကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ သိရသည်။
“စံနှုန်းသတ်မှတ်ချက်ကို ဝယ်လက်ကြီးတွေကတော့ စောင့်ကြည့်နေကြတာ များတယ်။ တကယ်နေမယ့် သူတွေကတော့ ဝယ်ကြတယ်” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနိုင်မျိုးဦးက ပြောကြားသည်။

လက်ရှိ စက်မှုဇုန် အခွန်စံနှုန်းသတ် မှတ်ချက်များတွင် လှိုင်သာယာ စက်မှုဇုန်မှာ အမြင့်ဆုံးအနေနှင့် ကျပ်သိန်း ၁၄၅၀ မှ ၂၀၀၀ ထိ သတ်မှတ်ထားပြီး အနည်းဆုံး အနေနှင့် ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ ကျပ် သိန်း ၂၇၀ မှ ၇၀၀ ထိ သတ်မှတ်ထားကြောင်း ကာလတန်ဖိုး စိစစ်ထုတ်ပြန်ရေးရုံး၏ ထုတ် ပြန်ချက်အရ သိရသည်။

HMS

The Voice Weekly