Home » » ငါန်းဇွန်မြို့ ကျေးရွာ ၁၂ရွာမှ လယ်များအား ပုဂ္ဂလိက ကုမ္ပဏီမှ မြေထိုးစက်ဖြင့် ထိုးကော်ဖျက်ဆီးသိမ်းယူ

ငါန်းဇွန်မြို့ ကျေးရွာ ၁၂ရွာမှ လယ်များအား ပုဂ္ဂလိက ကုမ္ပဏီမှ မြေထိုးစက်ဖြင့် ထိုးကော်ဖျက်ဆီးသိမ်းယူ

Written By Unknown on Tuesday, September 3, 2013 | 2:05 PM

မန္တလေး တိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်း ဇွန်မြို့နယ် မြို့သာစက်မှုဇုန်စီမံ ကိန်းနှင့်ပတ်သက်၍ ဒေသခံကျေး ရွာ ၁၂ရွာမှ လယ် ၄၀ဝခန့် မြေ လက်ကျန်အား ကုမ္ပဏီကြီးတစ်ခု မှ စက်ယန္တရားကြီးများဖြင့်လာ ရောက်၍ ပဲစင်းငုံစိုက်ခင်းများအား ထိုးကော်ဖျက်ဆီးမှုများ ပြုလုပ် ကာ ၎င်းနေရာမှအကွက်များအား ကုမ္ပဏီမှ သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသခံ နဝရတ်ရွာသားလည်း ဖြစ် အကွက်ပိုင်ရှင်လည်း ဖြစ်သူ ဦးစိုးညွန့်က မိမိတို့မှာထမင်းတစ် လုပ်စားဖို့အတွက်မျှပင် စိုက်ပျိုး မြေများမကျန်တော့ပါကြောင်း၊ ယခင်ကလည်း ကုမ္ပဏီနှင့် ဒေသ အာဏာပိုင်တို့၏ အလိုကျ၊ စိတ် တိုင်းကျ တောင်းဆိုသော လယ်ယာ မြေများအပ်နှံပေးခဲ့ ပြီးဖြစ်ပါ၍ ယခု စိုက်ပျိုးထားသော ၎င်း၏မြေ ကွက် လယ်ကွက်အား သိမ်းဆည်း ခြင်း မပြုပါရန် တောင်းပန်တိုးလျှိုး ရာ မရသဖြင့် ၎င်း၏လယ်ယာမြေ ကွက်အားဖျက်ဆီးထိုးကော်နေ သော ဘူလ်ဒိုဇာစက်ကြီးရှေ့သို့ တုံးလုံးပစ်လှဲချကာ အကြိတ်ခံ အသေခံကာ တောင်းပန်သဖြင့် မောင်းနှင်နေဆဲဘူလ်ဒို ဇာစက် ကြီးမှာ ရှေ့ဆက်တိုးမမောင်းတော့ ဘဲ စက်သတ်ကာလုပ်ငန်းများ ခေတ္တရပ်ဆိုင်းလိုက်ရမှု ဖြစ်ပွား ခဲ့သည်။

