Home » » ဓာတုလက်နက် အပ်နှံဖို့ ရုရှားကမ်းလှမ်းတာကို ဆီးရီးယားနဲ့ ကန်တို့ ကြိုဆို

ဓာတုလက်နက် အပ်နှံဖို့ ရုရှားကမ်းလှမ်းတာကို ဆီးရီးယားနဲ့ ကန်တို့ ကြိုဆို

Written By Unknown on Tuesday, September 10, 2013 | 6:55 AM

ဆီးရီးယားနိုင်ငံတွင်းမှာရှိတဲ့ ​ဓာတုလက်နက်တွေကို ​နိုင်ငံတကာ ​စောင့်ကြည့်လေ့လာရေးအဖွဲ့ဆီ ​အပ်နှံ ​ဖျပ်ဆီးဖို့ ​ရုရှား ​အစိုးရက ​ကမ်းလှမ်းတာကို ​အမေရိကန်အစိုးရအပါအဝင် ​ဆီးရီးယားနိုင်ငံကပါ ​ကြိုဆိုလိုက်ပါတယ်။

အမှန်မှာတော့ ​ဆီးရီးယားအစိုးရကနေ ​ဓာတုလက်နက်တွေကို ​ဖျက်ဆီးလိုက်မယ်ဆိုရင် ​အမေရိကန် ​အစိုးရအနေနဲ့ ​ဆီးရီးယားနိုင်ငံကို ​ဝင်မတိုက်ဘူးလို့ ​အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီး ​ဂျွန်ကယ်ရီက ​အမှုမဲ့ ​ပြောဆိုပြီးနောက် ​အဲဒီစကားကို ​ရုရှားအစိုးရက ​အတည်ယူပြီး ​ဓာတုလက်နက်ဖျက်သိမ်းလိုက်ဖို့ ​ဆီးရီးယားကို ​ကမ်းလှမ်းလိုက်တာကို ​သက်ဆိုင်ရာ ​နိုင်ငံတွေအပါအဝင် ​နိုင်ငံတကာကပါ ​ကြိုဆိုလိုက်တာ ​ဖြစ်ပါတယ်။

ဆီးရီးယားရဲ့ ​ဓာတုလက်နက် ​အပ်နှံ ​ဖျက်သိမ်းရေးနဲ့ ​ပတ်သက်ပြီး ​အမေရိကန်နဲ့ ​ရုရှားနိုင်ငံတို့ ​ဆွေးနွေးနေကြပြီ ​ဖြစ်ပေမယ့် ​အမေရိကန်အစိုးရအနေနဲ့ ​ဆီးရီးယားအပေါ် ​သံသယတွေ ​ရှိနေဆဲပဲလို့ ​အမေရိကန် ​လုံခြုံရေးဆိုင်ရာ ​အကြံပေးပုဂ္ဂိုလ်က ​ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီးကတော့ ​ရုရှားနိုင်ငံရဲ့ ​ကမ်းလှမ်းချက်ကို ​ကြိုဆိုကြောင်း ​ဒီနည်းလမ်းက ​အမေရိကန်နိုင်ငံအနေနဲ့ ​ဆီးရီးယားနိုင်ငံကို ​ဝင်ရောက်တိုက်ခိုက်တာကို ​ရှောင်ရှားနိုင်တဲ့ ​နည်းလမ်းဖြစ်တယ်လို့ ​ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ​ခေါင်းဆောင်ကတော့ ​ဓာတုလက်နက် ​အသုံးမပြုရဘူးလို့ ​ဆက်လက်ငြင်းဆိုနေပြီး ​သက်သေအထောက်အထားတွေပြဖို့ ​စိန်ခေါ်လိုက်ပါတယ်။

အမေရိကန်အနေနဲ့ ​ဆီးရီးယားကို ​ဝင်တိုက်မယ်ဆိုရင် ​တုန့်ပြန်မှုတွေ ​မျော်လင့်ထားဖို့လည်း ​ဆီးရီးယားက ​သတိပေးထားပြီး ​ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​အသင့်ပဲလို့ ​ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ​ဂျွန်ကယ်ရီကတော့ ​ဆီးရီးယားအစိုးရကနေ ​မိမိပြည်သူတွေကို ​သတ်ဖြတ်နေတာတွေ ​ရပ်တန့်ဖို့ ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေလုပ်ဖို့ ​လိုအပ်တယ်လို့ ​ပြောထားပါတယ်။

ရုရှားနိုင်ငံကတော့ ​အမေရိကန်ကနေ ​ဆီးရီးယားကို ​ဝင်တိုက်မယ်ဆိုရင် ​အကြမ်းဖက်မှုတွေ ​ပိုပေါက်ပွားလာမယ်လို့ ​သတိပေးထားပါတယ်။

ABC Radio Australia