Home » » ကလေးမြို့၊ တာဟန်းဈေးအတွင်း သံဃာတစ်ပါး သူရာမေရယ သုံးစောင်နေသဖြင့် ဥပဒေအရ အရေးယူခံရ

ကလေးမြို့၊ တာဟန်းဈေးအတွင်း သံဃာတစ်ပါး သူရာမေရယ သုံးစောင်နေသဖြင့် ဥပဒေအရ အရေးယူခံရ

Written By Unknown on Sunday, September 22, 2013 | 5:09 AM

ကလေး၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းဈေး၌ ယခုလ ၂၀ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က အရက်သေစာသောက်စား၍ သင်္ကန်းဝတ်ကြီးဖြင့် လိုက်လံအလှူခံနေသည့်အတွက် သာသာနာတော်အား ညိုနွမ်းစေသည်ဟုဆိုကာ နေသာကျောင်းတိုက်ဆရာတော် ဥူးဓမ္မိကမှ ထိုသူ အား ဥပဒေနှင့်အညီအရေးယူပေးရန် ရဲထံ၌ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်ကြားချက်အား ကလေးမြို့မရဲစခန်း ရဲအရေးမပိုင် အမှတ်စဉ် ၉/ ၂၀၁၃ ပုဒ်မ ၂၉၅(က) အရ ရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ အရေးယူခံရသည့် သံဃာတော်မှာ ဂန့်ဂေါမြို့နယ်၊ မြင်သာကျေးရွာ၊ တရနာမာန်အောင် ကျောင်းတိုကမှ ဥူးဝေဂိန္ဒ(ခ)ဦးကျော်လွင်(ခ) ဦးမောင်ငယ် အသက်(၆၀)နှစ်ဝါတော်(၂)၀ါ သာသနာဝင်အမှတ်(မရှိ)ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ပေါ်ရှိ လူစည်ကားရာနေရားများ၌ အလားတူကိစ္စရပ်များရှိနေသ်ာလည်း ယနေ့ထိတိုင်အောင် အရေးယူဆောင်ရွက်မှုများ မပြုလုပ်သေးကြောင်း သိရသည်။

Monywa Times