Home » » ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်အစည်းအရုံး ပူးပေါင်းစီစဉ်သည့် သုံးလောင်းပြိုင် လူသတ်မှုရုပ်သံ ကန့်ကွက်ခံရ

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်အစည်းအရုံး ပူးပေါင်းစီစဉ်သည့် သုံးလောင်းပြိုင် လူသတ်မှုရုပ်သံ ကန့်ကွက်ခံရ

Written By Unknown on Wednesday, September 11, 2013 | 1:47 PM

ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တို့၏  ပူးပေါင်းစီစဉ်မှုဖြင့် အောက်တိုဘာ (၁) ရက်တွင် ကျရောက်မည့် (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ဂုဏ် ပြုထုတ်လွှင့် ပြသမည်ဖြစ်သော “လွတ်လမ်းမရှိ” ရွှေပြည်သာ(၃) လောင်းပြိုင်လူသတ်မှုရုပ်သံနှင့် ပတ်သက်၍ တရားခံအမှတ်(၁) အဖြစ် ပြစ်ဒဏ်ချမှတ်ခံထားရ သူ၏ဇနီးဖြစ်သူက ၂၀၁၃ခုနှစ်  စက်တင်ဘာ (၆)ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင် စုဝန်ကြီးထံလိပ်မူ၍ ကန့် ကွက်စာပေးပို့ခဲ့ကြောင်း သိရှိရ သည်။

““ဒီ(၃)လောင်းပြိုင် လူသတ် မှုနဲ့ ပတ်သက်ပြီး စဖြစ်တာက ၂.၇.၂၀၀၆ မှာဖြစ်တယ်။ရွှေ ပြည်သာ (၁၆)ရပ်ကွက်မှာပါ။ အဲ ဒီတုန်းက ခုတရားခံ အမှတ်(၁) အဖြစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကျွန်မအမျိုးသားက အခင်းဖြစ် ရာမှာရှိမနေပါဘူး။ ကချင်ပြည် နယ် ဖားကန့်ကို ရောက်နေတာ ပါ။ အဲဒီလူသတ်မှုဖြစ်ပြီး (၅)နှစ် အကြာ ၈.၈.၂၀၁၁မှာ ကျွန်မ အမျိုးသားဖမ်းခံရတယ်။ပြီးတော့ မြောက်ပိုင်းခရိုင် တရားရုံးက စစ်ဆေးပြီး တစ်ကျွန်းပြစ်ဒဏ်ချ မှတ်ခဲ့တယ်။ဒီစီရင်ချက်ကို မကျေ နပ်လို့ တိုင်းဒေသကြီးတရားလွှတ် တော်ကို အယူခံဝင်တော့လည်း အမှုကိုကြားနာပြီး (၃)လအကြာ မှာ ပလပ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီးပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အယူခံ တင်ဖို့ စီစဉ်နေချိန်မှာ ကျွန်မ အမျိုးသားကို တရားခံအဖြစ် ပြစ် ဒဏ်ချမှတ်ထားတဲ့အမှုကို လာ မယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဂုဏ် ပြုဇာတ်လမ်းရိုက်မယ်တဲ့။ ခုဟာ က အဖြေတစ်ခုဘာမှ တိတိကျ ကျထွက်မခင်မှာ ဒီလိုရုပ်ရှင်ရိုက် လိုက်ရင် ကျွန်မ အမျိုးသားကပဲ ဒီအမှုကိုတကယ်ကျူးလွန်သလိုလို ဖြစ်သွားမှာ။ ဒါကြောင့် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဆီကို ဒီရုပ်သံဇာတ်လမ်း နဲ့ ပတ်သက်ပြီး ကန့်ကွက်စာပို့ တာပါ”” ဟု သုံးလောင်းပြိုင် အမှု တရားခံ အမှတ်(၁)အဖြစ် ပြစ် ဒဏ်ချမှတ်ခံထားရသူ ဦးကျော် မင်း၏ဇနီးက  ပြောသည်။

အဆိုပါ ကန့်ကွက်လွှာကို ကာယကံရှင်၏ ဇနီးဖြစ်သူ ဒေါ် လီသင်းသင်းနွယ်က၆.၉.၂၀၁၃  ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ကန့်ကွက်လွှာနှင့်၊ အသနားခံစာ တင်ပြထားခဲ့ပြီးယင်း၏ပြောကြား ချက်အရအမှုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော် သို့ တင်သွင်းမည့်ပြင်ဆင်မှုကို ပလပ်သည်ဟုဆိုစေကာမူ ကာယ ကံရှင်၌ ပြစ်မှုဆိုင်ရာ (အထူး) အထွေထွေလျှောက်လွှာတင်သွင်း ခွင့်နှင့်စာချွန်တော် တင်သွင်းခွင့် တို့ အဆင့်ဆင့် ကျန်ရှိနေသေး ကြောင်း၊ အဆိုပါရုံးအဆင့်ဆင့် က နောက်ဆုံးပလပ်မှသာတရား ခံဟု ပြစ်ဒဏ်ချမှတ်ခံထားရသူ အတွက်ဥပဒေအရ အခွင့်အရေး ကုန်ဆုံးမည်ဖြစ်သဖြင့် သတ်မှတ် ပြစ်ဒဏ် ကျခံစေရန်နှင့် မှုခင်း ဇာတ်လမ်းရိုက်ကူး၍လည်းရမည် ဖြစ်ကြောင်းယင်းကထပ်လောင်း ပြောကြားသည်။

ခန့်ခန့်(ဒဿနိက)

The Hot News Weekly