''အခု ၂၀၁၃ ခုနှစ် ဩဂုတ် ၂၉ ရက်ကဖြစ်တာပါ။ ကျွန်တော် တို့နယ်က အရင်စစ်အစိုးရ လက် ထက်မှာ လယ်မြေတွေ အသိမ်း ခံရတာ မဟုတ်ပါဘူး။ ဒီဘက် ခေတ်အစိုးရသစ်လက်ထက်ကျမှ အသိမ်းခံရတာပါ။ သူတို့သုံးတဲ့ စကားလေးတွေက လှပါတယ်။ စက်မှုဇုန်မှာ စက်ရုံအလုပ်ရုံတွေ အခုလို တည်ဆောက်ခြင်းအားဖြင့် ဒေသခံပြည်သူတွေအတွက် အ လုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ်ပေါ့။ စီမံကိန်း ကာလက ၁၅ နှစ် စီမံကိန်းလို့ပြော တာပဲ။ နောင် ၁၅ နှစ်နေမှ စက်ရုံ တွေ တကယ်လည်ပတ်တော့မှ အ လုပ်ရကြမယ့်ကိစ္စအတွက် ကျွန် တော်တို့ဒေသခံတောင်သူလယ် သမားပြည်သူတွေအားလုံး လက် ငုတ် လက်ရှိမြေယာတွေ ဆုံးရှုံးပြီး အလုပ်လက်မဲ့နဲ့ ဟိုရောက်၊ ဒီ ရောက်နဲ့ ဘဝတွေပျက်ကုန်ကြပြီ။ စိုက်ပျိုးရေးအတွက် လယ်မြေမရှိ တော့တဲ့ဘဝတွေ၊ မွေးမြူရေးအ တွက် စားကျက်မရှိတော့တဲ့ အခြေ တွေ ရောက်ကုန်၊ ဆိုက်ကုန်ကြပြီ။ သမ္မတကြီးက ဆင်းရဲမွဲတေမှု စီ မံချက်တွေ အကောင်အထည်ဖော် နေပေမယ့် ကျွန်တော်တို့မှာတော့ လယ်မြေတွေကို စက်မှုဇုန်အ ကြောင်းပြပြီး လယ်မြေကတ်ကတ် သတ်သတ်လေးတောင် ပေးမချန် ကြတော့ဘူး။ ကျွန်တော်တို့ မဲပေး ရွေးချယ်တင်မြှောက်လိုက်ကြတဲ့ တိုင်းဒေသကြီး လွှတ်တော် အ မတ်နှစ်ဦး ဦးမြတ်သူနဲ့ ဦးကျော် တင့်တို့ ကိုယ်တိုင်ကလဲ ကျွန်တော် တို့ တောင်သူတွေဘက်မှာ မရှိကြ ဘူး။ သူတို့ကိုယ်တိုင် ကုမ္ပဏီကလူ တွေနဲ့ အတူတွဲထိုင်ပြီး မြေတူးစက် ကြီးတွေနဲ့ ကျွန်တော်တို့ရဲ့'အစာ အိမ် (လယ်ယာစိုက်ခင်းတွေကို)'ကို နင်းချေနေတာ၊ ဖျက်ဆီးတာ ကိုအားပေးကြည့်ရှုနေကြတယ်''ဟု တောင်ငူမြို့တွင် ခေတ္တရောက် ရှိနေသော အသက် ၅၁နှစ်အရွယ် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် နဝရတ်ကျေးရွာနေ ဦးရီ သန်းက သတင်းထောက်များကို ပြောသည်။

ယင်းက ဆက်လက်၍ ''သူ တို့သတ်မှတ်ပေးချေတဲ့ နစ်နာကြေး၊ လျော်ကြေးငွေကိုပဲ လက်ခံခဲ့ကြ တယ်။ တစ်ရွာလုံး အိမ်ခြေ ၅၀ လောက်ရှိပေမယ့် ခေတ်ပညာတတ် ဆယ်တန်းအောင်၊ ဘွဲ့ရတစ်ဦးမှ မရှိဘူး။ ဒီတော့ဥပဒေတွေကိုလဲ ကြောက်ကြတာနဲ့ မြို့နယ်အုပ် ချုပ်ရေးမှူးနဲ့ ကုမ္ပဏီလူကြီးတွေ အလိုကျဖြစ်စေခဲ့တယ်။ လယ်မြေ တွေကိုအပ်ပေးပြီး အသိမ်းခံခဲ့ တယ်။ ဒါပေမဲ့ ရွာပတ်ပတ်လည် ကွင်းလှကွင်းမြေဧက ၄၀ဝလောက် ကလေးကိုတော့ ရွာသူရွာသား တွေရဲ့ ဝမ်းစာလေး၊ စိုက်ပျိုးစား သောက်လုပ်ကိုင်ဖို့လေးချန်ထား ပေးဖို့ စက်မှုဝန်ကြီးလာရောက် စဉ်ကတင်ပြခဲ့တော့ မြို့နယ်အုပ် ချုပ်ရေးမှူးက ကွင်းလှကွင်းက စက်မှုဇုန်ထဲမှာ မပါဘူး။ မသိမ်း ဘူးလို့ပြောခဲ့ပြီး ဒီကနေ့ဩဂုတ် ၂၉ရက်မှာ စက်ယန္တရားကြီးတွေနဲ့ လာပြီး စိုက်ခင်းတွေကို ဖျက်ဆီး တော့တာပဲ''ဟု ဦးရီသန်းက သတင်း ထောက်များအားပြောသည်။

ဦးရီသန်းနှင့် နဝရတ်ရွာမှ လယ်သမား ၁၅ဦးခန့်သည် ၎င်း တို့၏ ရွာပတ်ပတ်လည်ကွင်းလှ စိုက်ပျိုးမြေဧက ၄၀ဝခန့်အား ရွိုင်ရယ်ဟိုက်တက်ကုမ္ပဏီမှ ထပ် မံလာရောက်သိမ်းယူမည့်ဘေးမှ ကင်းလွတ်စေရန် သက်ညှာစောင့် ရှောက်မှုပေးနိုင်သော နိုင်ငံတော် သမ္မတကြီးနှင့် အကြီးအကဲများထံ ဆက်လက်တင်ပြ အသနားခံသွား မည်ဖြစ်ကြောင်းသိရသည်။

ကိုဆွေ၊တောင်ငူ၊ စက်တင်ဘာ(၂)
Yangon Media Group