Home » » ၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်

၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်

Written By Unknown on Monday, September 16, 2013 | 2:52 PM

အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကိုသတ်သေခဲ့မှုတစ်ခု ဒဂုံတောင်မြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင် ထားသည်ကို မြို့နယ်ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။

ထို့ကြောင့် သွားရောက်စစ်ဆေးအတည်ပြုခဲ့ရာ သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးတင်မောင်ဖြစ်ပြီး နေအိမ်အောက်ထပ် ဧည့်ခန်းအတွင်း အမြင့်ခြောက်ပေကျော်ရှိသော ထုတ်တန်းတွင် အစိမ်းရောင် ပလစ်စတစ်ကြိုးကို လည်ပင်းတွင်ကြိုးကွင်းစွပ်ပြီး ဒူးထောင်လျက် အနေအထားဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကဆိုထားသည်။

ပတ်ဝန်းကျင်ရှိသူများအား စစ်ဆေးရာတွင် ၎င်းအမျိုးသားသည် နေအိမ်အောက်ထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိထားရသည်ဟုဆိုသည်။ အလောင်းကို စစ်ဆေးရာတွင်လည်း အခြားပြင်ပဒဏ်ရာများ မတွေ့ရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်စစ်ဆေးလျက်ရှိသည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအမှုကို အမှန်တကယ် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟုတ်၊ မဟုတ် ဆက်လက်စစ်ဆးမည်ဖြစ်သဖြင့် မြို့နယ်ရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဒုရဲမှူး အောင်ဆန်းဦးက စစ်ဆေးနေကြောင်း ရဲဌာနကထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese