Home » » ကသာမြို့အနီး ဧရာဝတီမြစ်ရေတက်မှုကြောင့် ရပ်ကွက်အခိျု့ရှိ လူနေအိမ်များ ရေနစ်မြှုပ်နေ

ကသာမြို့အနီး ဧရာဝတီမြစ်ရေတက်မှုကြောင့် ရပ်ကွက်အခိျု့ရှိ လူနေအိမ်များ ရေနစ်မြှုပ်နေ

Written By Unknown on Friday, September 13, 2013 | 3:56 PM

ကသာ ၊ စက်တင်ဘာ ၁၂။      ။ စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် က သာမြို့ (၁၀)ရပ်ကွက် အတွင်းသို့ စက်တင်ဘာ ၇ ရက် နံနက် ၁နာရီ မှစတင်ကာ မြစ်ရေတက်မှုကြောင့် စက်တင်ဘာ ၁ဝရက် ညနေ ၅နာ ရီတွင် မြစ်ရေလွှမ်းကာ လူနေ အိမ်အခိျု့မှာ ရေမြုပ်လျက်ရှိနေ ကြောင်း သိရသည်။

''မြစ်ရေက ကျွန်တော်တို့ ကသာခရိုင် မိုးလေဝသနဲ့ ဇလ ဗေဒဦးစီးဌာနက တိုင်းတာချက် အရကတော့ စက်တင်ဘာ ရ ရက် နံနက် ၁နာရီကစတင်မြစ်ရေ တိုးခဲ့ပါတယ်။ အဲဒီနေ့ကတော့ စင်တီမီတာ ၉၂၀ လောက် မြင့် တက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း မှာတော့ မြစ်ရေဟာ တဖြည်း ဖြည်း နေ့စဉ်ရက်ဆက်ဆိုသလို မြင့်တက်လာတယ်။ စက်တင် ဘာ ၁ဝရက် ညနေ ၅နာရီမှာ တော့ ၁၀၄၂ စင်တီမီတာအထိ တက်ခဲ့တယ်။ အဲဒီနေ့ကတော့ စိုးရိမ်ရေမှတ်ကို ကျော်လွန်သွား ပါတယ်။ အခုက တော့ မြစ်ရေ က တဖြည်းဖြည်း ကျလာပြီဖြစ် တယ်။ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်မှာကတော့ ၁၀၂၆ စင်တီ မီတာအထိပဲ ရှိတော့တယ်။ ဒါ ကတော့ မြစ်ရေကျသွားပြီဖြစ်လို့ သိပ်ပြီးစိုးရိမ်စရာ မရှိတော့ပါဘူး'' ဟု ကသာခရိုင် မိုးလေ ဝသ နှင့် ဇလဗေဒဦးစီးဌာန ဦးစီးအရာရှိ ဦးသက်လွင်က ပြောပြခဲ့သည်။

ကသာမြို့ အနီးတွင်ရှိသော ဧရာဝတီမြစ်ရေသည် စက်တင် ဘာ ရရက်မှစတင်ကာ တဖြည်း ဖြည်း မြစ်ရေမြင့်တက်ခဲ့မှုကြောင့် စက်တင်ဘာ ၁၀ ရက်တွင် စိုးရိမ် ရေမှတ် ကျော်လွန်ခဲ့ပြီး ကသာ မြို့ (၁၀)ရပ်ကွက်ဖြစ်သော သဖန်း ကိုင်းရပ် တို့တွင် ရှိသော လူနေအိမ် အခိျု့မှာ မြစ်ရေလွှမ်းခြင်းခံရ ပြီး အိမ်များရေမြုပ်လျက်ရှိသော် လည်း ယခုအချိန်အထိ အဆိုပါ လူနေအိမ်များတွင်ရှိသော မိသား စုများကို ကယ်ဆယ်ရေးစခန်း များ သီးခြားဆောင်ရွက်ထားခြင်း မရှိသေး ကြောင်း သိရသည်။

''အခုဆိုရင် မြစ်ရေကျသွား ပြီဆိုပေမယ့် မြစ်ရေက များများ တော့မကျသေးဘူး။ ဘာကြောင့် လဲဆိုတော့ မြစ်ရေလျော့သွားတဲ့ အမှတ်အသားတွေကိုကြည့်ရင် ငါးလက်မလောက်ပဲလျော့သွား သေးတာ။ အခုဆိုရင် လူနေအိမ် တွေဟာ အောက်ထပ်တွေကိုရေ လွှမ်းနေလို့ သူတို့အိမ်ရဲ့ထုပ်တန်း ပေါ်တွေမှာ တစ်ဆင့်ပျဉ်တန်း လေးတွေထိုးပြီး ဖြစ်သလိုနေကြ ရတာ။ အစားအသောက်ကတော့ အတော်လေးဆင်းရဲနေပါသေး တယ်။ ကျွန်တော်တို့နေထိုင်တဲ့ ရပ်ကွက် (၁၀) သာမကဘူး။ က သာအောက်ဘက် တုံးပေါကျေး ရွာမှာရှိတဲ့ လူနေအိမ်တွေဟာလဲ ရေလွှမ်းပြီးနစ်မြုပ်နေလို့ ဒေသ ခံတို့သွားလာရေးမှာ စက်လှေတွေ နဲ့သွားလာနေကြရသလို လှေကူး တို့တွေငှားစီးပြီးမှလဲ သွားလာ နေကြရတယ်။ အခုလို ကျွန်တော် တို့ မြစ်ရေလွှမ်းလို့ ဒုက္ခရောက် နေတာကို သက်ဆိုင်ရာတာဝန် ရှိသူတွေက ဝိုင်းဝန်းကူညီပေးမယ် ဆိုရင်တော့ အတိုင်းနဲ့အလွန်ဝမ်း သာရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ အချိန်အထိ ကူညီမယ့်သူ ကမလာသေးပါဘူး''ဟု ကသာ မြို့ သဖန်း ကိုင်းရပ်နေ ဒေသခံတစ် ဦးက ပြောပြခဲ့သည်။

လေပွေနီ(အင်းတော်)

Yangon Media Group