Home » » စစ်တွေ ရေချမ်းပြင်တွင် လူငယ်တစ်ဦး အသတ်ခံရ

စစ်တွေ ရေချမ်းပြင်တွင် လူငယ်တစ်ဦး အသတ်ခံရ

Written By Unknown on Tuesday, September 3, 2013 | 6:01 AM

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာမှ လူငယ်တစ်ဦးကို လည်ပင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ တွေ့ရှိရသည်ဟု သတင်း ရရှိသည်။

သေဆုံးသူ လူငယ်မှာ အသက် ၂၂ နှစ် အရွယ်ရှိ (ဘ) ဦးသင်္ကြန်အောင်၊ (မိ)  ဒေါ်ဖြူမချေတို့၏ သား ကိုဇော်ဇော် ဖြစ်ကြောင်း ရေချမ်းပြင်ကျေးရွာသားများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ လူငယ်သည် ယမန်နေ့ နံနက် ၁၀ နာရီကတည်းက ပျောက်ဆုံးသွားပြီး ယနေ့နေ့လယ် (၃) နာရီ အချိန်တွင် သူ၏ အလောင်းကို ရေချမ်းပြင် ကျေးရွာ အနီးတည်ရှိသော ခတင်ပိုက် ဘင်္ဂလီ မူဆလင်ကျေးရွာ အနီးရှိ မီးရထားလမ်းဘေး ချောင်းအနီးတွင် ရှာဖွေ တွေ့ရှိသည်ဟု သိရသည်။

သူ့၏ ဦးခေါင်းနှင့် လည်ပင်းတွင် ဓါးဒဏ်ရာများ တွေ့ရှိရသည်ဟု သိရသည်။

ယခုအခါ သူ၏ အလောင်းကို စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်သွားပြီ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

၎င်းလူငယ်သည် ရေချမ်းပြင်ကျေးရွာတွင် ကျောက်ချ ရပ်နားထားသော ရေတပ် သင်္ဘောဘေးရှိ ဒီရေရောက်တောတွင် ပြားသီး ဆွတ်ခူးရန် သွားရာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ကိုဇော်ဇော်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ပြီး မိဖနှစ်ဦးအား ကြုံရာ အလုပ်ဖြင့် အလုပ်အကျွေးပြုနေသူဟု သိရသည်။

ယခုအခါ အဆိုပါ လူငယ် သေဆုံးမူနှင့် ပတ်သက်ပြီး စစ်တွေရဲမှ သေမူသေခင်းဖွင့်ကာ စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

အလားတူ သြဂတ်စ်လ ၂၄ ရက် နေ့ကလည်း ပေါက်တောမြို့နယ် မုညင်းကိုင်းကျေးရွာမှ အသက် ၄၁ နှစ် အရွယ် မလှသန်းစိန်သည် မုညင်းကိုင်း အောက်ရွာနှင့်  ကြိမ်နီပြင် ဘင်္ဂလီ ဒုက္ခသည် စခန်းအနီးရှိ ညောင်ပင်ချိုင် ချောင်းစပ်တွင် အသတ်ခံခဲ့ရသည်။

(နိရဉ္စရာ- ၂ စက်တင်္ဘာ ၂၀၁၃)