Home » » ကော့သောင်း အကျဉ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွား တစ်ဦးသေ ခုနစ်ဦး ဒဏ်ရာရ

ကော့သောင်း အကျဉ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွား တစ်ဦးသေ ခုနစ်ဦး ဒဏ်ရာရ

Written By Unknown on Sunday, September 15, 2013 | 8:45 AM

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ် ၊ ၉ မိုင် အကျဉ်းထောင်တွင် စက်တင်ဘာလ ၁၃ ရက် ည ( ဂ ) နာရီ ခန့် က အကျဉ်းသား အခြင်းခြင်း ရန်ဖြစ် ရာမှ တဆင့် ရှုန်းရင်း ဆန်ခတ်ဖြစ် ကာ ထောင်အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍  အကျဉ်းသားများ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဆူပူအုံကြွမှုအား လုံခြုံရေးတပ်ဖွဲ့ မှ ပစ်ခတ်နှိမ်နင်းရာမှာ အကျဉ်းသား(၇)ဦး ဒဏ်ရာရရှိခဲ့ပြီး ၊ တဦး သေဆုံးခဲ့ပါသည်။

ဖြစ်စဉ် မှာ  အကျဉ်းဦးစီးဌာန ၊ (၉)မိုင် အကျဉ်းထောင်အတွင်း အချုပ်သား နှင့် အကျဉ်းသား ထိမ်းသိမ်း ထားရှိသည့် အဆောင်အမှတ် ( ၁  ) မှ  အကျဉ်း သား ( ၂ )  ဦး စကားများ ရန်ဖြစ်ကြရာမှ တဆင့် ရှုန်းရင်းဆန်ခတ် ဖြစ်ကြရာ အကျဉ်းသား တစ်ချို့ အဆောင် အမိုးသွပ် ပြားများကို ဖေါက်ထွက် ပြီးတံခါးများကို ချိုးဖျက်ကာ အဆောင်အပြင်ဖက်သို့ ထွက်ကြ၍ ထောင်တွင်း ဆူပူမှု ဆက်လက်ဖြစ်ပွားခဲ့သဖြင့် ထောင်အမှုထမ်းများ ၊နယ်မြေခံရဲတပ်ဖွဲ့များ မှ သေနတ်နဲ့ ခြောက်လှန့် ပစ်ဖေါက် ထိမ်းသိန်း ခဲ့ရာ ည( ၁၀ ) နာရီခန့်တွင် အခြေအနေမှာ တည်ငြိမ်မှု ပြန်လည် ရရှိခဲ့သည်။

ဆူပူမှု ထိမ်းသိန်း ခြင်း ဖြစ်စဉ်တွင် အကျဉ်းသား  ( ၇  )ဦး မှာ လက်မောင်း၊ခြေတောက်၊ ရင်အုံ
၊ဦးခေါင်း နှင့် တင်ပါး တို့တွင် ဒါဏ်ရာအသီးသီး ရရှိခဲ့ပြီး ဌေးငယ် ဆိုသူ အချုပ်သား(၁)ဦး သေဆုံးသွားကြောင်း၊  ဒါဏ်ရာရရှိသူများကို ကော့သောင်းဆေးရုံကြီးတွင် တင်ထားပြီး  ကော့သောင်းဆေးရုံတွင် ကုသမနိုင်သည့် လူနာများအား မြိတ် ၊  ထားဝယ် သို့မဟုတ် ရန်ကုန်ဆေးရုံများသို့ ပို့ဆောင်ကုသပေး ရန် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို  မှ (၁၄)ရက်နေ့ ညနေက ကော့သောင်း ဆေးရုံ ကိုရောက်ရှိလာပြီး  မှာကြား သွားကြောင်း ကော့သောင်းနယ်ခံများထံမှ သိရှိရပါသည်။

ကော့သောင်းသတင်းသမား  

by Myanmar News Now